၁။ Aries (မိဿရာသီဖွား)
Arian အမျိုးသမီးတွေဟာ အထူးသဖြင့် ဒေါက်မြင့်ဖိနပ်ဝတ်တဲ့အခါ သူမရဲ့ ခြေထောက်ရှည်ရှည်လေးတွေနဲ့ ဖျားယောင်းသွေးဆောင်နိုင်ပါတယ်။ ဒီရာသီခွင်တွေက ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသော်လည်း သူမရဲ့ခြေထောက်တွေက သူမခန္ဓာကိုယ်ရဲ့ အလှဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ ဒီရာသီခွင်တွေက တက်ကြွတဲ့ ဘဝကို နှစ်သက်တာကြောင့် သူတို့မှာ ကျစ်လစ်တဲ့ ခန္ဓာကိုယ်ရှိတာ အံသြစရာတော့ မဟုတ်ပါဘူး။ evening gown dress လေးတွေ၊ စကတ်တိုလေးနဲ့ဆို အရမ်းကြည့်ကောင်းပါတယ်။
၂။ taurus (ပြိဿရာသီဖွား)
ဒီမိန်းကလေးတွေရဲ့ အလှဆုံးအစိတ်အပိုင်းက ရင်သားတွေပဲဖြစ်ပါတယ်။ သူမကမ်းခြေမှာ အဝတ်တွေချွတ်လိုက်တဲ့အခါ ယောကျာ်းတွေအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကြရပါတယ်။ သင်ဟာ ပြိဿရာသီဖွား တစ်ယောက်ဖြစ်ရင် အခုပြောနေတာကို သိကောင်းသိပါလိမ့်မယ်၊ သင်လိုချင်တဲ့ ဘယ်ယောက်ျားလေးကိုမဆို အသုံးချဖို့၊ ဆွဲဆောင်ဖို့ ကြီးမားတဲ့ စွမ်းအားတွေရှိတယ်ဆိုတာကို သင်သိပါတယ်။ သင့်ရဲ့ရင်သားတွေက သင့်ခန္ဓာကိုယ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သလို သင့်ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း တပ်မက်ဖွယ် ဖြစ်စေပါတယ်။ ပြိဿရာသီဖွားတွေဟာ ကြည့်ကောင်းပြီး မိမိကိုယ်ကို ယုံကြည်မှုရှိကြတာကြောင့် ဘယ်ယောက်ျားလေးကိုမဆို အနိုင်ရနိုင်ပါတယ်။
၃။ gemini (မေထုန်ရာသီဖွား)
မေထုန်ရာသီဖွားရဲ့ အလှဆုံးအစိတ်အပိုင်းက မျက်လုံးတွေပဲ ဖြစ်ပါတယ်။ မျက်ဝန်းတွေက အရမ်းတောက်ပပြီး နွေးထွေးပါတယ်။ သူတို့ မျက်ဝန်းကို ကြည့်ရုံနဲ့ သူတို့စိတ်ထဲကို မြင်နိုင်ပါတယ်။ မေထုန်တွေဟာ ခံစားချက်ကို ဖုံးကွယ်နိုင်တဲ့ နည်းလမ်းမရှိပါဘူး၊ တစ်စုံတစ်ယောက်က သူတို့မျက်ဝန်းကိုကြည့်ယုံနဲ့ ဝမ်းနည်းနေလား၊ စိတ်ပျက်နေလား၊ ပျော်ရွင်နေလားဆိုတာ မြင်နိုင်ပါတယ်။ သူမရဲ့မျက်လုံးတွေက သူမပြလိုတဲ့ လျှို့ဝှက်ချက်တွေကို ပြောပြနေပြီး အချို့သောအရာတွေကို သိမ်းဆည်းထားဖို့ အရမ်းခက်ခဲပါတယ်။ မိတ်ကပ်လိမ်းထားသည်ဖြစ်စေ၊ သဘာဝအတိုင်းပဲဖြစ်စေ သူမရဲ့ မျက်လုံးတွေက တောက်ပနေတဲ့ ကြယ်တွေလို လူတွေအားလုံးကိုဆွဲဆောင်ထားပါလိမ့်မယ်။
၄။ cancer (ကရကဋ်ရာသီဖွား)
