မျက်နှာပေါ်က ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ၊ ချိုင့်ခွက်တွေကို သက်သာပျောက်ကင်းစေတဲ့ နည်းလမ်းများ
lifestylemyanmar.com
|
2020-10-15



ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဝက်ခြံတွေရဲ့ အကျိုးဆက်အဖြစ် ကျန်ရှိနေခဲ့တဲ့ မျက်နှာပေါ်ကအမာရွတ်တွေ၊ ချိုင့်ခွက်တွေနဲ့ အခြားသောထိခိုက်ဒဏ်ရာတွေကြောင့် ကြွင်းကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းစေနိုင်မယ့်နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Vaseline အလှဆီ




လေ့လာမှုတွေအရ Vaseline အလှဆီဟာ ဈေးကြီးလိမ်းဆေး Serums နဲ့ယှဉ်ရင် ထိရောက်မှုပိုရှိပြီး ယုံကြည့်စိတ်ချရတဲ့ ဆေးတလက်ဘဲဖြစ်ပါတယ်။ Vaseline ကို ၁ပတ်ကနေ ၃ပတ်အထိ တနေ့ကို သုံးကြိမ် ပုံမှန်လိမ်းပေးခြင်းဖြင့် အသားအရေအတွက် ကောင်းမွန်တဲ့ ရလဒ်မျိုး ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ မျက်နှာပေါ်မှာ ချိုင့်ခွက်တွေနဲ့ အရေပြားညီညာမှုမရှိတဲ့အခါ၊ ရေကျောက်ပေါက်ပြီး အမာရွတ်တွေကျန်ခဲ့တဲ့အခါ၊ ဝက်ခြံပေါက်ပြီး အမာရွတ်တွေကျန်ခဲ့တဲ့အခါ၊ အကြောပြတ်ပြီး အရေးကြောင်းတွေဖြစ်တဲ့အခါ Vaseline ကို အသုံးပြုနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်




ရှားစောင်းလက်ပတ်ဟာ ရာစုနှစ်များစွာကတည်းက အသုံးပြုလာတဲ့ ဆေးဖက်ဝင်အပင်ဖြစ်ပြီး ပျက်စီးသွားတဲ့ အရေပြားကို အစားထိုးပြုပြင်ဖို့ အကောင်းဆုံးဘဲဖြစ်ပါတယ်။ အရေပြားရောင်ရမ်းခြင်း၊ ညီညာမှုမရှိခြင်းကို ပျောက်ကင်းနိုင်ပြီး ပိုးသတ်ဆေးဂုဏ်သတ္တိပါဝင်တာကြောင့် ပျက်စီးသွားတဲ့ အရေပြားတွေပြန်လည်ပြုပြင်ဖို့ ကောင်းစွာအသုံးချနိုင်ပါတယ်။ ဒါ့ကြောင့် ရှားစောင်းလက်ပတ်ဂျယ်လ်ကို အသားအရေပျက်စီးတဲ့နေရာမှာ လိမ်းပြီး မိနစ် ၃၀လောက်ကြာရင် ရေဖြင့် ဆေးကြောသန့်စင်ပေးပါ။ တနေ့ကို ၂ကြိမ် လိမ်းပေးနိုင်ပါတယ်။ အမျိုးသမီးများ ဗိုက်ခွဲထားတဲ့ အမာရွတ်နဲ့ အခြားထိခိုက်ဒဏ်ရာကြောင့်ဖြစ်ပေါ်တဲ့ အမာရွတ်တွေအတွက်လည်း ကောင်းစွာအသုံးပြုနိုင်ပါတယ်။

စန္ဒကူးဆီ၊ လာဗင်ဒါဆီ




အဆိုပါ ဆီ၂မျိုးဟာ ကော်လာဂျင်ကို ပေါင်းစပ်မြှင့်တင်ပေးပြီး ပိုးသတ်ဆေးဂုဏ်သတ္တိရှိပါတယ်။ အမာရွတ်၊ အရေပြားရောင်ရမ်းခြင်း၊ အနာသွေးထွက်ခြင်း၊ မျက်နှာပေါ်က အရေပြားညီညာမှုမရှိခြင်း စတဲ့ပြဿနာများကို ကောင်းစွာဖြေရှင်းပေးနိုင်ပါတယ်။ နေ့စဉ်ပုံမှန် အရေပြားကိုလိမ်းပေးပြီး နှိပ်နယ်ပေးခြင်းဖြင့် အသားအရေကို လှပစေပြီး ဘယ်လိုအမာရွတ်ကိုမဆို ပျောက်ကင်းစေနိုင်ပါတယ်လို့သိရှိရပါတယ်။

ကြက်သွန်နီ




ကြက်သွန်နီဟာ အရေပြားရောင်ရမ်းခြင်းကို ကာကွယ်ပေးပြီး ဘက်တီးရီးယားပိုးမွှားတွေကို ဆန့်ကျင်ပေးပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ တစ်သျှူးတွေကို ပျော့ပျောင်းစေပါတယ်။ ထိခိုက်ဒဏ်ရာဖြစ်တဲ့ကာလအတွင်း ဖြစ်ပေါ်တဲ့ အမာရွတ်တွေအတွက် ကြက်သွန်နီအဆီကို တနေ့ ၃ကြိမ်လိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် မီးလောင်မှုကြောင့်ဖြစ်ပေါ်တဲ့ အမာရွတ်တွေ၊ ခွဲစိတ်ဒဏ်ရာတွေ၊ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်ပေါ်တဲ့ အမာရွတ်တွေအတွက်လည်း ကောင်းစွာအသုံးပြုနိုင်ပါတယ်။

ပန်းသီးရှာလကာရည်+ပျားရည်




ပန်းသီးရှာလကာရည် နဲ့ ပျားရည်ဟာ ပိုးမွှားတွေကို ဆန့်ကျင်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိများစွာပါဝင်ပါတယ်။ သဘာဝပိုးသတ်ဆေးတမျိုးဖြစ်တာကြောင့် ဝက်ခြံကြောင့် ကျန်ရှိနေတဲ့ အမာရွတ်တွေ၊ မညီညာမှုတွေကို ပျောက်ကင်းစေပါတယ်။ အသုံးပြုပုံကတော့ ပျားရည်နဲ့ ပန်းသီးရှာလကာရည်ကို ရောစပ်ပြီး ၁၀မိနစ်ကြာအောင်လိမ်းထားပေးပါ။ ပြီးမှ ရေဖြင့် ဆေးကြာသန့်စင်ပေးပါ။

#Lifestyle_Myanmar

#Dmo_aung

#Ref- Brightside



Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။


#အမာရွတ်
#အရေပြား
#ဂုဏ်သတ္တိ
#ထိခိုက်ဒဏ်ရာ
#လက်ပတ်

Some text some message..