ဒီဆောင်းရာသီမှာ trench coat လေးတွေ ဝတ်ဆင်ပြီး စတိုင်ထုတ်ဖို့ စဉ်းစားထားတယ်ဆိုရင် နည်းလမ်းအမျိုးမျိုးနဲ့ ဘယ်လိုဝတ်ဆင်ရမလဲဆိုတာကို သိထားသင့်ပါတယ်။ ကုတ်အင်္ကျီအရှည်တွေကို ဝတ်ချိန်မှာ သင့်ရဲ့အသွင်အပြင်ကို ကြည့်ကောင်းစေဖို့ အဓိကကျတာက perfect ဖြစ်တဲ့ အောက်ခံအဝတ်အစားတစ်စုံကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ချစ်တို့အတွက် trench coat ဝတ်စုံအိုင်ဒီယာအနည်းငယ်နဲ့ ဘယ်လိုဝတ်ဆင်မလဲဆိုတဲ့ အကြံပြုချက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
၁။ အမျိုးသမီးကုတ်အင်္ကျီအရှည်ကို ဘယ်လို prefect ဖြစ်အောင် ဝတ်ဆင်မလဲ?
trench coat တစ်ထည် ဝတ်တဲ့အခါ အရေးကြီးဆုံးက fit ဖြစ်နေဖို့ပါ။ ပုခုံးက အရမ်းမကျယ်ရသလို လက်ကလည်း အရမ်းမရှည်ရပါဘူး။ ထို့အပြင် အရမ်းကြီး over-sized မဖြစ်ဘဲ သင့်ကိုယ်ခန္ဓာပုံပန်းသဏ္ဍန်နဲ့ သင့်တော်နေဖို့ လိုပါတယ်။
၂။ trench coat ကိုဂါဝန်နဲ့ ဘယ်လိုဝတ်ဆင်မလဲ?
ချစ်စရာကောင်းတဲ့ ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး trench coat လည်းဝတ်မယ်၊ ဂါဝန်ကိုလည်း ပြချင်သေးတယ်ဆိုရင် trench coat ရဲ့ကြိုးကို အနောက်မှာ ချည်ပြီး ဝတ်ဆင်ပါ။ ဒါက ပြီးပြည့်စုံတဲ့ street style လေးဖြစ်ပါလိမ့်မယ်။
၃။ ဂျင်းဘောင်းဘီနဲ့ trench coat ကိုဘယ်လိုဝတ်ဆင်မလဲ?
ဂျင်းဘောင်းဘီနှင့် ဆွယ်တာတစ်စုံကို ဝတ်ဆင်တဲ့အခါ သက်တောင့်သက်သာပုံစံမျိုးအတွက် ကုတ်အင်္ကျီရှည်ရဲ့ကြိုးကို ရှေ့မှာ ချည်ရင်း ဝတ်နိုင်ပါတယ်။
၄။ ကာလာ trench coat ကိုဘယ်လိုဝတ်မလဲ?
trench coat ဝတ်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုက အရောင်တစ်ချို့နဲ့ ဝတ်တာပါ။ trench coat မှာ အသားရောင်ချည်းပဲ ဝတ်ရမယ်လို့ သတ်မှတ်ထားတာ မရှိတာကြောင့် နေဗီပြာ၊ ကြက်သွေးရောင်နဲ့ အရောင်ဖျော့လေးတွေကို ဝတ်ဖို့ မကြောက်ပါနဲ့။
၅။ အရပ်ပုနေရင် trench coat ကိုဘယ်လိုဝတ်မလဲ?
တကယ်လို့ သင်က သေးသွယ်တဲ့သူဖြစ်ရင် trench coat မဝတ်ရမှာ ပူစရာမလိုပါဘူး။ ဝတ်နိုင်ပါတယ်နော်။ အတွင်းက အဝတ်အစားကို ကိုယ်ကျပ်လေးတွေဝတ်ပြီး oversized ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်လို့ရပါတယ်။ အရပ်လေးနဲနဲ မြင့်သွားအောင်တော့ ဒေါက်ဖိနပ်စီးပေးရပါမယ်။
၆။ ရင်အုံကြီးနေရင် trench coat ကိုဘယ်လိုဝတ်ဆင်မလဲ?
သင်က ရင်အုံပြည့်တဲ့သူဖြစ်ရင် ရင်သားနှစ်ဆဖြစ်စေမယ့် trench coat တွေကို မဝတ်ပါနဲ့။ သင့်ခန္ဓာကိုယ်အထက်ပိုင်းကို ပိုကျယ်စေပါလိမ့်မယ်။

A pretty woman with a coffee to go against urban scene.
၇။ street style အတွက် ကုတ်အင်္ကျီအရှည်ကို ဘယ်လိုဝတ်ဆင်မလဲ?
trench coat တစ်ထည်ကို ဝတ်ဖို့ အကောင်းဆုံးနည်းလမ်းက street style stars တွေရဲ့ ဝတ်ပုံဝတ်နည်းကို ကြည့်ဖို့ဖြစ်ပါတယ်။ ထူးခြားတဲ့ လှည့်ကွက်နဲ့ ကုတ်အင်္ကျီရှည်ကို ရွေးချယ်မယ်ဆိုရင် ကုတ်ရဲ့ ခါးပတ်ကို ချည်ပြီးဝတ်ပါ။ ကြိုးသိုင်းဒေါက်ဖိနပ် (သို့) killer boots လေးတွေစီးပါ။
၈။ evening look အတွက် trench coat တစ်ထည်ဝတ်မယ်ဆိုရင်
trench coat တွေက ညနေခင်းတွေမှာလည်း အလုပ်လုပ်နိုင်ပါတယ်။ သူများနဲ့မတူဘဲ Trench coat တွေကို ဖက်ရှင်ကျကျ ဝတ်နိုင်တဲ့သူကတော့ Meghan Markle ပါပဲ၊ သို့သော် Trench coat ရဲ့အထည်သားက ခေတ်မီဆန်းသစ်တဲ့ ပုံပေါက်ဖို့တော့ လိုပါလိမ့်မယ်။
Lifestyle_Myanmar
LM_Nandar
Source-fustany