အတွင်းခံဆိုတာက လူတိုင်း၊ လူတိုင်းအတွက် မဖြစ်မနေလိုအပ်တဲ့အရာတစ်ခုပါ။ အိမ်ထဲမှာပဲ တစ်ယောက်တည်းနေလို့ မလိုအပ်သည့်တိုင် အပြင်သွားတဲ့အခါမျိုး၊ အများနဲ့နေထိုင်တဲ့အခါမျိုးမှာ Underwear ဝတ်ထားမှပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေမှာပါ။ မိန်းကလေးတွေအတွက်လည်း Underwear လို့ခေါ်တဲ့အတွင်းခံတွေက အရေးကြီးတာကြောင့် ဒီနေ့မှာတော့ မိန်းကလေးတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အတွင်းခံဘောင်းဘီအမျိုးအစား (၅) မျိုးကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ Briefs
ဒီအမျိုးအစားကတော့ ပုံမှန်ဒီဇိုင်းပဲဖြစ်ပြီး မိန်းကလေးတွေရဲ့အရေးပါတဲ့ရှေ့နောက်နှစ်နေရာလုံးကို အပြည့်အဝဖုံးလွှမ်းပေးနိုင်ပါတယ်။ လိင်ကိစ္စတွေမှာ ဝတ်ဆင်လို့အဆင်မပြေဘူးဆိုပေမယ့် အဆင်ပြေရင်ပြေသလိုမျိုး ရှေ့နောက်လှည့်ဝတ်လို့ရတဲ့အားသာချက်တွေရှိပါတယ်။ ဓမ္မတာလာနေတဲ့အချိန်မှာဆိုရင် ဒီအတွင်းခံဘောင်းဘီတွေက မိန်းကလေးတွေရဲ့စိတ်ကို အပြည့်အဝလုံခြုံစိတ်ချမှုပေးစွမ်းနိုင်ပါတယ်။ ဒီဇိုင်းကလည်းဘာမှခပ်ဆန်းဆန်းမထုတ်လုပ်ထားတာကြောင့် စွန်းထင်းသွားရင်လည်း နှမြောတသသဖြစ်နေစရာမလိုပါဘူး။
၂။ Bikini
ဘီကီနီအမျိုးအစား အတွင်းခံဘောင်းဘီကတော့ တော်တော်များများနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ သာမန်အတွင်းခံဘောင်းဘီထက်ပိုပြီးဆွဲဆောင်မှုရှိတယ်ဆိုပေမယ့် အဓိကနေရာတွေကို စိတ်ပူစရာမလိုအောင် ကောင်းကောင်းကာကွယ်ပေးထားနိုင်ပါတယ်။ ဘယ်လိုအချိန်မှာမဆို ဝတ်ဆင်လို့ကောင်းပြီး တင်ပါးနဲ့ ပေါင်တံအပါအဝင် ခန္ဓာကိုယ်အောက်ပိုင်းလှတဲ့ မိန်းကလေးတွေကတော့ ဘီကီနီဝတ်ပြီး ဂုဏ်ဆာလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ မိန်းကလေးတိုင်း ဝတ်ဆင်နိုင်ပြီး Sexy လည်းကျချင်တယ်၊ အလွန်အမင်းကြီးလည်း မဖော်ချင်ဘူးဆိုတဲ့အနေအထားအတွက် သင့်တော်တဲ့ အတွင်းခံဘောင်းဘီပါပဲ။
၃။ Boyshorts
ဒီအတွင်းခံဘောင်းဘီကတော့ Panties ထက်စာရင် ယောက်ျားလေးတွေဝတ်ဆင်နေကျ Boxer နဲ့ ပုံစံတူပါပဲ။ ရှေ့နောက်နှစ်ဖက်လုံးကို အပြည့်အဝကာကွယ်ပေးထားနိုင်ပြီး ပေါင်ရဲ့ (၃) ပုံ (၁) ပုံလောက်အထိကို ရှည်လျားပါတယ်။ တကယ်လို့ကိုယ်က လှေကားတက်ရမယ့်နေ့တွေ၊ ကော်ဖီဆိုင်ထိုင်ရမယ့်နေ့မျိုးတွေမှာဆိုရင် ဒီအတွင်းခံဘောင်းဘီက မိန်းကလေးတွေအတွက် လုံခြုံစိတ်ချမှုအပြည့်ပေးနိုင်မှာပဲဖြစ်ပါတယ်။
၄။ Hip huggers
Hip huggers ကိုတော့ တင်ပါးရဲ့အောက် နည်းနည်းလေးလျှောချဝတ်ဆင်ရပြီး ပေါင်အထက်နားလောက်အထိလည်း ရောက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ဘယ်လိုမျိုးအကာအကွယ်ရမလဲဆိုတာက ဝတ်ဆင်တဲ့သူရဲ့ ဆုံးဖြတ်ချက်အပေါ်မူတည်ပါတယ်။ ဒီအတွင်းခံဘောင်းဘီရဲ့ အားသာချက်က ကိုယ်ထိုင်နေတဲ့အချိန်မှာ နောက်ကနေ အတွင်းခံဘောင်းဘီအပေါ်ပိုင်းပေါ်နေတာမျိုးမဖြစ်နိုင်တဲ့အချက်ပါ။ အခုပြောထားတဲ့အတိုင်း ဝတ်ဆင်ထားသည့်တိုင် ထိုင်တဲ့အချိန် ဒါမှမဟုတ် ပစ္စည်းတစ်ခုခုကုန်းကောက်တဲ့အချိန်တွေမှာ အတွင်းခံဘောင်းဘီရဲ့အထက်ပိုင်းနားကို ကိုယ့်ရဲ့နောက်မှာရှိတဲ့သူတွေကမြင်နေရမယ်ဆိုရင်တော့ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။
၅။ G-strings
ဒီအမျိုးအစားကတော့ မိန်းကလေးတွေအတွက် ဆွဲဆောင်မှုအရှိဆုံးအတွင်းခံဘောင်းဘီအမျိုးအစားပဲဖြစ်ပါတယ်။ ပုံမှန်ဝတ်ဆင်နေကျ အတွင်းခံဘောင်းဘီတွေလောက် သက်သောင့်သက်သာမရှိပေမယ့် စကတ်နဲ့ဘောင်းဘီတို့မှာ အတွင်းခံဘောင်းဘီချုပ်ရိုးလိုင်းတွေ ပေါ်နေတာမျိုးမဖြစ်စေတာက အားသာချက်တစ်ခုပါ။ အတွင်းခံဘောင်းဘီလိုင်းတွေပေါ်နေတာမျိုးက ဓမ္မတာလာနေတဲ့အချိန်တွေမှာဆို မိန်းကလေးတွေအတွက် အဆင်မပြေနိုင်ပါဘူး။ ဒါ့အပြင် ဒီလိုမျိုး G-strings တွေက ကိုယ့်ရဲ့ခန္ဓာကိုယ်အလှကိုဖော်ကျူးနိုင်မယ့်၊ ဘောင်းဘီအကြပ်၊ စကတ်အကြပ်တွေ ဝတ်ဆင်တဲ့အခါမှာ အသင့်တော်ဆုံးအတွင်းခံဘောင်းဘီအမျိုးအစားတစ်မျိုးလို့လည်းဆိုရမှာဖြစ်ပါတယ်။
#HM
#LifestyleMyanmar
Source: herworld