ကရကဋ်ရာသီဖွာဟာ အထိခိုက်မခံဆုံးနဲ့ စိတ်ခံစားမှုအများဆုံးရာသီခွင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့စိတ်ခံစားမှုအားလုံးကို ဖွင့်ပြောခြင်းဖြင့် ဖော်ပြလေ့ရှိပါတယ်။ သူမရဲ့နှုတ်ခမ်းတစ်စုံက ခန္ဓာကိုယ်ရဲ့ အရေးပါဆုံးနဲ့ အလှပဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ သူမရဲ့လှပတဲ့နှုတ်ခမ်းတစ်စုံနဲ့ စကားပြောတဲ့အခါ ပြောပုံဆိုပုံက ဆွဲဆောင်မှုရှိတာကြောင့် သူမပြောမယ့်စကားကို ငေးပြီး နားမထောင်မယ့်သူ ဘယ်သူမှမရှိပါဘူး။
၅။ leo (သိဟ်ရာသီဖွား)
သိဟ်ရာသီဖွားရဲ့ ပိုးသားလေးလို တောက်ပတဲ့ အသားအရေက သိဟ်ရာသီဖွားတွေကို နှစ်လိုဖွယ်ကောင်းပြီး လှပစေတဲ့ အရာဖြစ်ပါတယ်။ အထူးသဖြင့် မျက်နှာအသားအရေက အပြစ်အနာအဆာနည်းပါတယ်။ ဒါ့ကြောင့် လူအများစုက အသက်ငယ်တယ်လို့ ထင်တတ်ကြတာကြောင့် leo တွေအတွက် နောက်ထပ်ချီးမွမ်းစရာတစ်ခုပါပဲ။ သိဟ်ရာသီဖွားတွေရဲ့ မျက်နှာက ဖောင်ဒေးရှင်းရှိပြီးသားဖြစ်တာကြောင့် အားထုတ်မှုအများကြီးလုပ်ဖို့ မလိုပါဘူး။ နှုတ်ခမ်းနီနဲ့ မျက်တောင်ကော့ဆေးနည်းနည်းတင်ရုံနဲ့တင် ကြည့်ကောင်းပါတယ်။
၆။ virgo (ကန်ရာသီဖွား)
ကန်ရာသီဖွားတွေရဲ့ အလှဆုံးအစိတ်အပိုင်းတွေက အထူးတလည်ပြုပြင်စရာမလိုတဲ့ ဆံပင်တွေပဲ ဖြစ်ပါတယ်။ ဆံပင်အတိုထားသည်ဖြစ်စေ၊ အရှည်ထားသည်ဖြစ်စေ အခြားသူတွေကို ဆွဲဆောင်မှုရှိစေတာက သူမရဲ့ ဆံနွယ်လေးတွေပါ။ ဆံပင်အကောက်တွေရှိတယ်ဆိုရင်တောင် ခဏခဏ မဖြောင့်ပါနဲ့။ ဆံပင်အကောက်လေးတွေက သဘာဝဆန်ပြီး အမျိုးသားတွေကို ဆွဲဆောင်နေတာပါ။
၇။ libra (တူရာသီဖွား)
တူရာသီဖွားတွေရဲ့ အလှဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးအစိတ်အပိုင်းကတော့ တင်ပါးလှလှလေးတွေဖြစ်ပါတယ်။ ခါးလေးလှုပ်ပြီး လမ်းလျှောက်သွားရင် ကောင်လေးတွေ လိုက်ကြည့်တယ်ဆိုတာ တူရာသီဖွားတွေရဲ့အားသာချက်ပါ။ တကယ်တော့ တူရာသီဖွားတွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို တင်ပါးက သဲနာရီတစ်လုံးလို ပုံဖော်ထားပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးကြားမှာ ဆွဲဆောင်မှုအရှိဆုံးဖြစ်ပါတယ်။
၈။ scorpio (ဗြိစ္ဆာရာသီဖွား)
လူတွေအားလုံးကို ရူးခါသွားအောင်လုပ်နိုင်တာကတော့ Scorpioရဲ့ မယုံနိုင်စရာကောင်းတဲ့ Sexy back ပါပဲ။ ရေကူးဝတ်စုံဝတ်တဲ့အခါ သူမရဲ့နောက်ကျေအလှက သူမခန္ဓာကိုယ်ရဲ့ အလန်းဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ crop tops နဲ့ legging ဝတ်ထားရင် အမြဲကြည့်ကောင်းနေပါလိမ့်မယ်၊ နောက်ကျောကို ပေါ်လွင်စေတဲ့ အဝတ်အစားပုံစံမျိုးတွေက ဗြိစ္ဆာရာသီဖွားတွေနဲ့ ကြည့်ကောင်းနေပါလိမ့်မယ်။
