ရှေ့ဆံပင်မညှပ်ခင် ပြန်ပြီး စဉ်းစားသင့်တဲ့အချက်များ
moda.com.mm
|
2020-10-04

မိန်းကလေးတွေနဲ့ ရှေ့ဆံပင်ဆိုတာ မဟာရန်သူတွေပါ။ ဆံပင်ကို တစ်ခုခု မလုပ်ရရင် မနေနိုင်တဲ့ အကျင့်နဲ့ ရှေ့ဆံပင်နဲ့ တွေ့တဲ့အချိန်မှာ တကယ့် အမှားအကြီးကြီးကို ဖန်တီးမိတာပါပဲ။ သူများတွေညှပ်တာတွေ့လို့ ကိုယ်နဲ့ လိုက်မလား ညှပ်ကြည့်တာကနေ စလိုက်တာပဲနော်။ ညှပ်ပြီးတိုင်း စိတ်ညစ်ရတာလည်း အမှတ်မရှိ ဒီဆံပင်ကိုပဲ သွားသွားကလိနေတာ။ ကဲ အခုကော ရှေ့ဆံပင်ညှပ်ဖို့ သေချာပြီလား...ဇဝေဇဝါ မသေမချာဖြစ်နေရင်တော့ ဒီ Article လေးကို အရင်ဆုံးဖတ်ဖို့တော့ လိုမယ်နော်။


ကယိကထများတယ်




မနက်တိုင်း အချိန်အကုန်မခံချင်ဘူးဆိုရင်တော့ ရှေ့ဆံပင်ညှပ်တာက လုံးဝနိုးနိုးနိုးပါ။ ကိုးရီးယားစတိုင် See Through Bang တွေဆိုတာက ရုပ်ရှင်တွေထဲမှာသာလှနေတာ၊ ပုံသွင်းရတာ တော်တော်ကို အချိန်ကုန်ပါတယ်။ နုဖူးပေါ်မှာ ဝဲဝဲကုပ်ကုပ်လေးကျနေဖို့ဆိုတာ မနက်ဒီတိုင်း ထလာပြီး ဆံပင်ဖြီးရုံနဲ့ မရပါဘူး။ Roller တွေ၊ Hair Spray တွေနဲ့ Blow Dry အကူအညီတွေယူရတာမို့ ရှေ့ဆံပင်ညှပ်ဖို့ သေချာပြီလား။


မျက်နှာကိုတိုစေတယ်




Bang တွေက မျက်နှာရဲ့ သုံးပုံတစ်ပုံကို နေရာယူလိုက်တာဖြစ်တာကြောင့် ကိုယ်က မျက်နှာတိုတယ်ဆိုရင် ပြန်စဉ်းစားသင့်ပါတယ်။ မဟုတ်ရင် မျက်နှာအရွယ်အစားကို ပိုပြီး ကျူံလိုက်သလိုဖြစ်တာကြောင့် မျက်နှာတိုတိုလေးပုံစံ ဖြစ်စေမှာပါ။


အန္တရာယ်ကို ဖိတ်ခေါ်တယ်




ကိုယ်တိုင်ရှေ့ဆံပင်ကို ညှပ်ပြီဆိုတာနဲ့ စိတ်တိုင်းကျတဲ့ အရှည်ပမာဏ မရောက်မချင်း ညှပ်ရင်း လက်လွန်သွားတဲ့ ကိစ္စတွေကို ခဏခဏကြားဖူးမှာပါ။ ရှေ့ဆံပင်ညှပ်တာ ဘာခက်လို့လဲဆိုတဲ့အန္တရာယ်များတဲ့ မေးခွန်းနဲ့ စိန်မခေါ်လိုက်ပါနဲ့။ ကပ်ကြေးကို ကောက်ကိုင်လိုက်ပြီဆိုကတည်းက လုံးဝနောက်ပြန်ဆုတ်လို့ ရမှာ မဟုတ်တော့ပါဘူး။


ငွေကုန်ကြေးကျများတယ်




သူများတွေကလည်း လိုက်တယ်ပြောတယ်၊ ကိုယ်ကလည်း စိတ်ဆုံးဖြတ်ပြီး ညှပ်လိုက်ပါပြီ။ ဒီဆံပင်တွေက ပြန်မရှည်လာတော့ဘူးလား။ အပေါ်က ပြောခဲ့သလို ကိုယ်တိုင်ညှပ်ဖို့ကလည်း အန္တရာယ်များတော့ Hair Salon ကို သွားကို သွားရမှာပါ။ ညှပ်ခါစလို ဆံပင်အနေအထား အမြဲရနေဖို့ သုံးပတ်ခြား တစ်ခါ ဒါမှမဟုတ် ဆံပင်အရှည်မြန်တဲ့သူဆို နှစ်ပတ်ခြား တစ်ခါ ဆံပင်ညှပ်ဆိုင်သွားရတာနဲ့ ပိုက်ပိုက်ကတော့ အခြေအနေဟန်မှာ မဟုတ်ပါဘူး။


ဝက်ခြံ




မျက်နှာပေါ်မှာ ဝက်ခြံပေါက်ဖို့ အားအပေးဆုံးက ဆံပင်တွေပါ။ Front Bang တွေက မျက်နှာမှာ အချိန်တိုင်းလိုလို ရှိနေမှာဆိုတော့ ဝက်ခြံတွေကို ကြိုဆိုနေသလိုပါပဲ။ အထူးသဖြင့် နဖူးနားမှာ ဝက်ခြံတွေများနေမယ့် အဖြစ်ကိုတွေးကြည့်ပါ။


ဆံပင်ပြန်ရှည်လာဖို့ စောင့်ရမယ်




ကိုယ်က ဆံပင်ပြောင်းရတာ မကြိုက်ဘူး၊ ပုံစံတစ်ခုကို စွဲစွဲမြဲမြဲထားတယ်ဆိုရင်တော့ ဒီအချက်က ကိစ္စမရှိလောက်ပါဘူး။ ဆံပင်ပုံစံအမျိုးမျိုး ပြောင်းတတ်တဲ့သူ၊ ပြောင်းချင်တဲ့သူဆိုရင်တော့ ပြန်စဉ်းစားဖို့ လိုပါမယ်။ ရှေ့ဆံပင်ဆိုတာက ညှပ်လိုက်ရင်တာ ခဏ၊ ပြန်ရှည်လာဖို့ တော်တော်လေးကို စောင့်ရပါတယ်။ ပြန်ရှည်လာဆိုတာနဲ့ ပုံမကျတဲ့အပြင် ထိန်းသိမ်းရခက်တာမို့ I Hate My Hair ဆိုတာ ခဏခဏ ပြောမိမှာပါ။


#ဆံပင်
#မျက်နှာ
#ဝက်ခြံ
#ပင်ကို
#အန္တရာယ်

Some text some message..