ပျိုပျိုတို့ရဲ့ မျက်တောင်မွှေးလေးတွေကို ရှည်လာစေမယ့် နည်းလမ်းကောင်းလေးများ
auntymay.com
|
2020-10-03

အလှအပနဲ့ ပတ်သတ်ရင် မျက်တောင်ရှည်လေးတွေကလည်း မိန်းကလေးတွေရဲ့ အလှအပစံနှုန်း တစ်ခုပါပဲ။ မျက်တောင်တိုတိုလေးကြောင့် မျက်တောင်ကော့ဆေးတွေ သုံးနေရင်တောင် စိတ်တိုင်းမကျ ဖြစ်နေရတာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ ဒီပြဿနာအတွက် မျက်တောင်လေးတွေကို ဂရုစိုက်ပေးဖို့ပဲ လိုပါတယ်။ မျက်တောင်လေးတွေကို အခုထက်ပိုပြီး ရှည်ပြီး သန်စွမ်းဖို့အတွက် ဒီနည်းလေးတွေကို သုံးလို့ ရပါတယ်နော်။


၁။ သံလွင်ဆီ သုံးပါ

သံလွင်ဆီက သင့်ရဲ့ မျက်တောင်လေးတွေ သန်စွမ်းဖို့နဲ့ ပိုရှည်လာဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ သံလွင်ဆီမှာ Fatty acids ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် မျက်တောင်တွေကို အစိုဓာတ်တွေ ဖြည့်ပေးပြီး ပျော့ပျောင်းစေပါတယ်။ ဒီနည်းအတွက်ကတော့ မျက်တောင်ကော့တံ သန့်သန့်လေးတစ်ခုနဲ့ သံလွင်ဆီပဲ လိုပါတယ်။ မျက်တောင်ကော့တံကို သံလွင်ဆီထဲကို နှစ်ပြီး မျက်တောင်လေးတွေကို ကော့ကော့ပေးရမှာ ဖြစ်ပါတယ်။ နေ့တိုင်း ပုံမှန် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။


Photo by Andrea Piacquadio from Pexels


၂။ ဗီတာမင် E ကို အသုံးချပါ

ဒါကတော့ beauty blogger အများစုလည်း သဘောကျတဲ့ နည်းလေးပါ။ Vitamin E က မျက်တောင်တွေ ပိုပြီး ရှည်လာစေဖို့နဲ့ အစိုဓာတ်တွေ ပြည့်ဝစေဖို့ ကူညီပေးပါတယ်။ Vitamin E ကတော့ မျက်တောင်၊ ဆံသားအပြင် အသားအရေတွေကိုပါ အသုံးပြုနိုင်ပါတယ်။ Vitamin E ကို မျက်တောင်လေးတွေမှာ ပုံမှန် သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ Vitamin E က သောက်ဆေးအဖြစ်လည်း ထွက်ရှိပါတယ်နော်။


pexels-pixabay


၃။ မျက်တောင်တွေကို ဖြီးပေးပါ

ဆံသားတွေကိုပဲ ပုံမှန် ဖြီးပေးရသလိုပဲ မျက်တောင်တွေကိုလည်း ဖြီးပေးဖို့ လိုအပ်ပါတယ်။ ဒီအချက်ကလည်း မျက်တောင်တွေကို ရှည်လာစေဖို့ အရေးပါပါတယ်။ မျက်တောင်ကို ဖြီးပေးဖို့အတွက် ထုတ်ထားတဲ့ ဘီးသေးသေးလေးတွေကို အသုံးပြုပြီး ဖြီးပေးလို့ ရပါတယ်နော်။


Skitterphoto/pexels


၄။ အုန်းဆီလည်း သုံးလို့ ရပါတယ်

တခြားသော အဆီတွေကို ရှာလို့ အဆင်မပြေရင်တောင်မှ အုန်းဆီကို အသုံးပြုနိုင်ပါသေးတယ်။ ဒါပေမယ့် အုန်းဆီ စစ်စစ်တော့ ဖြစ်ရပါတယ်။ ဒီနည်းကိုလည်း မျက်တောင်ကော့တံသန့်သန့်လေးနဲ့ ဆီထဲ နှစ်ပြီး မျက်တောင်ကို ကော့ပေးတဲ့နည်းနဲ့ အသုံးပြုနိုင်ပါတယ်။


Photo by Min An from Pexels


၅။ မျက်တောင်ရှည်စေတဲ့ Mascara ကို အသုံးပြုပါ

Mascara အသုံးပြုတတ်ကြရင်တောင်မှ မျက်တောင်လေးတွေ ပိုပြီး ရှည်လာစေဖို့ဆိုရင် မျက်တောင်ရှည်ဖို့ အားဖြည့်ပေးတဲ့ Mascara ကို ရွေးချယ် ဝယ်ယူပြီး အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းက မျက်တောင်တိုတဲ့ သူတွေအတွက်တော့ အချိန်အတော်ကြာ မျက်တောင်ကို ရှည်နေစေပြီး ကွေးညွှတ်စေပါတယ်နော်။

Kham


#မျက်တောင်
#သံလွင်ဆီ
#တောင်ရှည်
#အုန်းဆီ
#အစိုဓာတ်

Some text some message..