၉။ sagittarius (ဓနုရာသီဖွား)
ဓနုရာသီဖွားရဲ့ အလှဆုံးအစိတ်အပိုင်းက လည်တိုင်ရှည်တွေပဲဖြစ်ပြီး ဆံထုံးရှုပ်ပွပွလေးထုံးထားရင်၊ ဆံပင်အပြောင်သိမ်းတဲ့ ပုံစံမျိုးလေးလုပ်ထားရင် အမျိုးသားတွေ ရူးခါသွားနိုင်ပါတယ်။ ဓနုဖွားကောင်မလေးတွေက ဆံပင်ပုံစံကို သိပ်ဂရုမစိုက်တတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ဆံပင်တွေကို မြင့်မြင့်စီးထားတာ၊ ထုံးထားတာ လုပ်တတ်ပါတယ်။ တကယ်တော့ ဓနုဖွားလေးတွေဟာ သူတို့ထင်ထားတာထက် ပိုနှစ်သက်ဖို့ကောင်းပြီး ဆွဲဆောင်နိုင်ပေမယ့် အခြားလူတွေက သူမထက်ပိုပြီး လှပတယ်လို့ အမြဲ ယုံကြည်တတ်ပါတယ်။ ဒါက မမှန်ပါဘူး၊ ဓနုရာသီဖွားလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသင့်ပါတယ်။
၁၀။ capricorn (မကရရာသီဖွား)
မကရရာသီဖွားရဲ့ ဆွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်းက သွားလေးတွေပဲဖြစ်ပါတယ်။ အခန်းထဲကို ပြုံးပြီး ဝင်လိုက်တာနဲ့ ဘယ်နေရာရောက်ရောက် အပြုသဘောဆောင်တဲ့ စွမ်းအင်ကို ဆောင်ကြဉ်းပေးတာကြောင့် လူအများကြားမှာ တောက်ပနေပါလိမ့်မယ်။ နှုတ်ခမ်းနီ ကာလာအမျိုးမျိုးကို စမ်းကြည့်ပါ။ ပုလဲဖြူဖြူသွားလေးတွေ ပိုပြီးပေါ်လွင်လာနိုင်ပါတယ်။ မကရတွေက ရယ်စရာပြက်လုံးတွေပြောတတ်ပြီး အခြားသူတွေကို ရယ်အောင်လုပ်တတ်တဲ့အတွက် ကောင်လေးတွေက သူမအနားမှာ နေချင်ကြပါလိမ့်မယ်။ မကရရာသီဖွားဟာ အပြင်ပန်းကော၊ အတွင်းစိတ်ပါလှတဲ့အတွက် သူမဘေးမှာနေရခြင်းက အမြဲတမ်းနှစ်သက်ဖွယ်ဖြစ်ပါလိမ့်မယ်။
၁၁။ aquarius (ကုမ်ရာသီဖွား)
ကုမ်ရာသီဖွားတွေရဲ့ အလှပဆုံးအစိတ်အပိုင်းကတော့ ရှည်ရှည်သွယ်သွယ် လက်ချောင်းလေးတွေပါ။ ဘယ်လောက်ပဲ အိမ်မှုကိစ္စတွေ လုပ်နေရပါစေ လက်ချောင်းအလှ လျော့မသွားတာတော့ ကုမ်ရာသီဖွားတွေရဲ့အားသာချက်ပါ။
၁၂။ pisces
တခြားလူတွေ ဗိုက်ခေါက်ထွက်နေလို့ စိတ်ညစ်နေရတဲ့အချိန်မှာ မိန်းကလေးချင်းတောင် မနာလိုစရာကောင်းတဲ့ ဗိုက်ချပ်ချပ်လေးကို ပိုင်ဆိုင်ထားတဲ့သူကတော့ မိန်ရာသီဖွားလေးတွေပါ။ တစ်နေ့ကို လေ့ကျင့်ခန်းနှစ်ကြိမ် လုပ်တယ်လို့ ထင်ကြပေမယ့် အမှန်ကတော့ ဗိုက်ချပ်အောင် ဘာမှမလုပ်ပါဘူး။ ဝိတ်တတ်လာရင်တောင် ဗိုက်ခေါက်မထွက်လာတာက မိန်ရာသီလေးတွေရဲ့ အားသာချက်ပါပဲ။
Lifestyle_Myanmar
LM_Nandar
Source-herway