သိပ်အလုပ်ရှုပ်မခံချင်တဲ့ မိန်းကလေးတို့ ညှပ်သင့်တဲ့ ၂၀၂၁ မှာခေတ်စားလာမယ့် Short Hairstyle တွေ
moda.com.mm
|
2020-12-02

မိန်းကလေးတွေရဲ့ သဘာဝကလည်း နားလည်ရတော့ခက်တယ်။ Hairstyle ကိုလည်းလန်းလန်းလေးဖြစ်ချင်တယ်။ အဲ့လိုဖြစ်ဖို့ အချိန်ပေးပြီးပြင်ဆင်ရမယ်ဆိုရင်လည်း မပြင်ဆင်ချင်ကြဘူး။ အလုပ်ရှုပ်မခံချင်ကြဘူး။ အိပ်ယာနိုးလာတာနဲ့ လှနေတဲ့ မျက်နှာ၊ ဆံပင်မျိုး (I woke up like this) မျိုးဖြစ်ချင်ကြတယ်။ အဲ့လို ဆံပင်ကိုသိပ်အချိန်မပေးပဲ လှနေချင်တယ်ဆိုရင်တော့ ဆံပင်အတိုထားဖို့ပဲ အကြံပေးချင်ပါတယ်။ ဆံပင်တိုလေးတွေက ပေါ့ပေါ့ပါးပါးရှိတယ်၊ ခေါင်းလျှော်ဖို့၊ ပုံသွင်းဖို့ သိပ်အများကြီးအားထုတ်စရာမလိုပဲ Style ကျနေစေတယ်။ ဒါပေမယ့်ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်တိုဖြစ်ဖို့တော့ လိုတာပေါ့။ လာမယ့် ၂၀၂၁ နှစ်သစ်မှာ Hairstyle အသစ်လေးတွေနဲ့ လန်းချင်တယ်ဆိုရင် အောက်မှာပြထားတဲ့ 2021 Trendy Short Hairstyle လေးတွေကိုတော့ ညှပ်ကြည့်သင့်တယ်နော်။


Dazzling Pixie
Pixie Cut ထက်ပို Sexy ကျပြီးပို Hot တဲ့ Hairstyle ရှိဦးမှာလား။ ထိန်းသိမ်းရလည်း အလွယ်ကူဆုံးဖြစ်ပြီး ကိုယ့် မျက်နှာကိုလည်းအများကြားမှာထင်းနေစေမှာပါ။ Pixie Cut ကအရမ်းမျက်နှာကြီးသူတွေ၊ ဝိုင်းတဲ့သူတွေနဲ့တော့ သိပ်မလိုက်ဖက်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် Confident ရှိတယ်ဆိုရင် တကယ်ထားကြည့်သင့်တဲ့ Hairstyle ပါ။



Textured Lob
ဆံပင်အရှည်မထားချင်ဘူး။ အရမ်းလည်းတိုအောင်မညှပ်ပစ်ရက်ဘူး ဆိုသူတွေအတွက် ဂုတ်လောက်အရှည်နဲ့ Lob Hairstyle လေးတွေကအဆင်အပြေဆုံးဖြစ်မှာပါ။ သူ့ကို Long-Bob လို့လည်းတစ်ချို့ကခေါ်ကြတယ်။ Shoulder-Length ဖြစ်တာမို့ ဆံပင်စည်းလို့လည်းရသလို ကြိုက်သလိုလည်း ပုံသွင်းရလွယ်တဲ့ Hairstyle လေးပါ။



Blunt Chin Bob
ဆံပင်ဂုတ်ဝဲလို့လည်းခေါ်ကြတဲ့ Bob Hairstyle တွေအများကြီးရှိတဲ့ထဲကမှ Blunt Cut ဆိုတာက Bob ကို Step တွေ၊ အဖျားကိုချွန်တာမျိုး မဟုတ်ပဲ ဆံပင်အဖျားကို ရှေ့နောက်တညီတည်းတုံးတိ ညှပ်တဲ့ပုံစံမျိုးပါ။ ရိုးရှင်းတယ်ထင်ရပေမယ့် ထားတတ်ရင် အရမ်းအထာကျတဲ့ Hairstyle ပါ။ အဝတ်အစားတိုင်းနဲ့ အဆင်ပြေပြီး ဆံပင်ထူတဲ့သူတွေနဲ့ဆိုပိုလိုက်ပါတယ်။



