စတိုင်လစ်တွေပြောတဲ့ ဆံပင်ညိထွေးမှုမရှိပဲ အုံထူကျန်းမာလာစေမယ့် ခေါင်းလျှော်နည်း
auntymay.com
|
2020-12-25

ဆံသားကျန်းမာလှပနေဖို့က လူတစ်ယောက်ရဲ့ အသွင်အပြင်ကို လုံးဝပြောင်းလဲလိုက်နိုင်တယ်ဆိုတာ သင်သိပါသလား။ ဆံသားတွေကလည်း တစ်ဦးနဲ့တစ်ဦးမတူညီနိုင်သလို ထိန်းသိမ်းရပုံတွေကလည်း ကွဲပြားပါတယ်။ ဒါ့ကြောင့် ဆံပင် စတိုင်လစ်တွေပြောပြတဲ့ အခြေခံ ဆံသားထိန်းသိမ်း ခေါင်းလျော်နည်းတွေကိုပြောပြပေးသွားမှာပါ။ ဒီအချက်တွေကို လိုက်နာရင်တော့ ဆံပင် ညိထွေးမှုတွေ ၊ ကျွတ်တာတွေ ရပ်တန့်ပြီးတော့ အုံထူကျန်းမာလာမှာပါ။


(၁) ရေအပူချိန်ကိုသိပါ


freepik by torwaiphoto

ခေါင်းလျော်တဲ့အခါမှာ ဆံသားရှုပ်ထွေး ကျွတ်ထွက်တာတွေမဖြစ်ဖို့ ရေရဲ့အပူချိန်ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့်ဆောင်းရာသီမှာ ရေပူနဲ့ လျော်တာ၊ ရေနွေးစပ်လျော်တာတွေကိုရှောင်သင့်ပါတယ်။ ရေပူတွေက ဦးရေပြားချွေးပေါက်တွေကို ပိတ်စေလို့ ဆံပင်တွေပိုကျွတ်စေပါတယ်။ ရေအေးနဲ့လျော်တာကတော့ ချွေးပေါက်တွေကိုပွင့်စေကာ ဆံပင်ကိုလည်း တောက်ပြောင် ကျန်းမာစေပါတယ်။ သို့ပေမယ့် ဆံသားအဆီပြန်တတ်တဲ့သူတွေကတော့ ရေခပ်နွေးနွေးလေးသုံးပေးသင့်ပါတယ်။


(၂) ခေါင်းလျှော်ရည်

ခေါင်းလျှော်ရည်ရွေးတဲ့အခါမှာ family type ဘယ်လိုဆံသားမဆိုအဆင်ပြေတယ်ဆိုတဲ့ ခေါင်းလျှော်ရည်မျိုးထက် ကိုယ့်ဆံသားနဲ့ကိုက်တဲ့ ခေါင်းလျှော်ရည်မျိုးကိုသေချာရွေးသင့်ပါတယ်။ ဆံသားခြောက်တဲ့သူတွေအတွက် ရေဓာတ်ဖြည့်ပေးတဲ့ ခေါင်းလျှော်ရည်၊ အဆီပြန်တဲ့ဆံသားက အဆီထိန်းခေါင်းလျော်ရည်၊ ပျက်ဆီးတဲ့ဆံသားပိုင်ရှင်တွေကတော့ ဆံသားတောက်ပြောင်ကျန်းမာတဲ့ခေါင်းလျှော်ရည်မျိုးကို ရွေးချယ်ပေးပါ။


(၃)စနစ်တကျ ခေါင်းလျှော်နည်း


freepik by torwaiphoto

ခေါင်းလျှော်ရည်မသုံးခင်မှာ ဆံသားတွေကို နှံ့နေအောင် ရေစွတ်ပါ။ ခေါင်းလျော်ရည်ကို တတ်နိုင်သမျှ နည်းနည်းပဲသုံးပေးသင့်ပါတယ်။ ဘယ်လောက်ပဲ chemical တွေမပါတဲ့ခေါင်းလျော်ရည်ဖြစ်ပါစေ နည်းနည်းနဲ့လိုသလောက်ပဲသုံးတာက သင့်ဆံသားကိုပိုကျန်းမာစေပါတယ်။ ပြီးရင်တော့ ဦးရေပြားကို စက်ဝိုင်းပုံစံနှိပ်နယ်ပြီးလျော်ပေးပါ။ ရေပြန်ဆေးချတဲ့အခါ အချိန်ပိုယူပေးပါ။ ဆံသားမှာ shampoo တွေ conditioner ၊ ပေါင်းဆေး ဘာမှမကျန်တော့တဲ့အထိ ပြောင်စင်အောင်ဆေးချသင့်ပါတယ်။ ဒီလိုသေချာမဆေးပဲ chemical တွေကျန်နေတဲ့အခါ ကြာလာရင် ဗောက်ထတာ ၊ ဆံပင်ကျွတ်တာတွေဖြစ်လာမှာပါ။


(၄) အကြိမ်အရေအတွက်

ခေါင်းလျော်တဲ့အခါ ဆံသားပြဿနာတွေအလိုက် တပတ်ဘယ်နှစ်ကြိမ်လောက်လျှော်သင့်လဲဆိုတာလည်း သိထားသင့်ပါတယ်။ ဆံသားခြောက်တဲ့သူဆို တစ်ပတ်တစ်ခါ၊ အဆီပြန်တဲ့သူဆို တစ်ပတ်ကို နှစ်ခါကနေ ၃ ခါလောက်ထိလျှော်ပေးပါ။


(၅) ခေါင်းအုံးစွပ်တွေကို မကြာခဏလဲပေးပါ


freepik by torwaiphoto

ဆံသားကျန်းမာရေးအတွက် ခေါင်းအုံးစွပ်တွေကိုလည်း တစ်ပါတ်ကို နှစ်ခါလောက်လဲပေးသင့်ပါတယ်။ ဆံသားခြောက်တဲ့သူတွေအတွက် ပိုးဖဲသား ခေါင်းအုံးစွပ်တွေကတော့ အကောင်းဆုံးပါပဲ။ အဆီပြန်တဲ့ ဆံသားပိုင်ရှင်တွေကတော့ ချည်ခေါင်းအုံးစွပ်တွေကို သုံးပေးပါ။

#AuntyMay

 


#ခေါင်းလျှော်ရည်
#ခေါင်းအုံးစွပ်
#ရေပူ
#ဦးရေပြား
#ဆံပင်

Some text some message..