တောင်ကိုရီးယားနိုင်ငံမှာ လူကြိုက်အများဆုံး Cosmetic နှင့် Plastic Surgery လုပ်ထုံးလုပ်နည်း (၁၀)ခု
lifestylemyanmar.com
|
2020-11-18



လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းမှာပဲ တောင်ကိုရီးယားယဉ်ကျေးမှုတွေဟာ ကမ္ဘာအနှံ့ကို ထိုးဖောက်မြှင့်တက်လာခဲ့ပါတယ်။ K-Pop ဂီတကလည်း ကမ္ဘာတစ်လွှားက charts တွေမှာ ထိပ်ဆုံးနေရာတွေကို ရယူခဲ့ပါတယ်။ ဂီတများ၊ Idols များ၊ အစားအသောက်ယဉ်ကျေးမှုအပြင် တောင်ကိုရီးယားဟာ တစ်မူထူးခြားသော အလှအပစံချိန်စံနှုန်းတွေကြောင့်လည်း လူသိများလာပါတယ်။ ကမ္ဘာပေါ်မှာ အလှကုန်နှင့် ပလပ်စတစ်ခွဲစိတ်ကုသမှုခံယူဖို့လူကြိုက်အများဆုံးနေရာဖြစ်လာပါတယ်။ ဒီနေရာမှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အအောင်မြင်အကျော်ကြားဆုံး အလှကုန်နှင့် ပလတ်စတစ်ဆာဂျရီလုပ်ထုံးလုပ်နည်းတွေကို မျှဝေချင်ပါတယ်။

၁။ သွားများနှင့် ဆံပင်များကို အစားထိုးခြင်း




သွားအစားထိုးတာကတော့ တောင်ကိုရီးယားနိုင်တွင်သာမကဘဲ ကမ္ဘာပေါ်က နေရာတော်တော်များများလည်း ပြုလုပ်နေကြပါတယ်။ ဒါက သူတို့ရဲ့ သွားတွေကို စိတ်တိုင်းမကျတဲ့လူတွေအတွက် လွယ်ကူရိုးရှင်းသောအစားထိုးမှုဖြစ်ပါတယ်။ သွားတွေဟာ အရောင်ပြောင်းသွားနိုင်သလို နှစ်အတော်ကြာတဲ့အခါ ပျက်စီးသွားနိုင်ပါတယ်။ လူသုံးအများဆုံးဖြေရှင်းနည်းကတော့ တစ်ပတ်အတွင်း veneers ပါပဲ။

ဆံပင်အစားထိုးကုသမှုကလည်း ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့အပြားမှာ တွေ့ရနိုင်ပါတယ်။ နဖူးပြောင်ခြင်း (သို့) ဆံပင်ပါးခြင်းစတဲ့သူတွေ ပြုလုပ်ကြပါတယယ်။

၂။ အသားအရေဖြူဆွတ်နေဖို့ ခွဲစိတ်ကုသခြင်း




အသားဖြူလွန်းတာက အဝေးကနေကြည့်မယ်ဆိုရင် ကြောက်စရာအသွင်အပြင်မျိုးဖြစ်စေတယ်လို့ တစ်ချို့က ထင်ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားမှာ အချိန်အတော်ကြာအငြင်းပွားဖွယ်ရာ ပြဿနာတစ်ခုအဖြစ် တည်ရှိနေခဲ့ပါတယ်။ လူအများစုက ဒီလိုမထင်ကြပါဘူး။ သူတို့ဟာ Glutathione ကို ထိုးဆေးအဖြစ် မကြာခဏအသုံးပြုကြပါတယ်။

ထိုးဆေးတွေဟာ အသားအရေပြဿနာတော်တော်များများကို ဖြေရှင်းဖို့ ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် အမည်းစက်တွေ၊ ဝက်ခြံတွေကို ဖယ်ရှားရာမှာလည်း ကောင်းကောင်းအသုံးဝင်ပါတယ်။ ထိုးဆေးမဟုတ်ဘဲ အရေပြားလိမ်းဆေးတွေနှင့် အလှကုန်ထုတ်ကုန်အများအပြားမှာလည်း ”အသားဖြူဆေး”တွေအဖြစ် သတ်မှတ်ထားတဲ့ ဆေးဝါးတွေရှိပါတယ်။

