Mask ဝတ်ရတဲ့အတွက် မိန်းကလေးတွေ မိတ်ကပ်ဘယ်လိုလိမ်းကြမလဲ
yoyarlay.com
|
2020-09-17



အခုလိုကပ်ရောဂါကာလအတွင်းမှာ Mask ဟာ ကိုယ့်ကိုယ်ကိုယ်ဘေးကင်းဖို့ ကာကွယ်ပေးမယ့်အရာလိုဖြစ်နေပါတယ်။ Mask တွေက ကိုဗစ်အန္တရာယ်ကနေ သင့်ကို ကာကွယ်ပေးနေတဲ့အတွက် အပြင်ထွက်တဲ့အခါတိုင်း Mask တပ်နေကြရပါတယ်။ Mask ဝတ်ထားရတဲ့အတွက် မျက်နှာတစ်ဝက်နီးပါးကို ဖုံးထားတာဖြစ်တာကြောင့် မိန်းကလေးတွေ မိတ်ကပ်လိမ်းရတာ အဆင်မပြေဖြစ်ရပါတယ်။ မိန်းကလေးတွေက Mask ဝတ်တဲ့အခါ မိတ်ကပ်လိမ်းတဲ့နေရာမှာ အခက်ကြုံကြရပါတယ်။ Mask မဖုံးတာဆိုလို့ မျက်လုံး၊ မျက်ခုံး၊ မျက်တောင့်တွေပဲ ရှိပါတော့တယ်။ Mask ဝတ်ရမှာမို့ မိတ်ကပ် ဘယ်လိုလိမ်းရမလဲ အခက်ကြုံနေတဲ့မိန်းကလေးတွေအတွက် နည်းလမ်းတချို့မျှဝေပေးချင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်ကြမယ်။

အခြေခံအသားရေထိန်းသိမ်းနည်းနဲ့ အသားရေကို ဂရုစိုက်ပေးပါ


Mask ကို အကြာကြီးဝတ်ထားရတဲ့အတွက် ဆားဝက်ခြံ၊ ဝက်ခြံပေါက်တာ၊ အသားရေခြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် အသားရေထိန်းသိမ်းခြင်းကိုမဖြစ်မနေလုပ်ဆောင်ပေးရတော့မှာပါ။ ညတိုင်း မျက်နှာသန့်စင်ပေးတာ၊ တိုနာသုံးပေးတာ၊ ရေဓာတ်ဖြည့်ပေးတာတွေ လုပ်ပေးရမှာဖြစ်ပါတယ်။


မိတ်ကပ်လိမ်းတဲ့အခါ မျက်လုံးကို အသားပေးပါ


သင့်မျက်နှာရဲ့အောက်ဘက်ခြမ်းက Mask နဲ့အုပ်ထားရတဲ့အတွက် အုပ်မထားတဲ့ မျက်လုံးကို Eye Makeup သေချာလိမ်းပေးရမှာဖြစ်ပါတယ်။ မျက်လုံးအရောင်တောက်သွားစေမယ့် အရောင်လေးတွေ ခြယ်သပေးတာ၊ မျက်တောင်ကော့ပေးတာတွေလုပ်ပေးသင့်ပါတယ်။ ညနေပိုင်းမှာ မျက်လုံးပိုပေါ်အောင် ထူးခြားတဲ့ပုံစံလေးလိမ်းပေးသင့်ပါတယ်။

မျက်ခုံးကို လှအောင်ဖော်ပေးပါ


မျက်လုံးကို ကာလာမျိုးစုံခြယ်သရုံနဲ့မပြီးပါဘူး။ မျက်ခုံးပေါ်အောင်လည်း ဂရုစိုက်ပေးသင့်ပါတယ်။ သင့်နဲ့လိုက်ဖက်မယ့်၊ သင့်လိုအပ်တဲ့ မျက်ခုံးခြယ်သတဲ့ပစ္စည်းတွေကို ဝယ်ပြီး မျက်ခုံးလှအောင် ခြယ်သရမှာပါ။ သဘာဝအတိုင်း မျက်ခုံးထူတဲ့သူတွေကတော့ မျက်ခုံးကို ဘရက်ရှ်နဲ့ တိုက်ပေးပြီး Brow Gel နဲ့ အသားကျအောင် လုပ်ပေးပါ။ မျက်ခုံးမွေးပါးတဲ့သူတွေကတော့ သင့်ဆံပင်အရောင်နဲ့ အနီးစပ်ဆုံးတူတဲ့ အရောင်နဲ့ မျက်ခုံး ဖော်ပေးလို့ရပါတယ်။


Makeup Foundation ကို ဂရုစိုက်ပေးပါ


Mask ဝတ်ရမှာဖြစ်တဲ့အတွက် Makeup Foundation ကို မိတ်ကပ်သားအရမ်းများတာကြီးမသုံးသင့်ပါဘူး။ Mask ဝတ်ထားရတာကြောင့် ပူအိုက်လာတဲ့အခါ မိတ်ကပ်သားများရင် သင့်မျက်နှာကို ကြည့်ရဆိုးစေမှာပါ။ ဝက်ခြံပေါက်တာတွေဖြစ်လာနိုင်ပါတယ်။ မိတ်ကပ်အရမ်းမများဘဲ ပါးပါးလေးလိမ်းပေးတာအကောင်းဆုံးပါပဲ။

မိတ်ကပ်ကြာကြာခံအောင် လုပ်ပါ


မိတ်ကပ်အသားကျအောင် ပေါင်ဒါရိုက်ပေးတာ (ဒါမှမဟုတ်) Makeup Setting Spray တို့ကို ဖြန်းပေးသင့်ပါတယ်။

နှုတ်ခမ်းကို ဂရုစိုက်ပေးပါ


နှုတ်ခမ်းနီဆိုးပြီး Mask ဝတ်တာက Mask ကို အစွန်းအထင်းဖြစ်သွားစေတဲ့အပြင် နှုတ်ခမ်းနီတွေကိုလည်း အလွယ်တကူပျက်သွားစေနိုင်ပါတယ်။ နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်ပေးရလည်းဖြစ်စေတဲ့ Petroleum Jelly ကို နှုတ်ခမ်းမှာ လိမ်းပေးပြီး နှုတ်ခမ်းနီထက် ပိုထူတဲ့ Lip Pencil နဲ့ ထပ်ပြီးဆိုးပေးပါ။ အလွယ်တကူ နှုတ်ခမ်းနီပျက်မှာလည်းပူစရာမလိုတော့ပါဘူးနော်။

Ref: How to wear make-up with a face mask

WL (ရိုးရာလေး)


#မျက်ခုံး
#မိတ်ကပ်
#နှုတ်ခမ်း
#မျက်လုံး
#သားရေ

Some text some message..