Glow Skin ပိုင်ဆိုင်ဖို့ မှန်ကန်တဲ့ အသားအရေထိန်းသိမ်းပုံအဆင့် (၁၀) ဆင့်
mystylemyanmar.com
|
2020-11-21

ပျိုမေတို့အားလုံးမင်္ဂလာပါ။ Glow Skin က လှချင်တဲ့ ပျိုမေတိုင်းရဲ့အိပ်မက်ပါပဲ။ သင်က လှပစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နည်းနည်းအချိန်ပေးပြီး ငွေအနည်းငယ် စိုက်ထုတ်ပေးရပါမယ်။ အချိန်ပေးရပါမယ်။ စိတ်ရှည်ရှည်နဲ့ပုံမှန်ထိန်းသိမ်းပေးမှ အသားအရေက တဖြည်းဖြည်းနဲ့ပြောင်းလဲလာမှာပါ။ မှန်ကန်တဲ့ ထိန်းသိမ်းပုံအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်-

အဆင့် ၁- Oil Cleansing




မျက်နှာပေါ်က အညစ်အကြေးတွေကိုဖယ်ရှားဖို့ သန့်စင် အဆီကို သုံးပြီး အရင် သန့်ရှင်းပေးရပါမယ်။

အဆင့် ၂- ရေနဲ့သန့်စင်ခြင်း




ဒီအဆင့်ကတော့ ပုံမှန်မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်တဲ့ အဆင့်ပါ။

အဆင့် ၃- မျက်နှာချေးချွတ်ခြင်း




မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ တစ်ရက်ခြားတစ်ခါလောက် မျက်နှာချေးချွတ်ဆေးအနုနဲ့ ချေးချွတ်ပေးသင့်ပါတယ်။

အဆင့် ၄- Toner




ချေးချွတ်မျက်နှာသန့်စင်ပြီးနောက် တိုနာ လိမ်းပေးရပါမယ်။

အဆင့် ၅- Serum




ဒီအဆင့်မှာတော့ နို့ရည်၊ Essence, Serum စတာတွေကို လိမ်းပေးနိုင်ပါတယ်။

အဆင့် ၆- မျက်နှာကို နှိပ်နယ်ပေးပါ




အစောပိုင်းက လိမ်းထားတဲ့ Product တွေအသားထဲစိမ့်ဝင်အောင် စက်ဝိုင်းပုံစံ နှိပ်နယ်ပေးရပါမယ်။

အဆင့် ၇- Sheet Mask




မျက်နှာနှိပ်နယ်ပြီးနောက်မှာတော့ Sheet Mask ကပ်ပေးရပါမယ်။

အဆင့် ၈- Eye Cream




နူးညံ့တဲ့မျက်လုံးအောက်က အသားအရေအတွက် Eye Cream ကိုလိုအပ်ပါတယ်။

အဆင့် ၉- Moisturizer




အစိုဓာတ်ထိန်းခရင်လိမ်းပြီးတော့ မျက်နှာအစိုဓာတ်ထိန်းပေးရပါမယ်။

အဆင့် ၁၀- Sunscreen




နေလောင်ကာခရင်က မိန်းကလေးတစ်ယောက်မှာ နေ့တိုင်းပုံမှန်လိမ်းပေးရမယ့်အရာပါ။

Photo Source: Pinterest

By MyStyle Myanmar


#အဆင့်
#မျက်နှာ
#မျက်နှာသစ်
#အစိုဓာတ်
#နို့ရည်

Some text some message..