၃။ အဆီဖယ်ရှားခြင်း (သို့) လှပသော ခန္ဓာကိုယ်ပုံသဏ္ဍာန်




ကမ္ဘာပေါ်က နေရာတော်တော်များများမှာလိုပဲ အဆီဖယ်ရှားခြင်းနှင့် ခန္ဓာကိုယ်ပုံသဏ္ဍာန်ဖော်ခြင်းက အရမ်းသစ်ဆန်းတဲ့ trend တစ်ခုတော့ မဟုတ်ပါဘူး။ ဒီနည်းလမ်းဟာ တောင်ကိုရီးယားမှာ ပေါ်ပြူလာအဖြစ်ဆုံးခွဲစိတ်မှုတစ်ခုဖြစ်ပါတယ်။ ပိန်ပါးပြီး သေးသွယ်ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားဟာလည်း တောင်ကိုရီးယားရဲ့ အလှအပစံချိန်စံနှုန်းတစ်ခုဖြစ်ပါတယ်။

diet နှင့် လေ့ကျင့်ခန်းလုပ်ပေမယ့် ကိုယ်လိုချင်တဲ့ ရလဒ်မျိုး (၁၀၀) ရာခိုင်နှုန်းအပြည့်မရနိုင်သောအခါ တစ်ချို့က cosmetic surgery ဘက်ကို လှည့်ကြပါတယ်။ အထူးသဖြင့် ဒီနေရာမှာ liposuction နဲ့အတူ ကိုယ့်အတွက်စိတ်အနှောင့်အယှက်ဖြစ်စေသော မလိုချင်တဲ့အဆီကို ဖယ်ရှားပစ်ကြပါတယ်။

၄။ အိုမင်းခြင်းကို ဆန့်ကျင်ဖယ်ရှားခြင်း




အိုမင်းရင့်ရော်ခြင်းဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ငယ်ရွယ်နုပျိုနေသယောင် အချိန်ကြာကြာရှင်သန်နိုင်ဖို့ လည်း ရွေးချယ်နိုင်ပါတယ်။ တောင်ကိုရီးယားမှာ လှပပြီး ငယ်ရွယ်နုပျိုတဲ့အသားအရေမျိုး ပင်ကိုယ်ပိုင်ဆိုင်ထားကြတယ်ဆိုပေမယ့် တစ်ချို့ကတော့ cosmetic surgery ပြုလုပ်ဖို့ ရွေးချယ်ကြပါတယ်။

၅။ မေးစေ့နှင့် နဖူးအလှဆင်ခြင်း




တောင်ကိုရီးယားမှာတော့ မေးစေ့ပိုချွန်ခြင်းက အလှအပစံနှုန်းတစ်ခုဖြစ်ပြီး ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။ တစ်နာရီကနေ နှစ်နာရီအတွင်းမှာပဲ လူတစ်ဦးရဲ့ အသွင်အပြင်အသစ်နှင့် ကိုက်ညီတဲ့ နဖူးသစ်တစ်ခုကို ရရှိနိုင်ပါတယ်။

၆။ မေးရိုးလျှော့ချခြင်း




နဖူးနှင့် မေးစေ့တစ်လျှောက် မေးရိုးကလည်း လူတစ်ယောက်ရဲ့ မျက်နှာအသွင်အပြင်အသစ်နဲ့ ကိုက်ညီနေဖို့ ပုံဖော်ခွဲစိတ်ရပါတယ်။ မေးရိုးလျှော့ချခြင်းက တောင်ကိုရီးယားမှာ ပိုပြီးနာမည်ကြီးတဲ့ လုပ်ရိုးလုပ်စဉ်ခွဲစိတ်နည်းဖြစ်ပါတယ်။ K-Dramas ကြည့်ခြင်း (သို့) K-Pop Idol တွေကို တွေ့မြင်နေရခြင်းအားဖြင့် ၎င်းတို့တွေအကြားမှာ ဒီလိုအသွင်အပြင်တွေကို တော်တော်လေးတွေ့ရပါတယ်။

၇။ Rhinoplasty




Rhinoplasty (သို့) နှာခေါင်းပုံသဏ္ဍာန်ပြောင်းလဲဖို့ ခွဲစိတ်ခြင်း။ အချိုးကျပြီး ချစ်စရာပါးလွှာသော၊ ဖြောင့်စင်းသောနှာတံ၊ နှာခေါင်းကို ရရှိဖို့အတွက်ပါ။

