မျက်လုံးအောက်နားမှာ ဖြစ်တတ်တဲ့ အဆီဖုလေးတွေကို ပျောက်ကင်းစေမယ့် နည်းလမ်းကောင်း
auntymay.com
|
2020-12-14

မျက်လုံးအောက်နားမှာ ပိုအဖြစ်များတဲ့ အဆီဖုလေးတွေက ဝက်ခြံတွေလို သိပ်ကြီးကြီးမားမား ပြသနာမျိုး မဟုတ်ပေမယ့် သေချာဂရုမစိုက်လိုက်ဘူး ဆိုရင်တော့ ပျောက်ကင်းဖို့ အရမ်းကို ခက်ခဲစေပါတယ်နော်။ အခြေအနေဆိုးနေရင်တော့ အရေပြားဆရာဝန်တွေဆီ သွားရောက်ပြသတာမျိုး လုပ်သင့်သလို တကယ်လို့ ဖြစ်ခါစ သိပ်မဆိုးဝါးဘူးဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ ကုသပေးနိုင်ပါတယ်။

သေချာ skin care လုပ်ပါ

shutterstock/liza54500

အထူးသဖြင့် ဒီအဆီဖုလေးတွေဟာ မျက်နှာမသန့်ရှင်းတဲ့အခါ ပိုဖြစ်ပေါ်တတ်ပါတယ်။ ဒီတော့ မျက်နှာကို သေချာလေး သစ်ပေးမယ်၊ နောက်ပြီး skin care ကို သေချာ ဂရုတစိုက် လုပ်ပေးမယ် ဆိုရင်တော့ သက်သာလာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အပြင်က ပြန်လာပြီး မျက်နှာမသစ်ပဲ အိပ်လိုက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ မျက်နှာကို သေချာသစ်ပြီး လိုအပ်တဲ့ ထိန်းသိမ်းမှုလေးတွေ လုပ်ပြီးမှ အိပ်သင့်ပါတယ်နော်။

အလှကုန် တစ်မျိုးတည်းကိုပဲ မသုံးပါနဲ့

shutterstock/ fizkes

အလှကုန်တစ်မျိုးတည်းက အကျိုးသက်ရောက်မှု အားလုံးကို ရရှိစေနိုင်တယ်လို့ ညွှန်းထားတဲ့ အလှကုန်တစ်မျိုးတည်ကိုသာ မသုံးသင့်ပါဘူးနော်။ ဘာကြောင့်လဲဆိုတော့ အလှကုန်တစ်မျိုးတည်းက အသားအရေရဲ့ ပြသနာတိုင်းကို မဖြေရှင်းပေးနိုင်လို့ပါပဲ။ အထူးသဖြင့် မျက်လုံးအောက်နား အဆီဖုတွေဖြစ်နေတဲ့ အခါမျိုးမှာ သူ့လိုအပ်တဲ့ အလှကုန်အဆင့်ဆင့်ကို လိမ်းပေးသင့်ပါတယ်။ ဥပမာ – တိုနာ၊ moisturizer, eye cream စသဖြင့် အဆင့်ဆင့် လိမ်းပေးမှ အသားအရေက လိုအပ်တဲ့ အဟာရကို ရရှိစေမှာ ဖြစ်ပါတယ်။

နေရောင်ခြည်ဒဏ်က ကာကွယ်ပါ

shutterstock/ Izabela Magier

နေရောင်ခြည်က အသားအရေကို အရမ်းထိခိုက်စေနိုင်ပါတယ်နော်။ ဒါကြောင့် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်တွေ ဆောင်းသွားတာ၊ နေလောင်ကာ ခရမ်တွေ လိမ်းသွားတာမျိုး လုပ်သင့်ပါတယ်။ တကယ်လို့ အသားအရေမှာ နေရောင်ခြည် အရမ်းထိတွေ့သွားတဲ့အခါ မျက်ကွင်းညိုတာမျိုး အလွယ်တကူ ဖြစ်စေပါတယ်။

အလှကုန် ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပါ

shutterstock/ Nestor Rizhniak

တစ်ချို့ အလှကုန်ပါဝင်ပစ္စည်းတွေက ကိုယ်နဲ့ မတည့်တာမျိုးလည်း ဖြစ်နိုင်လို့ မဝယ်ခင်မှာ သေချာလေး ဖတ်ကြည့်သင့်ပါတယ်။ မျက်လုံးအောက်က အဆီဖုတွေက အလှကုန်ရွေးချယ်မှု မှားယွင်းတဲ့အခါလည်း ဖြစ်ပေါ်နိုင်ပါတယ်နော်။ ဒီတော့ အလှကုန်တွေ မဝယ်ခင်မှာ သူ့မှာပါတဲ့ စာတွေနဲ့ အညွှန်းတွေကို သေချာဖတ်ပြီးမှ ဝယ်သင့်ပါတယ်။

Khin


#အလှကုန်
#နေရောင်ခြည်
#အဆီ
#မျက်နှာ
#မျက်လုံး

Some text some message..