အလှကုန်ပစ္စည်းဒိတ်ကုန်တာနဲ့ ပတ်သက်လို့ သတိထားသင့်တဲ့ အချက်လေးတွေ
mystylemyanmar.com
|
2020-09-25

မင်္ဂလာပါနော်။ သင့်ရဲ့ အလှကုန်ပစ္စည်းတွေ ဒိတ်ကုန်တာကို ဆက်ပြီးသုံးမယ်ဆိုရင် ဘက်တီးရီးယားတွေ ပျံ့နှံ့ပြီး သင့်အသားအရေနဲ့ ပတ်သက်လို့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အလှကုန်ပစ္စည်း ဒိတ်ကုန်တာကို အမြဲတမ်း သတိထားသင့်ပါတယ်။ တချို့ ကုန်ပစ္စည်းတွေက ဒိတ်ကုန်တဲ့နေ့ ပါပေမယ့် တချို့က မပါပါဘူး။



Mascara




Mascara ဒိတ်ကုန်မကုန်ဆိုတာ အထူးသတိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင့်မျက်လုံးနဲ့ မျက်တောင်အတွက် များစွာ ဆိုးကျိုးဖြစ်စေပါတယ်။ Mascara ကို ဝယ်ပြီး ၂ လ ၃ လအထိပဲသုံးပါ။


ဖောင်ဒေးရှင်း




သင်လိမ်းနေတဲ့ မိတ်ကပ်ဖောင်ဒေးရှင်းကို ၆ လကနေ ၁၂ လအတွင်းပဲသုံးသင့်ပါတယ်။ မိတ်ကပ်ရည်က ပြဲသွားတာ၊ ခဲသွားတာ ၊ အနံ့ ပြောင်းသွားတာမျိုးဖြစ်တဲ့အခါ မသုံးပါနဲ့တော့။


Eye Shadow




သင့်ရဲ့ Eye Shadow ကိုတော့ ၃ လ နေရင် ပြန်ပြီး အသစ်သုံးသင့်ပါတယ်။ မဟုတ်ရင်တော့ သင့်မျက်လုံးမှာ ဘက်တီးရီးယားတွေ ကပ်ညှိစေနိုင်ပြီး မျက်လုံးနားက အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။


Eyeliner




Eyeliner က အရည်နဲ့ ခဲတံဆိုပြီး (၂) မျိုးရှိပါတယ်။ ဒါ့အပြင် ဂျယ်လည်းရှိပါတယ်။ မျက်လုံးဆိုတာ အထိမခံတဲ့နေရာဖြစ်တာမို့ ၃ လအတွင်း သင့်ရဲ့ Eyeliner ကို လဲပေးသင့်ပါတယ်။


နှုတ်ခမ်းနီ




သင့်ရဲ့ နှုတ်ခမ်းနီကိုတော့ ၁နှစ်လောက်နေရင် အသစ်ပြန်ပြီးအစားထိုး သုံးပေးသင့်ပါတယ်။ သင့်နှုတ်ခမ်းနီမှာ အဆီလိုမျိုး အနံ့ တစ်ခုခု ရလာရင်လည်း မသုံးပါနဲ့တော့။


The post

အလှကုန်ပစ္စည်းဒိတ်ကုန်တာနဲ့ ပတ်သက်လို့ သတိထားသင့်တဲ့ အချက်လေးတွေ appeared first on

MyStyle Myanmar .


#အလှကုန်ပစ္စည်း
#မျက်လုံး
#နှုတ်ခမ်း
#ဖောင်ဒေးရှင်း
#မိတ်ကပ်

Some text some message..