ဆောင်းရာသီ လည်းရောက်လာပြီဆိုတော့ ပျိုမေတို့ရဲ့ အသားအရေက စတင်ပြီး ခြောက်သွေ့လာပါပြီ။ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့အတွက် ရှားစောင်းလက်ပတ်ကို အသုံးပြုပြီး မျက်နှာပေါင်းတင်နည်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
၁။အသားအရေစိုပြေစေဖို့
ရှားစောင်းလက်ပတ်အလယ်သား အနှစ်လေးတွေကို ဇွန်းနဲ့ခြစ်ယူပြီး ရလာတဲ့ ဂျယ်အနှစ်လေးတွေကိုမျက်နှာပေါ်ကို လိမ်းပေးရပါမယ်။မိနစ် သုံးဆယ်ခန့်ခြောက်သွေ့အောင်ထားပြီး ရေအေးအေးလေးနဲ့ ဆေးချပါ။
တစ်ပတ်နှစ်ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသားအရေ စိုပြေတင်းရင်းစေပြီး ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဝက်ခြံထွက်ခြင်း
အသားအရေခြောက်သွေ့ယားယံခြင်း၊အသားအရေရောင်းရမ်းခြင်း များကိုသက်သာစေမှာဖြစ်ပါတယ်
၂။ဝက်ခြံအမာရွတ်နဲ့အမဲစက်အတွက်ပေါင်းတင်နည်း
ရှားစောင်းလက်ပတ်အနှစ်နှင့် ခရမ်းချဉ်သီးကို ညှစ်လိုက်လို့ရလာသောအရည်ကို
့ဆတူရောပြီး သမအောင် မွှေနှောက်ပေးပါ။ရလာသောအနှစ်အရည်ကို သန့်စင်ထားသောမျက်နှာပေါ်လိမ်းပေးပါ။ဆယ့်ငါးမိနစ်ခန့်ခြောက်သွေ့အောင်ထားပြီး ကြက်သီးနွေးရေလေးနှင့်ဆေးချပါ။တစ်ဖန်ရေအေးအေးလေးနှင့် ပြန်သစ်ကာ ခြောက်သွေ့သန့်ရှင်းသော တဘက်လေးနဲ့ ခပ်ဖွဖွသုတ်ပေးပါ။
လိမ်းနေကျ toner, moisturizerလေးလိမ်းပေးပါ။တစ်ပတ်နှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါသည်။
၃။ရှားစောင်းလက်ပတ်အနှစ်နှင့်ကြက်ဥ
ရှားစောင်းလက်ပတ်အနှစ်နှစ်ဇွန်းကို ကြက်ဥအကာတစ်လုံးနဲ့ ရောမွှေပြီး မျက်နှာပေါ်လိမ်းပေးပါ။ဆယ့်ငါးမိနစ်ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ဆေးချပါ။တစ်ဖန်ရေအေးလေးနဲ့ပြန်ဆေးပါတစ်ပတ်နှစ်ကြိမ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ချွေးပေါက်ကျဉ်းကာ အသားအရေစိုပြေစေမှာဖြစ်ပါတယ်။