ဒိန်ချဉ်နှင့် မျက်နှာပေါင်းတင်ရင် ရရှိနိုင်မယ့် အလှအပရေးရာ အကျိုးကျေးဇူးများ
myanmaplatform.com
|
2020-10-23



ပျိုမေတို့အနေနဲ့ အရသာကောင်းမွန်တဲ့ ဒိန်ချဉ်ကိုကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ တကယ်တော့ ဒိန်ချဉ်က စားသုံးဖို့အတွက်သာမက ကျန်းမာရေးအတွက်ပါအကျိုးကျေးဇူး များစွာရှိပါတယ်။ အထူးသဖြင့် မိန်းကလေးတွေရဲ့အလှအပရေးရာမှာ ဆေးဖက်ဝင်တဲ့ ကုန်ကြမ်းပစ္စည်းဖြစ်ပါတယ်။ပျိုမေတို့သာ ဒိန်ချဉ်သုံးပြီးမျက်နှာပေါင်း တင်မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။


၁ ။ ရေဓာတ် ပြည့်ဝစေပြီး အစိုဓာတ်ကိုထိန်းပေးခြင်း
ပျိုမေတို့အနေနဲ့ တကယ်လို့ကိုယ့်ရဲ့မျက်နှာက ခြောက်သွေ့ပြီး အမြဲတမ်းပင်ပန်းနွမ်း နယ်နေတဲ့ပုံပေါက်နေတယ်ဆိုရင် ဒိန်ချဉ်ကို မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံပွတ်သပ် လိမ်းပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ဒိန်ချဉ်မှာ ပါဝင်တဲ့ လက်တစ်အက်ဆစ်ဟာ ပျိုမေတို့ရဲ့မျက်နှာအရေပြားပေါ်က ဆဲလ်လေးတွေကို လှုံ့ဆော်မှုဖြစ်စေပြီး မျက်နှာအသားအရေအတွက်လိုအပ်တဲ့ ရေဓာတ်ကိုရစေမှာဖြစ်ပါတယ်။ ဒီလိုလေးမကြာမကြာလုပ်ပေးမယ်ဆိုရင် မျက်နှာလေးပြန်လည်စိုပြည်ပြီးကြည်လင် လှပစေနိုင်ပါတယ်။


၂ ။ အသားအရေကို ဖြူဝင်းစေခြင်း
ကျွန်မတို့ရဲ့အရေပြားကနေထုတ်တဲ့ tyrosinase အမ်ဇိုင်း ဓာတ်တစ်မျိုးကိုထုတ်လေ့ရှိပါတယ်။ အဲဒီအမ်ဇိုင်းဓာတ်က အသားအရေမဲညစ်စေတဲ့မယ်လ်နင်ဓာတ်ကိုပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ ဒိန်ချဉ်မှာပါတဲ့လက်တစ်အက်စစ်ကတော့ မယ်လ်နင်ဓာတ်ကိုပံ့ပိုးပေးတဲ့ အဲဒီအမ်ဇိုင်းထုတ်မှုကိုတားဆီးပေးနိုင်ပါတယ်။ ဒါကြောင့်ဒိန်ချဉ်ကိုစားတာပဲဖြစ်ဖြစ် မျက်နှာပေါ်မှာ Mask လုပ်တာပဲဖြစ်ဖြစ်ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရေကိုဖြူဝင်းလာစေမှာဖြစ်ပါတယ်။



၃ ။ ဆဲလ်သေတွေကို ဖယ်ရှားသန့်စင်ပေးနိုင်ခြင်း
အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားရာမှာ ဒိန်ချဉ်ကအတော်လေးထိရောက်တဲ့ကုန်ကြမ်းတစ်မျိုးဖြစ်ပါတယ်။ ဒိန်ချဉ်ထဲက လက်တစ်အက်ဆစ်က မျက်နှာ အသားအရေပေါ်မှာ ရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားသန့်စင်စေနိုင်ပါတယ်။ နောက်တစ်ချက်အနေနှင့်ကတော့ ဆဲလ်အသစ်တွေကိုလည်းပြန်လည်ဖြစ်ပေါ်လာအောင်အရေပြားကိုလှုံ့ဆော်မှုဖြစ်ပါစေပါတယ်။
၄ ။ အစက်အပျောက်ကင်းပြီးအသားအရေကိုချောမွေ့စေခြင်း
ပျိုမေတို့အနေနဲ့ အစက်အပြောက်ကင်းပြီးချောမွေ့တဲ့အသားအရေကိုရချင်တယ်ဆိုရင်တော့ ဒိန်ချဉ်နှင့် မျက်နှာပေါင်းတင်တာကို နေ့စဉ်ပုံမှန်လုပ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်နှာအရေပြားပေါ်က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုသန့်စင်စေနိုင်ပါတယ်။ နောက်ပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေနဲ့အသားအရောင်မညီတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်တွေ့ရလဒ်တွေဖြစ်လို့ စမ်းလုပ်ကြည့်နော်...



၅ ။ မျက်ကွင်းညိုတာကို သက်သာစေခြင်း
ဒိန်ချဉ်ရဲ့နောက်ဆုံးကောင်းကျိုးတစ်ခုကတော့ မျက်ကွင်းညိုတာကိုသက်သာစေတဲ့ အချက်ပဲဖြစ်ပါတယ်။ မျက်ကွင်းညိုတာကိုကုသတဲ့နေရာမှာ တကယ့်ဆေးစွမ်းကောင်းတစ်လက်လို့တောင်ပြောလို့ရပါတယ်။ မျက်နှာအသားအရောင်မညီတဲ့နေရာတွေ၊ မျက်ကွင်းညိုတဲ့နေရာတွေကို သဘာဝဒိန်ချဉ်နဲ့ ပွတ်လိမ်းပြီး ၁၅မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။
ဒိန်ချဉ်မှာပါဝင်တဲ့နောက်ထပ်အာနိသင်တစ်မျိုးဖြစ်တဲ့ ဇင့်ဓာတ်က အသားအရေကိုကျန်းမာ စေပြီးအသားအရောင်မညီတာ မျက်ကွင်းညိုတာတွေကိုသက်သာစေနိုင်ပါတယ်။


#မျက်နှာ
#အရေပြား
#ဆဲလ်
#အသားအရောင်
#ဝက်ခြံ

Some text some message..