ရှားစောင်းလက်ပတ်ကို အသုံးပြုခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး(၅)ခု
auntymay.com
|
2020-10-26

ရှားစောင်းလက်ပတ်ဟာ အလွန်ဆေးဖက်ဝင်တဲ့ သဘာဝပစ္စည်းတစ်မျိုးဆိုတာကိုတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ ရှားစောင်းလက်ပတ်ကို လူတော်တော်များများက အလှကုန်ပစ္စည်းတွေ၊ ခန္ဓာကိုယ်အလေးချိန်လျှော့ချတဲ့နေရာမျိုးတွေ၊ ဆံသားကောင်အောင် ပြုလုပ်တဲ့ နေရာမျိုးတွေမှသာ အသုံးပြုလေ့ ရှိကြပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ပျိုမေတို့အတွက် ရှားစောင်းလက်ပက်သုံးခြင်းဖြင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူး ၅ ခုကို ပြောပြပေးချင်ပါတယ်။


Pixabay-casellesingold

၁။ နေလောင်တာသက်သာအောင်လို့လည်း ရှားစောင်းလက်ပက်ကို အသုံးပြုနိုင်ပါတယ်


နေလောင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အသာရေ ညိုမည်းပျက်ဆီးခြင်းတွေအတွက် ရှားစောင်းလက်ပတ်ကို ဂျယ်လ်ပုံစံပြုလုပ်ပြီး လက်ဖက်ရည်ဇွန်းနှစ်ဇွန်စာ ရအောင်ပြုလုပ်ပါ။ သံပုရာအသီး တစ်ခြမ်းကို အသုံးပြုပြီး အရည်ညှစ်ကာ ရှားစောင်း
လက်ပတ်ထဲကို ထည့်လိုက်ပါ၊ အဲဒီနောက် သမအောင် မွှေပြီး၊ နေလောင်ဒဏ်ရာတွေကို သုတ်လိမ်းပေးပြီး ၁၅ မိနစ်ကြာရင် ရေစင်အောင် ဆေးပါ။

၂။ ဝက်ခြံတွေပျောက်ကင်းသက်သာဖို့အတွက်လည်းရှားစောင်းလက်ပက်ဟာအသုံးဝင်ပါတယ်

ရှားစောင်းလက်ပတ်ကို အရည်ဖြစ်အောင် ပြုလုပ်ပြီး ရေခဲသေတ္တာထဲက ခွက်တစ်ခွက်ထဲမှာ မိမိအသုံးပြုလိုသလောက် ထည့်ပြီး ခဲအောင်အအေးခံလိုက်ပါ၊ ခဲသွားပြီဆိုတာနဲ့ မျက်နှာမှာရှိတဲ့ ဝက်ခြံပေါက်ရာ ဧရိယာကို ညင်သာစွာ ပွတ်ပေးပါ။ အဲဒီလိုပုံစံမျိုးကို တစ်ရက် 2 ကြိမ်မှ 3 ကြိမ်အထိ လုပ်နိုင်ပါတယ်။


Pixabay-punnamjai

၃။ ရှားစောင်းလက်ဖက်ဟာ အစာခြေဖျက်ရာမှာလည်း အသုံးဝင်တဲ့ဆေးစွမ်းကောင်းတစ်ခုပါ

ရှားစောင်းလက်ဖက်သားကို ဖျော်ရည်ပုံစံမျိုးလုပ်သောက်ပါက အစာမကြေခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့အပြင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူဓာတ်ကို ကောင်းကောင်းထိန်းချုပ်ပေးစေနိုင်ပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ဖက်ထဲမှာ Vitamin A, Vitamin B12, Vitamin C, Vitamin E, Folic Acid အစရှိတဲ့ ဓာတ်ပေါင်းများစွာ ပါဝင်ကြောင်း သိရပါတယ်။

၄။ ရှားစောင်းလက်ပက်ကို ခန္ဓာကိုယ်အလှဆီပုံစံမျိုးနဲ့လည်းအသုံးပြုနိုင်ပါတယ်

ရှားစောင်းလက်ပက်ကို ခန္ဓာကိုယ်အလှဆီအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ အဆိုပါ အလှဆီဟာ တိရစ္ဆာန်ဆီများ မပါဝင်တဲ့ သဘာဝအပင်ကနေ ထုတ်ယူထားတဲ့ အဆီတစ်ခုဖြစ်တာကြောင့် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ အဆိုပါ ရှားစောင်းလက်ပက်ကို ခန္ဓာကိုယ် အလှဆီအနေနဲ့ အသုံးပြုပေးရင် အသားအရေကောင်းမွန်ပြီး ရေရှည်စွဲလိမ်းရင်တော့ အကောင်းဆုံးပါပဲ။ ဒါ့အပြင် အရွယ်အရ ဖြစ်တတ်တဲ့ ခန္ဓာကိုယ်အရေးကြောင်းတွေကိုလည်း ရှားစောင်းလက်ပက်ကို သုံးပြီး ပျောက်ကင်းအောင်ပြုလုပ်နိုင်ပါတယ်။


Pixabay-Lovesevenforty

၅။ ဆံပင်သန်လာအောင်လို့လည်းရှားစောင်းလက်ပက်ကိုအသုံးပြုနိုင်ပါတယ်

ကိုယ့်ရဲ့ ဆံသားကို ဂရုစိုက်ချင်သူတွေ၊ ဆံသားနက်မှောင်သန်စွမ်းလိုသူတွေအတွက်တော့ ရှားစောင်းလက်ပက်ဟာ မရှိမဖြစ် အရေးပါတဲ့ ပစ္စည်းတစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ရှားစောင်းလက်ပက် အတွင်းသားကို ဓားနဲ့လှီးပြီး ဆံသားတွေကို သေသေချာချာ သုတ်လိမ်းပေးခြင်းကို နေ့စဉ်ပြုလုပ်တာကတော့ အကောင်းဆုံးပါပဲ။

phk


#လက်ပတ်
#ခန္ဓာကိုယ်
#လက်ဖက်
#ပုံစံ
#ခြံပေါက်

Some text some message..