Matcha green tea မှုန့်က ကျန်းမာရေးအတွက် ကောင်းမွန်ရုံသာမက အရေပြားနဲ့ ဆံပင်အတွက်လည်း အကျိုးကျေးဇူးတွေရှိတဲ့ စူပါအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဂျပန်လက်ဖက်ခြောက် Matcha green tea ဟာ ပုံမှန်လက်ဖက်စိမ်းထက် အင်တီအောက်ဆီဒင့် အဆ ၁၃၇ဆပိုများတယ်လို့ ယုံကြည်ရပါတယ်။ သူက အမည်းစက်တွေကို သက်သာစေပြီး အသားအရောင်ကို တောက်ပစေပါတယ်။ Matcha လက်ဖက်စိမ်းက အခြားလက်ဖက်တွေထက် အာဟာရဆယ်ဆ ပိုများပါတယ်။ အရေပြားနှင့် ဆံပင်ကို ကျန်းမာစေတဲ့ အင်တီအောက်ဆီဒင့်၊ ဗီတာမင်နှင့် အခြားမရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေ ကြွယ်ဝပါတယ်။ ဒါ့ကြောင့် ချစ်တို့ရဲ့ ဆံပင်နဲ့ အသားအရည်အတွက် Matcha green tea အသုံးပြုလေးကို မျှဝေပေးလိုက်ပါတယ်။
၁။ Matcha body scrub
Matcha green tea နှင့် epsom ဆားက အရေပြား detox လုပ်ပေးတဲ့ဖြစ်စဉ်ကို အထောက်အကူပြုပါတယ်။ အထူးသဖြင့် လေထုညစ်ညမ်းမှုကြောင့် အသားအရေမွဲခြောက်လာရင် ဒီ body scrub က အသားအရေကို ကောင်းမွန်စေပါလိမ့်မယ်။ အုန်းရည်က ခန္ဓာကိုယ် ရေဓါတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့ကြောင့် အုန်းရည်နည်းနည်း၊ ပင်လယ်ဆား (သို့) epsom ဆားခွက်တစ်ဝက် နှင့် Matcha လက်ဖက်စိမ်းအမှုန့်ကို ရောသမနယ်ပါ။ ကြာကြာခံအောင် လေလုံတဲ့ဗူးထဲ ထည့်ထားလို့ရပါတယ်။
၂။ Matcha Steam Facial
Matcha Steam Facial နည်းက spa လုပ်သလို ရလဒ်တွေကို ရရှိစေနိုင်ပါတယ်။ Matcha လက်ဖက်က ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို ပျောက်ကင်းစေတဲ့ antibacterial ဂုဏ်သတ္တိတွေပေးပါတယ်။ မျက်နှာကို ရေနွေးငွေ့ပေးခြင်းက ချွေးထွက်စေပြီး အရေပြားမှ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ချွေးပေါက်တွေကို သန့်ရှင်းပေးနိုင်ပြီး တောက်ပတဲ့ အသားအရေကို ရရှိနိုင်ပါတယ်။ မျက်နှာရေနွေးငွေ့ပေးဖို့အတွက် လိုအပ်တဲ့ ရေပမာဏကိုကြိုပါ။ matcha tea နှင့် jasmine tea နှစ်အိတ်စီကို ရေထဲထည့်ပြုတ်ပါ။ စံပယ်လက်ဖက်အိတ်မရှိဘူးဆိုရင် essential oil သုံးလို့ရပါတယ်။ ရေအပူချိန်ခံနိုင်သလောက် ရပြီဆိုရင် မျက်နှာကို ရေနွေးငွေ့ဖြင့် ချွေးထုတ်နိုင်ပါတယ်။
၃။ Matcha + Banana Face Pack
matcha လက်ဖက်စိမ်းနဲ့ မျက်နှာပေါင်းတင်နည်းက အသားအရေကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး အသားအရေကို တောက်ပစေပါတယ်။ matcha green tea မှာပါတဲ့ အင်တီအောက်ဆီဒင့်က အရေပြားကို ပြန်လည်နုပျိုစေပါတယ်။ သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးပြီး အသားအရေကို သန့်ရှင်းစေပါတယ်။ matcha လက်ဖက်စိမ်းမှုန့် တစ်ဇွန်း၊ ငှက်ပျောသီးတစ်ဝက်၊ အုန်းနို့ (သို့) နွားနို့ ပမာဏအသင့်အတင့်ကိုရောစပ်ပြီး ခပ်ပျစ်ပျစ်အနေအထားရအောင် မွှေပါ။ သန့်စင်ထားတဲ့မျက်နှာပေါ်မှာ လိမ်းပြီး မိနစ် ၂၀လောက် ပေါင်းတင်ထားပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးကြောပါ။
၄။ Matcha + Honey Face Pack
ပျားရည်မှာ anti-microbial ဂုဏ်သတ္တိတွေရှိပြီး အသားအရေကို ရေဓါတ်ဖြည့်တင်းပေးပါတယ်။ ဒီ Mask ကိုပြုလုပ်ဖို့ matcha green tea powder တစ်ဇွန်းနှင့် ပျားရည်ဇွန်းတစ်ဝက်ကို ရောပါ။ ခပ်ပျစ်ပျစ်အနေအထားရရင် မျက်နှာနဲ့လည်ပင်းမှာ လိမ်းပါ။ မိနစ် ၂၀လောက်နေမှ ရေနဲ့ဆေးပါ။
၅။ Matcha Green Tea + Yogurt
ဒိန်ချဉ်မှာ အသားအရေကို ပိုကောင်းမွန်စေပြီး အစိုဓါတ်ဖြည့်တင်းပေးနိုင်တဲ့ Lactic acid ပါဝင်ပါတယ်။ matcha လက်ဖက်စိမ်းမှုန့် ၁ဇွန်း၊ ဒိန်ချဉ်တစ်ဇွန်းကို ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းမှာလိမ်းပါ။ နာရီဝက်ခန့်ကြာရင် ရေဖြင့်ဆေးကြောပါ။ သံပုရာရည်အစက် အနည်းငယ်ထည့်သုံးရင်လည်း ရောင်ရမ်းတာတွေကို လျော့နည်းစေပါတယ်။
၆။ Matcha Green Tea + Aloe Vera Gel + Coconut Oil
ဒါက အာဟာရပြည့်ဝပြီး အစိုဓါတ်ဖြည့်တင်းပေးနိုင်တဲ့ face pack ဖြစ်ပါတယ်။ matcha လက်ဖက်စိမ်းမှုန့်ကို ရှားစောင်းလက်ပက်ဂျယ်နှင့် အုန်းဆီ ဇွန်းတစ်ဝက်ထည့်ပြီး ရောစပ်ပါ။ မျက်နှာအနှံလိမ်းပြီး မိနစ်၂၀ကြာမှာ ပြန်သန့်စင်ပါ။
Lifestyle_Myanmar
LM_Nandar
Source-makeupandbeauty