ရင်သား နှစ်ဖက် Size မတူရတဲ့ အကြောင်းအရင်းနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်း
auntymay.com
|
2020-11-25

အမျိုးသမီး အများစုက တော့ ရင်သားတစ်ဖက်နဲ့ တစ်ဖက် အရွယ်အစား မတူကြပါဘူး။ရုတ်တရက်ကြီး Size မတူတာ မျိုး၊အရွ ယ်အစား ပြောင်းလဲ လာ တာမျိုး မဟုတ်ပဲ အရင်တည်းက ဖြစ်နေတာ ဆိုရင် ဒါပုံမှန်ပါ။အဲ့လို မဟုတ်ပဲ ရုတ်တရက်ကြီး ပြောင်းလဲ သွားတာ မျိုး ဆိုရင် တော့ ဆရာဝန်နဲ့ ပြသ ကြည့်တာ အကောင်းဆုံးပါ။ရင်သား တစ်ဖက်ကြီး တစ်ဖက် သေး ရတဲ့ အကြောင်း အရင်းကိုတော့ Dailymail နဲ့ India.com တို့ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ပြန်လည် ဝေမျှ ပေးတာပါ။


Image:freepik.com/nensuria

မိန်းကလေးတွေရဲ့ ရင်သား တစ်ဖက်နဲ့ တစ်ဖက် အရွယ်အစား မတူ တာ မျိုးက အမျိုးသမီး ၈၂ ရာခိုင်နှုန်း လောက် ကြုံ နေရတဲ့ ကိစ္စ ပါ။ပုံမှန် အားဖြင့် တော့ အရွယ်အစား Size က ၂၅ ရာခိုင်နှုန်း လောက် ကွာ ပါတယ်။တစ်ချို့ ကွာခြားချက် သိပ် များတဲ့ သူ ဆိုရင် Bra Cup ရွေးတဲ့ အခါ တစ်ဖက်နဲ့ ကွက်တိ ဖြစ်နေ ပြီး တစ်ဖက်က ချောင်နေ တာ မျိုးတွေ လည်း ရှိကြပါတယ်။အများစု က တော့ ဘယ်ဖက်က ညာဖက် ထက် ပိုကြီး ပါတယ်။ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက တော့ တစ်ရှူး တွေ ကြောင့်ပါ။ရင်သား ဆိုတာ တကယ်တော့ အဆီခဲကြီး ပါဆိုပြီး စနောက် ပြောတာ မျိုးတွေ ကြားဖူးကြမှာပါ။ဒါမှန်ပါတယ်။ fatty tissue တွေ စုပုံပြီး ဖြစ်လာတာပါ။ fatty tissue စုပုံတဲ့ ပမာဏ ကွာခြားချက်ကြောင့် တစ်ဖက်ကြီး တစ်ဖက်သေး ဖြစ်နေရတာပါ။


Image:freepik.com/besknt

တစ်ချို့က တော့ ဒါက မျိုးရိုးနဲ့ ဆိုင်ပါတယ်။တခြားအ ကြောင်း အရင်း တွေ ထဲမှာတော့ ခန္ဓာကိုယ် Body Weight အ ပြောင်းအလဲ ကြောင့်၊တ စ်ချို့ အမျိုးသမီးတွေ မှာ ကျ တော့ ကိုယ်ဝန် ရပြီး ဒါမှမဟုတ် ကလေးနို့ တိုက်ပြီး တဲ့ အခါ မျိုးတွေ မှာ အရွယ်အစား တစ်ဖက်နဲ့ တစ်ဖက် သိသိသာသာကွာ တာ မျိုး တွေ ရှိ တတ်ပါတ ယ်။ Dr Burbage ဆိုတဲ့ သူက တော့ ဘယ်ဖက်က ညာဖက် ထက် ပိုကြီး ရတာ ဟာ ဘယ်ဖက်မှာ နှလုံးရှိတော့ အဲ့နေရာမှာ သွေးလှည့် ပတ် စီးဆင်းမှု ပိုများလို့ ပိုကြီး သွားတာ လ ည်း ဖြစ်နိုင်တယ်လို့် လေ့လာ တွေ့ရှိချက် တွေ ကို ကိုးကားပြီး ပြော ခဲ့ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ Size မညီတော့ ဘရာ ရွေးတဲ့ အခါမှာ တစ်ဖက်က ပုံကျ ရင် တစ်ဖ က်က ပုံမကျ တာ မျိုး တွေ ဖြစ်တတ်ပါတယ်။အဲ့ဒီအခါမှာ ရင်သားတစ်ဖက်က ဘရာ ရဲ့ ကောင်းကောင်း Support လုပ်တာကို မခံရ တော့ အချိုးအစား မညီတဲ့ ကိစ္စ က ပိုဆိုးလာတာမျိုးတွေ လည်း ရှိတတ်ပါတယ်။


