Face Roller ကို မှန်ကန်စွာ အသုံးပြုနည်း နဲ့ ကောင်းကျိုးများ
auntymay.com
|
2020-11-03

Face Roller က တော့ အခုနောက်ပိုင်းမှာေ တာ်တော် လေး နာမည်ကြီး လာပါတယ်။အဓိက တော့ မျက်နှာကို နှိပ် နယ်ပေး တာပါ။Facr Roller တွေ က တော့ အမျိုးအစား မျိုးစုံ ရှိပါတယ်။သူယောင်ကျောက်နဲ့ လုပ်တဲ့ Face Roller ၊ ကျောက်စိမ်းနဲ့ Face Roller ၊3D Face Roller …. ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ကျောက်နဲ့ လုပ်တဲ့ Face Roller တွေ မှာတော့ အတု နဲ့ အစစ် ဆိုတာ ကို မူတည်ပြီး ဈေးနှုန်း ကွာ ဟ မှုတွေ တော့ ရှိပါတယ်။Face Roller ကို ဘယ်လို မှန်ကန်စွာ သုံးမယ်၊သူ့ရဲ့ အကျိုး ကျေးဇူးတွေ ကိုတော့ Best Fashion မှာ အခုလို ဖော်ပြထားပါတယ်။

အသုံးပြုနည်း

Image:freepik.com/rudoelena

တစ်ချို့က ဒါက မျက်နှာကို နှိပ်ပေးတဲ့ အရာပဲ ဆိုပြီး မျက်နှာ ပေါ်မှာ ဒီအတိုင်း လှိမ့်ကြ၊နှိပ်ကြ၊သုံးနေကျ တာတွေ ရှိပါတယ်။တကယ် တော့ အဲ့ဒီလို မလုပ်ရပါဘူး။မျက်နှာ မှာ Facial Oil၊Moisturizer၊Serum အဲ့လို မျိုး တစ်ခုခုကို လိမ်းမထားပဲ ဒီအတိုင်း ကြီး သုံး နေ မယ်ဆိုရင် တော့ အကျိုးကျေးဇူးတွေ မခံစားရပဲ ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။Face Roller က မျက်နှာအရေပြား ကို ဒီတိုင်းကြီး ပွတ် တိုက် နေ မယ်ဆိုရင် အရေး အကြောင်းတွေ၊မျက်နှာ ပေါ်မှာ Line တွေ ပေါ် ကုန်တတ်ပါတယ်။ဒါကြောင့် မျက်နှာ ကို အပေါ်မှာ ပြောခဲ့တဲ့ အရာ တစ်ခုခုကို လိမ်းပြီးတဲ့ အချိန်ကျမှ ဒါကို သုံးပါ။


Image:freepik.com/diana-grytsku

မျက်နှာ မှာ Facial Oil၊Moisturizer၊Serum တစ်ခုခု ကို မျက်နှာနဲ့ လည်ပင်းတွေမှာ လိမ်းပါ။အရင်ဆုံး စ သုံးမယ်ဆိုရင်တော့ လည်ပင်းနောက်ဘက် ပိုင်းတွေကို အရင် လှိမ့် ပေးပါ။အပေါ် ဘက်ကို တွန်း လှိမ့်တာ မျိုး လှိမ့် ပေးရမှာပါ။အောက်ကို ဆွဲချလှိမ့်တာ မျိုး မလုပ်ပါနဲ့။လည်ပင်းနောက်ပြီးရင်တော့ မေးရိုး Jawline ကို လှိမ့်ပါ။နားရွက် လေးတွေကို ပါ ထိ ပေးပါ။မေးရိုး Jawline ကနေ ပါးပြင် ကို အပေါ် တွန်းတင် တဲ့ ပုံစံ မျိုးနဲ့ ဆက်တိုက် လှိမ့် ပေးပါ။ပြီးရင်တော့ နဖူးကို လက်ချောင်းထိပ်လေး တွေနဲ့ နှိပ်နယ် ပေးသလို မျိုးလေး ဖြည်း ဖြည်းချင်းလှိမ့်ပေးပါ။ပြီးရင်တော့ မျက်ခုံးကို ရေပြင်ညီ အတိုင်း လှိမ့် ပေးပါ။အဲ့လို လှိမ့် ပေး နှိပ် ပေးရင် စိတ်ဖိစီးမှုတွေ၊ ခေါင်းကိုက်တာ တွေ ကို သက်သာ စေပါတယ်။

ရနိုင်တဲ့ အကျိုးကျေးဇူးများ

Image:freepik.com/photohobo

ရလာနိုင် တဲ့ အကျိုးကျေးဇူးတွေ ကေ တာ့ အများကြီးပါ။မျက်နှာ ကလည်း နှိပ်နယ် ပေးဖို့ လိုပါတယ်။Face Roller မသုံးဘူး ဆိုရင်တောင် မှ ကိုယ်မျက်နှာ ကို တစ်ပတ် တစ်ခါ လောက် တော့ အနည်းဆုံး ပုံမှန် နှိပ်နယ် ပေးသင့်ပါတယ်။ Face Roller နဲ့ နှိပ်နယ် ပေးမယ်ဆိုရင် မျက်နှာရဲ့ သွေးလှည့် ပတ်မှု တွေကို ကောင်းစေပါတယ်။မျက်နှာကို ပို တောက်ပ စေ၊Glow လာ စေပါတယ်။ဒါ့ အပြင် Anti-Aging အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်ပါတယ်။ မျက်နှာ မှာအ ရွယ် မတိုင် ခင် အရေးအကြောင်း တွေ ပေါ်တာ၊မျက်နှာ အ ရေပြား တွဲကျလာတွေ အတွက် လည်း ကောင်းပါတယ်။


Image:freepik.com/rudoelena

အိပ်တာများတာ၊ငိုထားတာ၊အငန်တွေ စားတာ ၊ခေါက်ဆွဲ ခြောက် တွေ စားလိုက်တဲ့ အခါ မျိုးတွေမှာ မျက်နှာ က ဖောင်းလာတာ တွေ ဖြစ်တတ်ပါတယ်။Face Roller က တော့ အဲ့လိုမျက်နှာ ဖောင်းအစ်နေတာ မျိုးတွေကို လည်း သက်သာ ပျောက် ကင်း စေပါတယ်။ နောက် ထပ် လုပ်ဆောင်ပေးနိုင်တာက တော့ မျက်နှာကို သွယ်လျ စေ ပါတယ်။ဆေးထိုး လိုက်သလို မျိုးကြီးတော့ မြန်မြန်ဆန်ဆန် ကြီး V Shape တော့ ဖြစ် မသွားပါဘူး။ဒါပေမယ့် သုံးတာ ကြာလာရင် မျက်နှာ လေးကို သွယ်လျ လာ စေပါတယ်။မျက်နှာက အဆိပ် အတောက် တွေကို လည်း ကင်းစင် စေပါတယ်။Roller လေးနဲ့နှိပ်နယ် ပေးခြင်းက မျက်နှာ အရေပြား ထဲက အဆိပ်အတောက် တွေ ကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။


Image:freepik.com/makistock

#AUNTYMAY


#မျက်နှာ
#အကျိုးကျေးဇူး
#လည်ပင်း
#မေးရိုး
#အရေးအကြောင်း

Some text some message..