
အကျီ ၤလက်ပြတ်လေးတွေ၊ ကြိုးတစ်လုံး အကျီ ၤလေးတွေ trend ဖြစ်နေတဲ့အချိန်မှာ ဂျိုင်းမွှေးတွေနဲ့မို့ မဝတ်ရဲတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဘယ်လောက်ပဲ waxing လုပ်လုပ်၊ ဘယ်လောက်ပဲ ရိတ်ရိတ် ရက်အနည်းငယ်ကြာတာနဲ့ အဲဒီအမွှေးအမျှင်တွေက ပြန်ပေါက်လာတတ်တာပဲ မှလား။ ဒီလိုပြသနာကို ဖြေရှင်းနိုင်မယ့် ဂျိုင်းမွှေးတွေကို တဖြည်းဖြည်းပါးပြီး ပြန်မပေါက်လာစေမယ့် နည်းလမ်းကောင်းလေးကို ပျိုမေတို့အတွက် ဝေမျှပေးလိုက်ပါတယ်။
Chamomile tea

shutterstock/ George Dolgikh
စူပါမားကတ်တွေမှာ အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ Chamomile tea က အသားအရေအတွက် တကယ့်ကို ကောင်းမွန်တဲ့ အရာတစ်ခုပါ။ ဒါက အမွှေးအမျှင်တွေကို တဖြည်းဖြည်း ပါးလာစေပါတယ်။ ခွက်တစ်လုံးထဲမှာ ရေနွေးထည့် chamomile tea ကို ထည့်ပြီး အအေးခံထားလိုက်ပါ။ ပြီးရင်တော့ အဲဒီအရည်ကို ဂျိုင်းအောက်မှာ လိမ်းပြီး ခြောက်သွေ့အောင် ထားပေးရမှာ ဖြစ်ပါတယ်။ ခြောက်သွားပြီဆိုရင် ရေအေးလေးနဲ့ ဆေးချလို့ရပါပြီ။ ဒီလို မကြာခဏ လုပ်ပေးခြင်းက ဂျိုင်းမွှေးတွေကို တဖြည်းဖြည်း နည်းပြီး ပြန်မပေါက်အောင် လုပ်ပေးမှာ ဖြစ်ပါတယ်။
သံပုရိုရည်

shutterstock/ Wassana Panapute
သံပုရိုရည်က အမွှေးအမျှင်တွေကို ပါးလာရုံမက၊ ဂျိုင်းမည်းခြင်းတွေကိုလည်း ကောင်းမွန်စေပါတယ်။ သံပုရိုရည်နဲ့ ပျားရည်အနည်းငယ်ကို ရောနှောပြီး ဂျိုင်းအောက်မှာ လိမ်းပေးပြီး ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် ထားပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ အသားအရေ sensitive ဖြစ်တတ်ရင်တော့ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုး ရှောင်သင့်ပါတယ်။
သင်္ဘောသီးနဲ့ နနွင်းမှုန့်

shutterstock/ mirzamlk
သင်္ဘောသီးမှည့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း သို့ နှစ်ဇွန်းကို သေချာလေး ရောနှောသွားအောင် ရောနှောပေးရမှာ ဖြစ်ပါတယ်။ ရလာတဲ့ အရောအနှောကို အမွှေးအမျှင်တွေ ရှိတဲ့နေရာမှာ လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက် ထားပေးရမှာ ဖြစ်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပေးရမှာဖြစ်ပြီး သိသာတဲ့ ရလဒ်ကို တွေ့ရမှာ ဖြစ်ပါတယ်။
သကြား

shutterstock/ Tatka Alekseeva
အမွှေးအမျှင်တွေကို ဖယ်ရှားဖို့အတွက် waxing နည်းက အကောင်းဆုံးပါပဲ။ သကြား တစ်ခွက်၊ သံပုရိုရည် နဲ့ ရေ ခွက်လေးပုံတစ်ပုံကို ရောနှောပြီး ဆူပွက်နေအောင် တည်ထားပေးရမှာပါ။ သကြားတွေ အရည်ပျော်ပြီး အညိုရောင် ဖြစ်လာရင်တော့ မီးဖိုပေါ်ကချပြီး အအေးခံထားလိုက်ပါ။ ပြီးရင်တော့ သုံးမယ့် ပမာဏလောက်ကို ယူပြီး waxing လုပ်လို့ရပါပြီ။
Khin