၈။ Epicanthoplasty




Epicanthoplasty ဆိုတာ သင့်အနေနဲ့ တစ်ခါမှ မကြားဖူးသေးဘူးဆိုရင်တော့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ အလှကုန်ပစ္စည်းဖြစ်ပါတယ်။ double-eyelid အတွက် ခွဲစိတ်ကုသမှုခံယူနေရသူတော်တော်များများက ဒီအရာကို တစ်ကြိမ်တည်းမှာ ပြုလုပ်ကြပါတယ်။ ဒီနည်းလမ်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ မျက်လုံးအိမ်ပိုမိုကျယ်ပြန့်စေဖို့ဖြစ်ပါတယ်။

၉။ မျက်ရစ်နှစ်ထပ်ခွဲစိတ်ခြင်း




အာရှသူတွေတော်တော်များများဟာ Single eyelid (သို့) monolid လို့ ခေါ်တဲ့အရာတွေပဲရှိပါတယ်။ သူတို့ရဲ့ မျက်ခွံတွေဟာ သဘာဝမျက်ခွံနှစ်ထပ်လိုမျိုးမရှိဘဲ ၎င်းက မျက်လုံးအိမ်ကို ပိုသေးငယ်သယောင်ဖြစ်စေပါတယ်။ ဒီခွဲစိတ်မှုမှာ မျက်ရစ်နှစ်ထပ်ဖော်ခြင်းနှင့် အဆီဖယ်ရှားခြင်းတွေလည်း ပါဝင်ပါတယ်။

အာရှနိုင်ငံတွေရဲ့ တစ်ခြားတစ်ဖက်မှာ မျက်ရစ်နှစ်ထပ်ခွဲစိတ်တာက တော်တော်လေးရှားပါးပါတယ်။ ဒီခွဲစိတ်ကုသမှုကို ၁၉၅၀ ပြည့်နှစ်တွေက အမေရိကန်ခွဲစိတ်ဆရာဝန်တစ်ဦးက စတင်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားမှာတော့ တစ်ခြားအကြောင်းအရင်းတစ်ခုရှိနေပါသေးတယ်။ ၂၀၁၅ ခုနှစ်မှာ JK Plastic Surgery ရဲ့ ဒါရိုက်တာ Hang-Seok Choi မှ Business Insider အင်တာဗျူးတစ်ခုမှာ ပြောကြားချက်အရ ကိုရီးယားအများစုဟာ မျက်ခုံးနှစ်ဘက်လိုင်းမရှိတာကြောင့် ဒီလိုအခြေအနေမျိုးမှာ တစ်ခါတရံမှာ သူတို့က အိပ်မောကျပြီး ပင်ပန်းနေသလိုပုံသဏ္ဍာန်ဖြစ်နေတာကြောင့် လို့ဆိုပါတယ်။

၁၀။ ရင်သားကြီးမားလာစေဖို့ ခွဲစိတ်ခြင်း




ရင်သားခွဲစိတ်ခြင်းက တောင်ကိုရီးယားနိုင်ငံရဲ့ ရေပန်းအစားဆုံးခွဲစိတ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ၎င်းက နိုင်ငံရဲ့ အမျိုးသမီးတွေအပေါ် သတ်မှတ်ထားတဲ့ အလှအပစံချိန်စံနှုန်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

လူတွေက တောင်ကိုရီးယားသူတွေကို ကြည့်ရှုရာမှာ တူညီသောအရာတစ်ခုဖြစ်ပါတယ်။ တစ်ချို့အမျိုးသမီးတွေက လှပနေခြင်းဟာ လှပသောရင်သားတွေပါဝင်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ နှစ်သက်ဖွယ်ကောင်းတဲ့အပြင် ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီတဲ့ ပြည့်ဝသော ပုံသဏ္ဍာန်ကို ဖန်တီးရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အတွင်း ခွဲစိတ်မှုအများဆုံး လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါတယ်။

Lifestyle_Myanmar
Nyein_Thu


Ref-thetalko


#တောင်ကိုရီးယား
#မေးစေ့
#စံနှုန်း
#မေးရိုး
#အလှကုန်

Some text some message..