နှုတ်ခမ်းတွေမကွဲအက်နေဖို့အတွက် နည်းလမ်းကောင်းလေးများ
lifestylemyanmar.com
|
2020-10-28


အခုချိန်မှာ ဆောင်းလေကလည်း တဖြည်းဖြည်းတိုက်လာပြီဆိုတော့ နှုတ်ခမ်းတွေလည်း စပြီးကွဲခြောက်နေကြပြီပေါ့။ FA ပဲဖြစ်ဖြစ်၊ RS ပဲဖြစ်ဖြစ် ဒီအချိန်မှာ နှုတ်ခမ်းလေးတွေမခြောက်သွေ့နေအောင် လုပ်ပေးမယ့် ရည်းစားနဲ့လည်း ဝေးနေရတော့ အဆင်မပြေဘူးလေ။ နောက်တာပါနော်…..။ ဒီတော့ နုနုထွတ်ထွတ် နှုတ်ခမ်းလေးတွေ မကွဲအက်နေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။




၁။ ညမအိပ်ခင် ဘယ်လိုမျိုးလုပ်မလဲ။

ညမအိပ်ခင် နှုတ်ခမ်းပေါ်မှာ အရည်အသွေးကောင်းမွန်တဲ့ နှုတ်ခမ်းအဆီကို ပါးပါးလေးသုတ်လိမ်းပြီး အိပ်ပါ။ မနက်အိပ်ရာနိုးလာတဲ့အချိန်ကျရင် နှုတ်ခမ်းပေါ်ကို သွားတိုက်ဆေးလေးနည်းနည်းနဲ့ ပြန်ပွတ်လိုက်ခြင်းဖြင့် ဆဲလ်အသေတွေကိုဖယ်ရှားပေးနိုင်သလို နှုတ်ခမ်းသားတွေ ခြောက်သွေ့ခြင်းကလည်း ကာကွယ်ပေးနိုင်ပါတယ်။




၂။ နှုတ်ခမ်းကို ပေါင်းတင်ပါ။

နှုတ်ခမ်းကို သကြား၊ ဗာဒံဆီ၊ ပျားရည်တို့နဲ့ပေါင်းစပ်ပြီး ပေါင်းတင်ခြင်းဖြင့် စိုပြေချောမွေ့တဲ့နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်စေမှာပါ။




၃။ ရေဓာတ်ပြည့်ဝနေပါစေ။

အသားအရေခြောက်သွေ့တာမျိုး၊ နှုတ်ခမ်းခြောက်တာမျိုးတွေဖြစ်တာက ရေဓာတ်မပြည့်ဝတာကြောင့်လည်းဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက်သောက်သုံးပေးသင့်ပြီး ဒါက သင့်ရဲ့နှုတ်ခမ်းသားလေးတွေအတွက်တင်မကဘဲ ခန္ဓာကိုယ်အတွက်လည်း အခြားသောအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။




၄။ နှုတ်ခမ်းနီမှာပါဝင်တဲ့ပစ္စည်းများကို သေချာသိရှိပါစေ။

နှုတ်ခမ်းနီပြုလုပ်ရာမှာ ပါဝင်တဲ့ Shea Butter, Cocoa Butter နဲ့ Coconut Oil တွေက သင့်နှုတ်ခမ်းကို အပူဒဏ်နဲ့ လေထုညစ်ညမ်းမှုဒဏ်တွေက ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အခြားသောပါဝင်ပစ္စည်းတွေ ဥပမာအားဖြင့် Camphor လိုပစ္စည်းမျိုးက သင့်နှုတ်ခမ်းကို ခြောက်သွေ့စေနိုင်တယ်ဆိုတာ သတိပြုပါ။ Expired Date ကျော်လွန်သွားတဲ့ နှုတ်ခမ်းနီတွေကိုလည်း မသိမ်းထားဘဲ တစ်ခါတည်းလွှင့်ပစ်ပါနော်။




၅။ နှုတ်ခမ်းသားလေးတွေအတွက် အရေးပါတဲ့ ဗီတာမင်အီး။

ဗီတာမင်အီးအတွက် အားဖြည့်ပေးနိုင်တဲ့ အားဆေးတွေကို သောက်သုံးပေးသင့်ပြီး ဒီဗီတာမင်အီးက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သင့်နှုတ်ခမ်းကို နူးညံ့ချောမွေ့စေပါလိမ့်မယ်။




၆။ ရှားစောင်းလက်ပတ်ကို အသုံးချပါ။

အလှအပတရားအတွက်ဆို မပါမဖြစ်က ရှားစောင်းလက်ပတ်ပေါ့။ ရှားစောင်းလက်ပတ်အဆီကို နှုတ်ခမ်းပေါ် သန့်ရှင်းစွာ သုတ်လိမ်းပေးခြင်းဖြင့် သင့်နှုတ်ခမ်းသားကို နူးညံ့စေမှာဖြစ်ပါတယ်။




၇။ နေရောင်ဒဏ်ကနေ ကာကွယ်ပေးပါ။

နေရောင်အောက် အမြဲတမ်းသွားလာနေရတဲ့သူတွေမှာ (၂၉၉) ယောက်က နေရောင်ခံခရင်မ်တွေကို လိမ်းလေ့ရှိပေမယ့် အဲ့ဒီအထဲကမှ (၃၇) ရာခိုင်နှုန်းကသာ နှုတ်ခမ်းကိုနေရောင်ဒဏ်က ကာကွယ်ဖို့အတွက် အသေအချာဆောင်ရွက်လေ့ရှိတယ်လို့ဆိုပါတယ်။ သင့်နှုတ်ခမ်းအတွက် အသုံးပြုတဲ့ နှုတ်ခမ်းအဆီမှာလည်း SPF ပါဝင်မှုနှုန်းများပြားဖို့ လိုအပ်ပြီး နေပူထဲသွားတဲ့အချိန်ကျရင် တစ်နာရီကို တစ်ခါလောက် ဒီနှုတ်ခမ်းအဆီလေး သုတ်လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းကို နေရာင်ဒဏ်ကနေ ကာကွယ်ပေးနိုင်မှာပါ။




၈။ ညအိပ်ရာမဝင်ခင် မိတ်ကပ်ဖျက်ပါ။

ညဘက်အိပ်ရင် မိတ်ကပ်မဖျက်ဘဲ အိပ်တာက သင့်အသားအရေအတွက် ကောင်းကျိုးမရှိသလို နှုတ်ခမ်းအတွက်လည်း ထိုနည်းလည်းကောင်းပါပဲ။ သင့်နှုတ်ခမ်းမှာ နှုတ်ခမ်းနီဆိုးထားတာမျိုးမရှိရင်တောင် ညအိပ်ရာမဝင်ခင်တိုင်းမှာ မိတ်ကပ်ကိုမဖြစ်မနေ ဖျက်ပစ်ဖို့ အရေးကြီးပါတယ်လို့ အကြံပေးလိုက်ရပါတယ်နော်။

#HM

#LifestyleMyanmar

Source: healthline


#နှုတ်ခမ်း
#နှုတ်ခမ်းသား
#နေရောင်
#လက်ပတ်
#အိပ်ရာ

Some text some message..