သင့်ကို ပိုပိန်ပိန်ပါးပါး မြင်ရစေဖို့ လိုက်နာသင့်တဲ့ ဖက်ရှင်နည်းလမ်းလေးတွေ
auntymay.com
|
2020-09-25

ဖက်ရှင်ဆိုတာ ဝတ်စားတတ်ရုံနဲ့ ကိုယ့်ကိုယ် နောက်တစ်ယောက် ပုံစံပြောင်းလဲသွားအောင် ဖန်တီးနိုင်ပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ဝတယ်လို့ ထင်နေတဲ့ သူတွေ၊ ကိုယ့်ပုံစံက ဝလို့ ဘာဝတ်ဝတ် မလှဘူးလို့ ထင်နေတဲ့ သူလေးတွေအတွက် ပိန်ပိန်ပါးပါးလေးလို့ မြင်ရစေတဲ့ ဖက်ရှင်နည်းလမ်းလေးကို ဝေမျှပေးလိုက်ပါတယ်။

လည်ပင်း V–shape အကျီ ၤတွေ

shutterstock/popcorner

ဝတဲ့ သူတွေဟာ လည်ပင်းအဝိုက်တွေထက် V–shape လည်ပင်းမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လည်ပင်းအဝိုက်တွေက လူကို ပိုလုံးလုံးပြည့်ပြည့် ဖြစ်သွားစေပြီးတော့ လည်ပင်း V-shape လေးတွေက လည်တိုင်လေးကို ပိုသေးသွယ်သလို မြင်ရစေပြီး လူကိုလည်း ပိုပိန်သယောင် ထင်ရစေပါတယ်။

တူညီတဲ့ ကာလာ

shutterstock/ Alena Ozerova

အဝတ်အစား ရွေးချယ်တဲ့အခါ အပေါ်ရော အောက်ပါ တူညီတဲ့ အရောင်တစ်ခုတည်းကို ဝတ်ဆင်ခြင်းက ပိုပိန်ပြီး ကြည့်ကောင်းနေစေမှာပါ။ တူညီတဲ့ ကာလတွေက လူကို အရပ်ပိုရှည်သလို ထင်ရပြီး ပိုပိန်ပိန်ပါးပါး ပုံစံကိုမြင်ရစေပါတယ်။

ခါးပတ်

shutterstock/ Victoria Chudinova

ဂါဝန် ဒါမှမဟုတ် မီနီစကတ်လေးတွေ ဝတ်တဲ့အခါ ပိုကြည့်ကောင်းနေစေဖို့ ခါးပတ်လေးကိုပါ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ ဒါက ခါးကိုပိုသေးသွားစေတယ်လို့ မြင်ရပြီးတော့ ပိုပိန်သွားစေတယ်လို့ ထင်ရတဲ့ အတွက်ပါ။ ခန္ဓာကိုယ် ပြည့်တဲ့ သူတွေက စကတ်လေးတွေ၊ ဂါဝန်လေးတွေနဲ့ ပိုချစ်စရာ ကောင်းပါတယ်နော်။

အကျီ ၤကို ဘောင်းဘီထဲ ထည့်ဝတ်တာ

shutterstock/ Alena Ozerova

ဝတဲ့သူတွေအနေနဲ့ တီရှပ်တို့၊ ရှပ်အကျီ ၤတို့ ဝတ်တဲ့အခါမှာ အကျီ ၤကို အပြင်ထုတ်ဝတ်တာထက် ဘောင်းဘီထဲ ထည့်ဝတ်တာက ပိုစမတ်ကျပြီး ပိုပိန်တယ်လို့ မြင်ရစေပါတယ်။ တကယ်လို့ အကျီ ၤကို ဒီအတိုင်း အပြင်ထုတ်ဝတ်ထားတဲ့အခါ လူက ပိုပုပြီး ပိုဝသွားသလို မြင်ရစေပါတယ်။

ဒေါင်လိုက် အစင်းပါတဲ့ အဝတ်အစားတွေ

shutterstock/ nataliakul

ဝတဲ့သူတွေနဲ့ အရပ်ပုတဲ့ သူတွေဟာ ဒေါင်လိုက် အစင်းပါတဲ့ အဝတ်အစားတွေကို ရွေးဝတ်သင့်ပါတယ်။ အလျားလိုက် အစင်းပါတဲ့ အဝတ်အစားတွေကိုတော့ လုံးဝမဝတ်သင့်ပါဘူး။ ဒါက သင့်ကို ပိုဝတယ်လို့ ထင်ရစေတဲ့ အတွက်ပါ။

ကုဒ်အကျီ ၤဆိုဒ်အကြီးကြီးတွေ

shutterstock/ Alena Ozerova

ကုဒ်အကျီ ၤဆိုဒ်အကြီးတွေက သင့်ကို ပိုဝတယ်လို့ ထင်ရမှာကို မစိုးရိမ်ပါနဲ့။ ဒီလို ဆိုဒ်ကြီးတဲ့ ကုဒ်တွေက သင့်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်ပေးမှာဖြစ်လို့ ဝတာကို မမြင်ရစေပါဘူး။ ဒါက ပိုကြည့်ကောင်းပြီး ပိန်တယ်လု့ိ မြင်ရစေမှာ ဖြစ်ပါတယ်။

Khin


#လည်ပင်း
#အစင်း
#အဝတ်အစား
#ခါးပတ်
#ဘောင်းဘီ

Some text some message..