
အလှသိပ်ကြိုက်တဲ့အမျိုးသမီးတွေဖြစ်တာကြောင့် ဘယ်သူမဆို ရှိရင်းစွဲအသက်အရွယ်ထက်တော့ အရွယ်တင်ပြီး နုပျိုမှုကို လိုလားကြမှာပါ။ အခုခေတ်မှာ ခွဲစိတ်ပြုပြင်မှုတွေလုပ်လို့ရနေပြီဖြစ်သော်လည်း အဲဒီလိုခွဲစိတ်ပြုပြင်မှုတွေဟာ သဘာဝတိုင်း အရွယ်တင်နုပျိုမှုကိုတော့ မမှီပါဘူး။ ဒါဆိုရင် ပျိုမေတို့အနေနေဲ့ အရွယ်တင်နုပျိုစေဖို့အတွက် အသက် ၂၀ တန်းအရွယ်မှာကတည်းကိုက လိုက်နာပြီး လုပ်ဆောင်သင့်တဲ့ လျှို့ဝှက်ချက်တွေကို မျှဝေပေးချင်ပါတယ်။ အဲဒါတွေကတော့..
(၁) Sunscreen လိမ်းပါ
အိုမင်းရင့်ရော်မှုကို ဖြစ်ဖို့ တွန်းအားပေးနေတာကတော့ UV ပါပဲ။ နေပူပူ၊ မပူပူ၊ အပြင်ထွက်ထွက်မထွက်ထွက် နေ့ဖက်လိမ်းတဲ့ skin care step ထဲမှာ sunscreen ကို မဖြစ်မနေ ထည့်ကိုထည့်လိမ်းပေးရပါမယ်။
(၂) မျက်နှာလေးကိုရှင်းနေအောင်ထားခြင်း
အမည်းစက်၊ အမာရွတ်တွေ စတာတွေကို မဖြစ်အောင် ဂရုတစိုက်နေပေးပါ။ မျက်နှာမှာ ဘာအပြစ်အနာအဆာမှ မရှိတဲ့လူထက် ရှိတဲ့လူဟာ ပိုပြီး အိုမင်းရင့်ရော်စေပါတယ်။

Freepik- cookie_studio
(၃) ရေဓာတ်ဖြည့်ပေးဖို့က အဓိက
အသားအရေလေးတွေ တင်းရင်းစိုပြေနေစေဖို့ဆိုတာ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်မပြည့်ဟာလည်း အများကြီးသက်ဆိုင်နေပါသေးတယ်။ ဒီအတွက် ရေများများသောက်တာမျိုး၊ moisturizer လိမ်းတာမျိုးနဲ့ mask ကပ်ပေးတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။
(၄) အစားအသောက်ကို ဂရုစိုက်ပါ
ဆီကြော်မုန့်တွေ၊ အကင်တွေစတဲ့ ကျန်းမာရေးနဲ့မညီညွတ်တာတွေ၊ အရက်သေစာနဲ့ မူးယစ်ဆေးတွေကို ရှောင်ကျဉ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ လတ်လတ်ဆန်ဆန် အစားအသေသာက်တွေကိုသာ စားပေးပါ။

Freepik- wayhomestudio
(၅) Supplement တွေကို မှီဝဲပါ
အစားအသောက်အပြင် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ရဖို့အတွက် ပျိုမေတို့အနေနဲ့ အသက် ၂၅ နှစ်ကျော်ပြီးတာနဲ့ လိုအပ်တဲ့ supplement တွေကို မှီဝဲသင့်ပါတယ်။ ဥပမာ ငါးကြီးဆီတို့၊ ဗီတာမင် အီးတို့၊ ကော်လဂျင်တို့လိုမျိုးပေါ့။ ဒီလို supplement တွေကို မှီဝဲတဲ့လူနဲ့ မမှီဝဲတဲ့လူရဲ့ အသားအရေဟာလည်း အရမ်းကွာခြားလှပါတယ်။
(၆) တစ်နေ့ကို ၇ နာရီပြည့်အောင်အိပ်ခြင်း
အသားအရေကိုပဲ ဂရုစိုက်တာတင်မရဘဲနဲ့ အိပ်စက်ခြင်းဟာလည်း သင့်ရဲ့ အိုမင်းရင့်ရော်ခြင်းကို သိသိသာသာပြောင်းလဲစေပါတယ်။ ညအိပ်တဲ့အခါ ကော်လဂျင်ထုတ်ပေးတဲ့လုပ်ငန်းစဉ်တွေဟာ ပိုအလုပ်လုပ်ပေးနိုင်သလို အိပ်ရေးမဝတဲ့အခါ ဖြစ်လာတဲ့ စိတ်ဖိဆီးမှုတွေဟာ မျက်တွင်းကျတာကစလို့ အသားအရေခြောက်တာ စတဲ့ အသားအနေဲ့ပတ်သက်တဲ့ပြဿနာတွေကိုပါ ခေါ်လာစေမှာဖြစ်ပါတယ်။

Freepik- drobotdean
penny