မှန်ကန်သောနှုတ်ခမ်းနီရွေးချယ်နိုင်ရန် နည်းလမ်းကောင်းများ
weddingguide.com.mm
|
2020-10-14

မိန်းကလေးတစ်ယောက်အတွက် နှုတ်ခမ်းအလှအပသည်လည်း အဝတ်အစားနီးပါးအရေးကြီးပါတယ်။

အဲ့တာကြောင့် ပျိုမေလေးတွေရဲ့ နှုတ်ခမ်းလေးကျန်းမာရေးကိုဂရုစိုက်ပြီး မိမိနဲ့လိုက်ဖက်ညီမှုရှိတဲ့နှုတ်ခမ်းနီအရောင်ကို မှန်ကန်စွာရွေးချယ် ပေးသင့်ပါတယ်။


၁။ Start Fresh
နူးညံသော နှုတ်ခမ်းကိုရရှိနိုင်ရန် တစ်ပတ်ကို ၂ ကြိမ် ပေါင်းတင်ပေးပါ။ ( ဆား အနည်းငယ် နှင့် သံလွှင်ဆီ တို့ကို ရောစပ်ပြီး နှုတ်ခမ်းသားကို ညှင်သာစွာ ပွတ်တိုက်ပေးပါ။ နှိပ်နယ်ပေးနိုင်ပါတယ်။)

၂။ Shimmering ပါဝင်သော နှုတ်ခမ်းနီများကို ရှောင်ရှားပါ။

Shimmering ပါဝင်သော နှုတ်ခမ်းနီများသည် နှုတ်ခမ်းသားကိုပျက်စီးစေပါတယ်။ ထို့ကြောင့် နှုတ်ခမ်းနီ ရွေးချယ်မယ်ဆိုရင်တော့ Creamy နှုတ်ခမ်းနီအမျိုးအစားကိုရွေးချယ်ရမှာဘဲ ဖြစ်ပါတယ်။ အဆီပါဝင်သောကြောင့် နှုတ်ခမ်းကိုမခြောက်ခမ်းစေပါဘူး။

နှုတ်ခမ်းအစိုဓာတ်ကိုထိန်းညှိပေးလို့ နှုတ်ခမ်းသားကိုကျန်းမာချော့မွေ့စေပါတယ်။

၃။ သဘာဝ အရောင်ကိုရွေးချယ်ပါ။

မိမိအသားအရည်နှင့် လိုက်ဖက်ညီသော နှုတ်ခမ်းနီအရောင်ကိုရွေးချယ်ပေးပါ။ အလွန်ဖြူဖွေးသော အသားအရည်ပိုင်ရှင် အမျိုးသမီးများကတော့ Cherry Red, Coral လိုအရောင်များကိုရွေးချယ်ပေးသင့်ပါတယ်။ ပုံမုန်အသားရောင်ပိုင်ရှင်များကတော့ Hot

Pink,Orange,Cranberry လိုအရောင်များကိုရွေးချယ်သင့်ပါတယ်။ ညိုညစ်သော အသားအရည်ပိုင်ရှင်များကတော့ Brick Red, Burgundy လိုအရောင်များကိုရွေးချယ်သင့်ပါတယ်။

၄။ တောက်ပသာ နှုတ်ခမ်း။

တောက်ပသာ နှုတ်ခမ်းများကိုပိုင်ဆိုင်ချင်ရင်တော့ မိမိရဲ့ အသားအရောင်ထက် ပိုရောင့်သောအရောင် သို့မဟုတ် ပိုတောက်သောအရောင်တို့ကို ရွေးချယ်ခြယ်သနိုင်ပါတယ်။ ဖြူဖွေးသော အသားအရည်ပိုင်ရှင် အတွက် Pink နှင့် နီးစပ်သောအရောင်များကိုရွေးချယ်ပေးသင့်ပါတယ်။ ပုံမှန်အသားအရည်ပိုင်ရှင်များ နှင့် ညိုညစ်သောအသားအရည်ပိုင်ရှင်များအတွက် Orange သို့မဟုတ် Brown နှင့် နီးစပ်သောအရောင်ကို ရွေးချယ်ပေးသင့်ပါတယ်။

၅။ Liner အရောင်ကို ဂရုစိုက်ရွေးချယ်ပါ။

Liner ဆိုးမယ်ဆိုရင်တော့ မိမိအသားအရောင် နှင့် လိုက်ဖက်သောအရောင်ကိုရွေးချယ်ပါ။ များသောအားဖြင့် မိန်းကလေးများက Liner အရောင်ကို နှုတ်ခမ်းနီအရောင်ကိုရွေးချယ်လေ့ရှိကြပါတယ် ထို့ကြောင့် မိမိနှုတ်ခမ်းနှင့် မလိုက်ဖက်မှုတွေ့ဖြစ်လာနိုင်ပါတယ်။

၆။ နှုတ်ခမ်းအလယ်မှ စပြီးဆိုးပါ။

နှုတ်ခမ်းနီဆိုးမယ်ဆိုရင် နှုတ်ခမ်းအလယ်မှစပြီးဆိုးပါ ပြီးမှာသာ ဘေး၊ထောင့်နားများကို လက်ဖြင့်ညှိယူပြီး လိုအပ်သလို ဖြည့်ပေးသင့်ပါတယ်။ နှုတ်ခမ်းဘေးမှ စပြီးဆိုးလျှင် ညှိယူရန်ခတ်ခဲနိုင်ပါတယ်။

အခုပြောပြသွားတဲ့ အချက်လေးတွေကို သေချာလိုက်နာမယ်ဆိုရင် နှုတ်ခမ်းအလှနဲ့ ပြီးပြည့်စုံပြီး စတိုင်ကျလှပကျန်းမာစွာနေထိုင်နိုင်ပါစေနော်….


#နှုတ်ခမ်း
#အရောင်
#အသားအရည်
#နှုတ်ခမ်းသား
#ပိုင်ရှင်

Some text some message..