အိမ်မှာနေရင်း မျက်တောင်ရှည်အောင်ပြုလုပ်နိုင်မယ့် နည်းလမ်း (၄) ခု
mystylemyanmar.com
|
2020-09-28

အားလုံးပဲမင်္ဂလာပါ။ သင်က မျက်တောင်တိုလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ အိမ်မှာရှိတဲ့ပစ္စည်းတွေသုံးရင်း မျက်တောင်ရှည်အောင် ကြိုးစားနိုင်ပါတယ်။ ဘယ်မှမသွားဖြစ်ဘဲ အိမ်တွင်းအောင်းနေတဲ့အချိန် ကိုယ့်ကိုကိုယ် ဂရုစိုက်ရင်း အလှဆုံးဖြစ်အောင် ထိန်းသိမ်းပေးသင့်ပါတယ်။ ဒါမှတစ်ချိန် အပြင်သွားတဲ့အချိန် သင်မိတ်ကပ်ပြင်တဲ့အချိန် ပိုလှနေမှာပါ။ ဒီတော့ သင်က မျက်တောင်ရှည်ချင်ဆိုရင်တော့ ဆက်ကြည့်လိုက်ရအောင်-

နည်းလမ်း ၁

ဒီနည်းလမ်းအတွက် လိုအပ်တဲ့ပစ္စည်းသုံးမျိုးကတော့- သံလွင်ဆီ၊ ရှားစောင်းလတ်ပတ်နဲ့ ကြက်ဆူဆီပါ။



Photo Source: BeBeautiful
ပါဝင်ပစ္စည်းတွေကို တစ်ဇွန်းဆီထည့်ပြီး ရောပေးရပါမယ်။ ဒီအရောကို ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းပေးရပါမယ်။ ပြီးနောက် ၂ မိနစ်လောက် မျက်လုံးနားတစ်ဝိုက်နှိပ်နယ်ပေးရပါမယ်။

နည်းလမ်း ၂

နည်းလမ်း ၂ အတွက်ကတော့ အုန်းဆီတစ်မျိုးပဲ လိုပါတယ်။ မျက်တောင်ကော့တံအသန့်နဲ့ အုန်းဆီအစစ်ထဲ နှစ်ပေးရပါမယ်။ ပြီးနောက် အိပ်ခါနီးတိုင်း လိမ်းပေးရပါမယ်။




Photo Source: Scooper

နည်းလမ်း ၃

လိုအပ်တဲ့ပစ္စည်းတွေကတော့ ရှားစောင်းလတ်ပတ်ဂျယ်၊ ကြက်ဆူဆီတစ်ဇွန်းနဲ့ ဗီတာမင်အီး အနည်းငယ်ပါ။ ပြီးရင်တော့ မျက်တောင်ပေါ် အိပ်ခါနီးတိုင်း လိမ်းပေးရပါမယ်။




Photo Source: Fab How

နည်းလမ်း ၄

Vaseline နဲ့ သံလွင်ဆီကို လိုအပ်ပါတယ်။ သံလွင်ဆီအနည်းငယ်ထဲ Vaseline ပျော်သွားတဲ့အထိ မွှေပေးရပါမယ်။ ပြီးနောက် မျက်တောင်တံအသန့်နဲ့ မျက်တောင်ပေါ် လိမ်းပေးရပါမယ်။ ဒါကို အိပ်ခါနီးတိုင်း လိမ်းပေးပါ။




Photo Source: BeBeautiful

ကိုယ်ကြိုက်နှစ်သက်ရာနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

By MyStyle Myanmar


The post

အိမ်မှာနေရင်း မျက်တောင်ရှည်အောင်ပြုလုပ်နိုင်မယ့် နည်းလမ်း (၄) ခု appeared first on

MyStyle Myanmar .


#မျက်တောင်
#တောင်ရှည်
#နည်းလမ်း
#Photo
#သံလွင်ဆီ

Some text some message..