Cheekbone-Grazing Omega
1960 လောက်က Hollywood မင်းသမီးတွေရဲ့ Favourite ဖြစ်တဲ့ ဂုတ်အဖျားလန်လန်လေးနဲ့ Omega Hairstyle လေးကို Ariana Grande “Positions” Music Video မှာအပြင် Fashion Runway တွေမှာလည်းပြန်တွေ့လာရပြီနော်။ မိန်းကလေးဆန်ဆန် ချစ်စရာကောင်းပြီး အထူးတလည်ကြီးပြင်ဆင်နေစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ဂုတ်လောက်ဆံပင်တွေကအဲ့အရှည်လောက်ဆို ဂုတ်ထောက်ပြီးသူ့အလိုလိုလန်နေပြီလေ။



Bob with Bangs
ဒီ ဆံပင်လေးကတော့ စပေါ်တည်းက အချိန်တွေဘယ်လောက်ကြာကြာ၊ ဘယ်လောက်ပြောင်းပြောင်း မိန်းကလေးတွေ အကြိုက်ဆုံး Hairstyle List ထဲမှာရှိနေဦးမှာသေချာပါတယ်။ ထိန်းသိမ်းရသက်သာတယ်၊ Fashionable ဖြစ်တယ်၊ မျက်နှာကိုလည်း ပိုပြီးငယ်ရွယ်သွားစေတယ်။ တစ်ချို့ကဒီဆံပင်ကို အသက်ကြီးတဲ့သူတွေနဲ့မလိုက်ဘူးပြောတယ်။ အဲ့ဒါဆို Vogue Magazine ကြီးရဲ့ Former Chief-Editor “Anna Wintour” ဒီဆံပင်လေးနဲ့ဘယ်လောက်မိုက်နေလဲပဲကြည့်လိုက်တော့နော်။



Fancy Mullet
1980's ရဲ့ Disco နေ့ရက်တွေကိုတစ်ခါပြန်သွားကြည့်ရအောင်။ Punk Hair လို့လည်းလူသိများကြတဲ့ Mullet Hairstyle ကိုအဲ့အချိန်အခါက အမျိုးသားအမျိုးသမီးမရွေး နှစ်ခြိုက်ကြတဲ Hairstyle ပါ။ ဒီ Style ကို ၂၀၂၁ မှာပြန်ညှပ်လာကြတယ်။ ဂေါ်တယ်ဆိုတာထက်ကိုဂေါ်တာမို့ Baddie ဆန်ဆန် Edgy ဖြစ်တဲ့ မိန်းကလေးတွေကိုသာညှပ်ကြည့်ဖို့ Recommend လုပ်ချင်ပါတယ်။



Grace of Twiggy
တစ်ခေတ်တစ်ခါက နာမည်ကျော်မော်ဒယ်/မင်းသမီး Twiggy ရဲ့ Iconic ဆံပင်အတိုလေးဖြစ်တဲ့ Pixie Bob လေးကလည်း အတိုညှပ်ချင်နေပေမယ့် Pixie လောက်လည်း ယောင်္ကျားမဆန်ချင်တဲ့ မိန်းကလေးတွေညှပ်ဖို့ သင့်တော်တဲ့ ဆံပင်ပုံစံလေးပါ။ Twiggy Hairstyle အတိုလေးက Bob လိုလည်းမရှည် Pixie လိုလည်းအရမ်းမတိုပဲ လုံးလုံးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းပါတယ်။ Oval Shape မျက်နှာ၊ Heart Shape မျက်နှာရှိပြီး ဘေးခွဲထားတတ်တဲ့သူတွေနဲ့ဆို ဒီ Hairstyle လေးက Perfect ပဲနော်။



#ဆံပင်
#အဖျား
#မျက်နှာ
#မိန်းကလေး
#အရှည်

Some text some message..