
ဖက်ရှင်ဆိုတာ အတွဲအစပ်ကို လိုက်ဖက်အောင် တွဲတတ်မှ ကြည့်ကောင်းတာပါ။ ဒါ့အပြင် လူရဲ့ ခန္ဓာကိုယ် အချိုးအစားကို လိုက်ပြီး ဝတ်ဆင်တတ်မှသာ လှပတဲ့သူတစ်ဦး ဖြစ်လာမှာပါ။ ရှည်တဲ့သူကို ကလန်ကလား ပုံစံလို့ မမြင်အောင် ဝတ်ဆင်ဖို့ လိုသလို ပုတဲ့သူတွေကိုလည်း ပိုပုတယ်လို့ ထင်မသွားအောင် ဖက်ရှင်ရွေးချယ်မှုက အရေးပါနေပါတယ်။ အရပ်ပုတဲ့ ကောင်မလေးတွေအဖို့တော့ အခုလို ဖက်ရှင်တွေကို လုံးဝ မရွေးချယ်သင့်ပါဘူး။
(၁) ကန့်လန့်စင်း အဝတ်များ
အရပ်ပုတဲ့ သူတွေ အစင်းပါတဲ့ အဝတ်တွေ ရွေးချယ်မယ်ဆိုရင်တော့ ဒေါင်လိုက် အစင်းစိပ်စပ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အလျားလိုက် အစင်းတွေကို ရွေးတာကတော့ ကိုယ့်ရဲ့ ရှိနေတဲ့ အရပ်ကိုတောင် ပိုပြီး ပုသွားစေနိုင်ပါတယ်။ အရပ်ပုတာကို ပိုပြီး ပေါ်လွင်စေတာကြောင့် ဒီအစင်းကို မဝတ်ဆင်သင့်ပါဘူး။

shutterstock/HighKey
(၂) သရီးကွာတား စကပ်နဲ့ ဘောင်းဘီများ
ခြေသလုံး တစ်ဝက်လောက်ပဲရှိတဲ့ ဂါဝန်တွေက အရပ်ရှည်တဲ့ မိန်းကလေးတွေနဲ့ ပိုပြီး လိုက်ဖက်ပါတယ်။ အရပ်ပုတဲ့ သူတွေ ဝတ်ဆင်ရင်တော့ လှပြီး ကြည့်ကောင်းလာမှာ မဟုတ်ဘဲ ပုပျက်ပျက် အသွင်ကို ပိုပြီး ဖြစ်သွားစေပါတယ်။ ခြေသလုံးတစ်ဝက်ပဲ ရှိတဲ့ ဘောင်းဘီတွေလည်း အဲ့သလိုပါပဲ။ ဝပြီး ပုတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတတ်တာကြောင့် ရှောင်ကြဉ်ရမှာပါပဲ။

haritanita/Freepik
(၃) ဂါဝန်ရှည်
အရပ်ရှည်တဲ့သူတွေနဲ့ အတော်အသင့် အရပ်ရှည်တဲ့သူတွေကတော့ ဂါဝန်ရှည်နဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ အရပ်ပုတဲ့သူတွေကတော့ ဒေါက်ဖိနပ်ခပ်မြင့်မြင့်နဲ့ စီးရင် လိုက်နိုင်ပေမယ့်လည်း ဂါဝန်ရှည်က သင့်ခန္ဓာကိုယ်ကို နှစ်ပိုင်းကွဲပြီး သိသာသွားစေတာကြောင့် သင့်ကိုယ်အောက်ပိုင်းက ပုနေတာကို ပိုပြီး သိသာသွားစေနိုင်ပါသေးတယ်နော်။

Photo by Artem Beliaikin from Pexels
(၄) ဒူးကျဘောင်းဘီ
ဒူးကျဘောင်းဘီကလည်း မရွေးချယ်သင့်ပါဘူး။ အရပ်ပုတာကို သိသာစေပြီး သင့်ကို အချိုးမကျစွာ ဖြစ်နေစေတတ်တာမို့ ဒူးနဲ့ ကွက်တိကျတဲ့ ဘောင်းဘီတွေကို မရွေးချယ်ဘဲ ရှောင်ရှားရမှာ ဖြစ်ပါတယ်။ တကယ်တော့ အရပ်ပုတဲ့ ကောင်မလေးတွေအတွက်တော့ ဘောင်းဘီတိုလေးတွေနဲ့ စကပ်တိုလေးတွေက အလိုက်ဖက်ဆုံးပဲ ဖြစ်ပါတယ်။
View this post on Instagram
. Nanking,China From:Nanjingaipai (weibo:南京爱拍)
A post shared by
Chinesefashion
(@chinesestreetfashion_) on
Kham