
တစ်ခါတစ်လေ ပျိုမေတို့ရဲ့ အသားအရေနဲ့ ဆံသားအလှအပတွေအတွက် နေ့တိုင်းသုံးနေကျ chemical ပစ္စည်းတွေကနေ အနားယူပြီးတော့ သဘာဝပစ္စည်းလေးတွေဖက်ကို လှည့်ကြပါစို့လား။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အနေနဲ့ အိမ်မှာ ပဲ လွယ်လွယ်ကူကူနဲ့ ငွေကုန်ကြေးကျသက်သာစွာ ကိုယ်တိုင်လုပ်လို့ရနိုင်မယ့် ခေါင်းလိမ်းဆီ၊ ပေါင်းတင်ဆီလုပ်နည်းလေးတွေအကြောင်းကို ဖော်ပြပေးသွားမှာပါ။

Freepik-freepik
(၁) အုန်းဆီ-ရှားစောင်းလက်ပက်
အုန်းဆီဟာ ဆံသားတွေကို အားဖြည့်ပေးတဲ့အပြင်ကိုမှ နူးညံ့တောက်ပြောင်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ကတော့ ဦးရေပြားကို အားဖြည့်ပေးတဲ့အပြင် ဗျောက်ပျောက်စေဖို့အတွက် အထောက်အကူပြုပါတယ်။
အသုံးပြုပုံ- အုန်းဆီဗူးသေးတစ်ဗူးနဲ့ ရှားစောင်းလက်ပတ် တစ်မြှောင်းကိုယူပါ။ နောက် မီးအေးအေးလေးနဲ့ အုန်းဆီကိုကြိုပြီးတော့ ရှားစောင်းလက်ပက်အနှစ်နဲ့ ရောပြီး မွှေပေးပါ။ ခေါင်းမလျှော်ခင် တစ်ညအလိုမှာ နှပ်ထားပေးနိုင်ပါတယ်။

Freepik-spams
(၂) သံလွင်ဆီ – ဇီးဖြူရွက်
ဇီးဖြူရွက်ဟာ ဗီတာမင် C ပြည့်ဝစွာပါဝင်ပြီးတော့ ဆံသားမည်းနက်စေဖို့နဲ့ ပျော့ပျောင်းစေဖို့အထောက်အကူပြုနိုင်ပါတယ်။
အသုံးပြုပုံ- ဇီးဖြူရွက်ခြောက်တွေကို သံလွင်ဆီထဲထည့်ပြီး ကြိုပါ။ ရလာတဲ့ဆီကို တစ်ပတ်လောက်နှပ်ထားပြီး တစ်ပတ်မှာ ၂ ခါ လိမ်းပေးမယ်ဆိုရင် သိသာတဲ့ ရလဒ်ကို ခံစားရမှာဖြစ်ပါတယ်။

Freepik-freepik
(၃) ကြက်သွန်နီ – Lavender oil
ကြက်သွန်နီဟာ ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးနိုင်ပြီးတော့ ဦးရေပြားတစ်ရှူးတွေကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ Lavender oil ကတော့ ပိုးတွေကို သေစေနိုင်ပြီးတော့ ဆံသားကို နူးညံ့စေမှာပါ။ ဆံပင်လည်း သန်စေမှဖြစ်ပါတယ်။
အသုံးပြုပုံ- ကြက်သွန်နီကိုကြိတ်ပြီးရလာတဲ့အရည်ကို စားပွဲတင်စွန်း ၃ စွန်းခန့်ယူပါ။ နောက် အုန်းဆီလည်း ၃ စွန်းထည့်၊ Lavender oil ၂ စက်ထည့်ပြီးတော့ ဦးရေပြားထဲကို အစက်လေးတွေချကာ ၁၀ မိန်စလောက် နှိပ်နယ်ပေးပြီး နာရီဝက်လောက်ပေါင်းတင်ပါ။

Freepik-freepik
(၄) တရော်ကင်ပွန်း – ကြက်ဆူုဆီ
ကြက်ဆူဆီဟာလည်း သဘာဝအလျောက် ဆံသားအတွက်ကောင်းကျိုးပေးနိုင်တဲ့ ဆီတစ်မျိုဖြစ်ပြီး တရော်ကင်ပွန်းကတော့ ဟိုးရှေးခေတ်ကတည်းကိုက မြန်မာတွေ ယုံကြည်စွာ သုံးစွဲလာကြတဲ့ ဆံသားဖြည့်စွက်ပေးတဲ့အရာပါ။
အသုံးပြုပုံ- ကြက်ဆူဆီထဲကို တရော်ကင်ပွန်းတွေကိုထည့်ပြီး ကြိုပေးပါ။ ပြီးရင် ရလာတဲ့ဆီကို သိမ်းထားနိုင်ပြီးတော့ ခေါင်းမလျှာ်ခင် နာရီဝက်၊ တစ်နာရီလောက် လိမ်းပေးထားခြင်းဖြင့် ဆံသားကို သိသိသာသာ ပြန်လည်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။
penny