ပါရီမြို့သူတစ်ယောက်လိုဖြစ်စေမယ့် ပြင်သစ်နိုင်ငံ စတိုလ် အခြေခံ ဖက်ရှင်လေးတွေ
mystylemyanmar.com
|
2020-11-30

ပြင်သစ်နိုင်ငံ ပါရီမြို့ဆိုတာ ဖက်ရှင်မြို့တော်ကြီးတစ်ခုပါပဲ။ ပြင်သစ်က အမျိုးသမီးတွေဟာ ဆွဲဆောင်မှုရှိပြီး လှပကြတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဈေးကြီးတဲ့ အဝတ်အစား အသုံးအဆောင်တွေကြောင့်မဟုတ်ပါဘူး။ ပါရီမြို့သူတစ်ယောက်လိုထင်ရစေတဲ့ ပြင်ဆစ်စတိုင်လ် ဖက်ရှင်လေးတွေကို စုစည်းတင်ပြလိုက်ပါတယ်။


ဂျင်းဘောင်းဘီတွေ




ပြင်သစ်အမျိုးသမီးတွေဟာ ဂျင်းဘောင်းဘီးကို အပေါ်က Blouser (သို့) စွယ်တာနဲ့ တွဲဖက်ပြီး ရိုးရိုးလေး ဝတ်ဆင်ကြပါတယ်။


အနက်ရောင်ကုတ်အင်္ကျ ီ




အနက်ရောင်ဟာ သင့်ကို Classic ဆန်စေပါတယ်။ ပြင်သစ်နိုင်ငံက အမျိုးသမီးတွေ တော်တော်များများဟာလည်း အနက်ရောင်ကုတ်အင်္ကျ ီကို ဖက်ရှင်ကျကျ ဝတ်ဆင်တတ်ကြပါတယ်။


Handbag အိတ်တွေ




လက်စွဲအိတ်ဆိုတာ အမျိုးသမီးတွေ အသည်းစွဲရတဲ့ ဖက်ရှင်ကျကျ လွယ်လေ့ရှိတဲ့ အိတ်တွေပါပဲ။ ပြင်သစ်နိုင်ငံသူတွေဟာ အိတ်တွေကို ဈေးကြီးကြီးပေးဝယ်လေ့မရှိဘဲ လက်စွဲအိတ်အတုလေးတွေကိုသာ ဝယ်ယူကြပါတယ်။ တုတုစစ်စစ် ဘယ်သူကသိတာမှတ်လို့နော်။


အမျိုးသား ရှူးဖိနပ်တွေ




ပါရီမြို့သူတွေဟာ အမျိုးသား ရှူးဖိနပ်တွေကိုလည်း နှစ်နှစ်ခြိုက်ခြိုက် ဝတ်ဆင်ကြပါတယ်။


ရှူးဖိနပ်ပါးပါးတွေ




ရှူးဖိနပ်ပါးပါးစီးလေ့ရှိတာကို ပါရီမြို့ရောက်ရင် သတိထားမိကြမှာပါ။ ရှူးဖိနပ်ပါးပါးလေးတွေဟာ ပါရီမြို့သူတွေရဲ့ အသည်းစွဲပါပဲ။


အနက်ရောင် နေကာမျက်မှန်




ပါရီမြို့ကို ရောက်ပြီဆိုရင် အနက်ရောင် နေကာမျက်မှန်ကို တပ်ထားကြတာကိုလည်း တွေ့ရမှာပါ။


ချည်ပုဝါလေးတွေ




ချည်ပုဝါလေးတွေကို လည်ပင်းမှာစည်းပြီး ဝတ်တတ်တာကလည်း ပါရီမြို့သူတွေရဲ့ ဖက်ရှင်တစ်ခုပါပဲ။


ရှပ်အင်္ကျ ီပါးပါး




အမျိုးသမီးတွေကို ပိုပြီး မိန်းကလေးဆန်သွားစေတဲ့ ရှပ်အင်္ကျ ီအဖြူပါးပါးနဲ့ ဒေါက်ဖိနပ်မြင့်မြင့်ကိုလည်း ပါရီမြို့သူတွေ ဝတ်ဆင်လေ့ရှိပါတယ်။


ကုတ်အင်္ကျ ီရှည်ရှည်




ကုတ်အင်္ကျ ီ ရှည်ရှည်တွေကို ဂျင်းဘောင်းဘီ၊ Pant ပေါင်းဘီတွေနဲ့ တွဲပြီးလည်း ဖက်ရှင်ကျကျ ဝတ်လေ့ရှိပါတယ်။


လည်ပင်းကျယ်ကျယ်နဲ့ စွယ်တာအင်္ကျ ီတွေ




ကော်လံကြီးကြီး ပါတဲ့ စွယ်တာအင်္ကျ ီတွေကိုလည်း ပါရီမြို့သူတွေ ဝတ်ဆင်ကြပါတယ်။ ပုခုံးထားကို ဖော်ပြီး ဝတ်ဆင်တတ်လေ့ရှိပြီး ပိုပြီးလည်း ဆွဲဆောင်မှုရှိစေပါတယ်။


#ပါရီ
#ရှူးဖိနပ်
#မြို့သူ
#ဖက်ရှင်
#ကုတ်အင်္ကျီ

Some text some message..