Image:.freepik.com/halayalex

ဒါဆိုရင် ဘယ်လို ဖြေရှင်းနိုင်လဲ..? ဒါက ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပေမယ့် လည်း တကယ်လို့ ဒီလို Size ကွာ နေတာကို မကြိုက်ရင် ဒီလို နည်း တွေ နဲ့ ဖြေရှင်းလို့ တော့ ရပါတယ်။အချိန်တော့ ယူရပါမယ်။ပထမ နည်းက တော့ နှိပ်တာပါ။ရင်သားကို ဖြည်းဖြည်း ချင်း နှိပ်နယ် ပေးတာ မျိုးပါ။သေးနေတဲ့ ဖက်ကိုပဲ ဖြစ်ဖြစ် ၊နှစ်ဖက် လုံးကိုပဲ ဖြစ်ဖြစ် နှိပ်နယ်ပေးပါ။ဒီလို နှိပ်နယ်ပေးခြင်းက သွေးလှည့်ပတ်မှုတွေ ကို ကောင်းမွန်စေ ပြီး Size ကွာ ခြားချက်ကို လျော့ နည်းစေပါတယ်။


Image:freepik.com/demanna

ဒုတိယ နည်းက တော့ လေ့ကျင့်ခန်းပါ။ရင်သား လေ့ကျင့်ခန်းတွေကို Youtube မှာ အလွယ်တကူရှာလို့ ရပါ တယ်။အချိန်ပေး ပြီး လုပ်ကြည့်ပါ။ရင်သား လေ့ကျင့်ခန်းကေ တာ့ Size မညီမှ မဟုတ်ပါဘူး။မိန်းကလေး တိုင်း လုပ်ပေး သင့်ပါတယ်။Body အပေါ် ပိုင်း နဲ့ Chest ပိုင်း ကစားတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပါ။ရင်သား ကို တင်းရင်း လှပ စေပါတယ်။နောက်ဆုံး နည်းက တော့ ရေပူနဲ့ ရေအေး သုံးတာပါ။


Image:freepik.com/torwaiphoto

ရေချိုးမယ်ဆိုရင် ရေပူနဲ့ ရေ အေး ကို သုံးပေးပါ။ရေအေးနဲ့ ရေပူကို တလှည့်စီ သုံးပေးတာက သွေးလှည့် ပတ်စီးဆင်းမှု အပြင် collagen production ကိုပါ ကောင်းစေကာ အရေပြားကို တင်း ရင်းစေပါတယ်။နည်းက တော့ သေးတဲ့ ရင်သားကို အရင် ဆုံး ရေ နွေး နဲ့ လောင်းချ ပေးပြီး တစ်မိနစ်လောက် ထားပေးပါ။တစ်မိနစ် ပြည့်ရင် တော့ ရေအေးနဲ့ လောင်း ပေးပါ။စက္ကန့် ၃၀ လောက် ထား ပေးပါ။ပြီးရင် တော့ ပုံမှန် အတိုင်း ရေချိုး လို့ ရ ပါပြီ။ဒီနည်းလေးကို ရေချိုးတိုင်း ပုံမှန် လုပ်ပေးပါ။

#AUNTYMAY


#ရင်သား
#ရေအေး
#အရွယ်အစား
#ရေပူ
#လေ့ကျင့်ခန်း

Some text some message..