
New Year နဲ့ Christmas အတွက် ဘာတွေ စီစဉ်ထားကြလဲ။ လွတ်လွတ်လပ်လပ်အပြင်တွေ ထွက်လို့မရသေးဘူးဆိုတော့ Mood ကတော့ Out နေမှာပါ။ ဒီလိုအချိန်မှာ Holiday Vibe အပြည့်ရစေဖို့ ဓာတ်ပုံလေးတွေ မရိုက်ချင်ဘူးလား။ မြို့ထဲဘက်တွေ၊ Shopping Mall တွေက Christmas Decoration အပြည့်နဲ့ အလှဆင်ထားပြီဆိုတော့ ဒီအခွင့်အရေးကို အမိအရအသုံးချသင့်တယ်နော်။ ခါတိုင်းနှစ်တွေလောက် လူတွေလည်း မများတော့ စိတ်တိုင်းကျတဲ့အထိ စိမ်ပြေနှပြေရိုက်လို့လည်းရတာပေါ့။ ဘယ်လိုပုံလေးတွေရိုက်လို့ရလဲဆိုတာကိုလည်း ရှာဖွေပေးထားတာမို့ Outfit အမိုက်စားလေးတစ်စုံတော့ စီစဉ်ထားလိုက်တော့နော်။
Side Pose
လှည်းတန်းတံတားလိုနေရာမျိူးမှာ ရိုက်ရင် လှမယ့် Pose ပါ။ မီးရောင်တွေလည်း တဖျက်ဖျက်နဲ့ နောက်ခံ Background ကလည်း အမိုက်စားဆိုတော့ ထိမိနေတဲ့ Night Portrait ပုံလေးတစ်ပုံကိုရမှာပါ။
Sitting Pose
Myanmar Plaza တို့ Time City က Christmas Decoration တွေနဲ့ အရမ်းလိုက်မယ့် ပုံစံပါ။ Pose ကလည်း ထွေထွေထူးထူးလုပ်စရာမလိုဘူး..ခပ်မိုက်မိုက် Background ရှေ့မှာ ထိုင်နေလိုက်ရုံပဲ။
Close Up
မျက်နှာအနီးကပ်ရိုက်မယ့်ပုံလေးတွေကို ဒီလိုပုံဖော်လို့ရတယ်နော်။ အလှဆင်ထားတဲ့ မီးလုံးလေးတွေကိုလည်း အမိအရ ရိုက်ယူနိုင်မယ့် ပုံစံလေးပါ။
နောက်ကျော
ကိုယ့်မျက်နှာကို သိပ်မပြချင်ဘူး၊ Outdoor Decoration လှလှလေးကိုပဲ အဓိကထားရိုက်ချင်ရင် ဒီလိုနောက်ကျောပုံလေးတွေကလည်း တစ်မျိူးဆန်းနေမှာပါ။
Look up Pose
Pose သိပ်မပေးတတ်တဲ့ကောင်မလေးတွေ Christmas Photo Booth မှာပဲဖြစ်ဖြစ် ဒီလို Decorate လုပ်ထားတဲ့နေရာမှာ ရိုးရိုးရှင်းရှင်း ဒီလိုလေးနေရုံနဲ့ ဓာတ်ပုံလှလှလေးထွက်လာမှာနော်။
Wide Angle
မြင်ကွင်းကျယ်ကျယ်နဲ့ ootd (outfit of the day) ပုံစံ ကိုယ့်ဝတ်ထားတဲ့ Outfit လေးကိုလည်း ပေါ်ချင်ရင်တော့ ဒီမျိူးလေးတွေ ရိုက်ကြည့်နော်။