မိန်းကလေးတိုင်း သိထားသင့်တဲ့ နည်းမှန်လမ်းမှန် Skin Care လိမ်းနည်းအဆင့်များ
auntymay.com
|
2020-10-12

Skin care ကတော့ care နေကြတာပဲ။ ဒါပေမဲ့ အကျိုးအာနိသင်ဟာ ထင်သလောက်မပြတာဟာ ဘာကြောင့်လဲသိပါသလား။ အရာတိုင်းမှာ သူ့ရဲ့ လုပ်ပုံလုပ်နည်းတွေ၊ စည်းမျဉ်းတွေ ရှိနေပါတယ်။ ဒါကြောင့် skin care လိမ်းတဲ့အခါမှာလည်း နည်းမှန်လမ်းမှန်နဲ့ အဆင့်တွေကို တစ်ဆင့်ချင်းဆီ မလိမ်းရင်လည်း ထင်သလောက် အကျိုးမထူးနိုင်သလို တစ်ခါတစ်လေမှာ ကိုယ့်အသားအရေမှာလည်း ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပျိုမေတိုင်း သိထားသင်တဲ့ skin care လိမ်းနည်း အဆင့်တွေကို ဖော်ပြလိုက်ပါတယ်။


အဆင့် (၁) Double Cleansing

Double cleansing ကတော့ night skin care routine မှာ မဖြစ်မနေကို လုပ်ပေးသင့်တဲ့အရာပါ။ တစ်နေကုန်ထားထားတဲ့ မိတ်ကပ်တွေ ဒါမှမဟုတ်လည်း ဖုန်တွေနဲ့ ချေးတွေကို မိတ်ကပ်ဖျက်တဲ့ wipe ပဲဖြစ်ဖြစ် အရည်နဲ့ပဲဖြစ်ဖြစ် အရင်ဆုံးဖျက်လိုက်ပါ။ နောက်မှ မျက်နှာသစ်ဆပ်ပြာနဲ့ ပြန်သစ်လိုက်ပါ။ အကယ်၍ သင်ဟာ မနက်အတွက် skin care လုပ်မယ်ဆိုရင်တော့ မျက်နှာသစ်ဆပ်ပြာနဲ့ပဲ သစ်ဖို့ လိုအပ်ပါတယ်။


Freepik- Racool_studio


အဆင့် (၁) Toner

Toner ကိုတော့ တော်တော်များများက skincare အဆင့်တွေတိုင်းမှာ မလိုဘူးလို့ပြောနေကြပေမယ့်လို့ သင့်ရဲ့ ချွေးပေါက်တွေကို ကျဉ်းစေဖို့နဲ့ ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ထုတ်ပေးဖိှု့ဆိုတာ toner ကပဲ စွမ်းဆောင်ပေးနိုင်ပါတယ်။ Toner ကို မနက်လိမ်းမယ်ဆိုရင်တော့ လက်နှစ်ဖက်ထဲထည့်၊ ပွတ်ကာ လိမ်းရမှာပါ။ ညဖက်ကျရင်တော့ cotton pad ထဲ toner ကို လောင်းပြီးတော့ မျက်နှာကို ပွတ်ပေးနိုင်ပါတယ်။


အဆင့် (၂) Essence

ကိုရီးယား skin care step တွေမှာ တော်တော်လေး နေရာယူထားတဲ့ essence တွေဟာ အသားအရေအတွက် ရေဓာတ်ဖြည့်ပေးတာမျိုးနဲ့ အရေးအကြောင်းဖြစ်တာတွေကို အဓိကလျော့နည်းစေပါတယ်။ သူ့ကို လိမ်းမယ်ဆိုရင်တော့ လက်ဖဝါးနှစ်ဖက်တည်းထည့် ပွတ်ပြီးမှ မျက်နှာကို လိမ်းနိုင်သလို cotton pad နဲ့လည်း ထည့်လိမ်းနိုင်ပါတယ်။ ဒါပေမဲ့ လိမ်းပြီးရင်တော့ လက်ချောင်းလေးတွေနဲ့ မျက်နှာကို ပုတ်ပုတ်ပေးပါ။


အဆင့် (၃) Serum

Serum ကတော့ skin care step တွေထဲမှာ အကျိုးအာနိသင်အရှိဆုံး ပစ္စည်းတွေလို့ ဆိုရမှာပါပဲ။ သင့်ရဲ့ အသားအရေလိုအပ်ချက်တွေကို တစ်ခုချင်း ဖြည့်ဆည်းပေးနိုင်တာဟာ serum တွေပါပဲ။ ဥပမာ ဝက်ခြံအတွက်လား၊ အရေးအကြောင်းအတွက်လား၊ အမာရွတ်တွေအတွက်လား စသဖြင့် လိုအပ်သလို ရွေးချယ်နိုင်ကာ အသုံးပြုနိုင်မှာပါ။ သူ့ကိုတော့ အလွန်ဆုံးမှ တစ်စက် သို့မဟုတ် နှစ်စက်သာ လက်ထဲမှာချ၊ လက်နှစ်ဖက်ထဲ အရင်ဆုံးပွတ်ပြီးတော့မှ မျက်နှာကို လိမ်းပါ။


Freepik- pressfoto


အဆင့် (၄) Eye Cream

အသက် ၂၅ နှစ်ကျော်လာခဲ့မယ်ဆိုရင်တော့ eye cream ကို မဖြစ်မနေသုံးရမှာပါပဲ။ မျက်အိတ်တွေနဲ့ မျက်ကွင်းညိုမှုတွေ၊ အရေးအကြောင်းတွေ၊ မျက်လုံးတွဲကျတာတွေကို သက်သာစေဖို့အတွက် eye cream ကို မျက်လုံးအောက်ဖက်မှာ အစက်အသေးလေးတွေချပြီးတော့ အတွင်းကနေ အပြင်ကို ပုတ်ပုတ်ပြီး လိမ်းပါ။


အဆင့် (၅) Moisturizer

Skin care အဆင့်တွေမှာ လုံးဝ အခြေခံအကျဆုံး အဆင့်ကိုပြောပါဆိုရင် moisturizer ပါပဲ။ မနက်ရောညရောပါ လိမ်းပေးနိုင်ပြီးတော့ moisturizer ဟာ အသားအရေကို ရေဓာတ်ဖြည့်ပေးရုံတင်မကဘဲ နူးညံ့စေတယ် နောက် မိတ်ကပ်မလိမ်းခင် လိမ်းပေးပါကလည်း ချွေးပေါက်တွေထဲ မိတ်ကပ်စိမ့်ဝင်မှုကို မလိမ်းတာထက်စာရင် အများကြီး ကာကွယ်ပေးနိုင်ပါတယ်။


Freepik- maksymiv_yurax


penny


#အဆင့်
#အရေးအကြောင်း
#မိတ်ကပ်
#pad
#မျက်နှာ

Some text some message..