မြန်မာဆန်ဆန်ဖက်ရှင်ကိုမှ သဘောကျတဲ့ပျိုမေလေးတွေအတွက် မြန်မာဝတ်စုံဒီဇိုင်းများ (၁)
mystylemyanmar.com
|
2020-11-13
MyStyle Myanmar ရဲ့ စာဖတ်ချစ်ပျိုမေလေးတို့ရေ… မိန်းကလေးတိုင်းကတော့ အလှအပကြိုက်ကြသူတွေချည်းပါပဲနော်။ ဒါကြောင့်မို့လည်း ဘယ်လို Trend တွေဖြစ်နေလဲ ဘယ်လိုဖက်ရှင်တွေက ခေတ်စားနေလဲဆိုပြီးတော့ အမြဲတမ်းလေ့လာနေကြတာဖြစ်ပါတယ်။
အခုခေတ်မှာဆိုရင် ဝတ်စားဆင်ယင်မှုပုံစံတွေက တဖြည်းဖြည်းနဲ့ ခေတ်မီပြောင်းလဲတိုးတက်လာပြီဆိုပေမယ့်လည်း ကျွန်မတို့ မြန်မာနိုင်ငံက အမျိုးသမီးလေးတွေအနေနဲ့ ဘယ်တော့မှ လျစ်လျူရှုမထားနိုင်တာကတော့ မြန်မာဝတ်စုံလေးတွေပါပဲ။ အလှူပွဲတွေ၊ မင်္ဂလာဆောင်တွေ၊ ဘုရားသွားကျောင်းတက်တွေလိုနေရာမျိုးတွေဆိုရင် သူ့နေရာနဲ့သူ လိုက်ဖက်ညီအောင် ဝတ်ဆင်ရတာမို့ မိန်းကလေးတိုင်းမှာ မြန်မာဝတ်စုံတစ်ထည်ကတော့ ရှိကိုရှိရပါတယ်။
ဒါကြောင့် မြန်မာဝတ်စုံလေးတွေကို ချုပ်ဝတ်ချင်တဲ့ ပျိုမေလေးတို့အတွက် ရိုးရိုးရှင်းရှင်းလေးနဲ့ ပုံစံလည်းလှတဲ့ ဝတ်စုံဒီဇိုင်းလေးတွေကို စုစည်းဖော်ပြပေးချင်ပါတယ်။
#ဝတ်စုံ
#အလှူပွဲ
#မိန်းကလေး
#မင်္ဂလာဆောင်
#ဖက်ရှင်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