နှာခေါင်းချွေးပေါက်ကျယ်ခြင်းကို ကုသပေးမယ့် အကောင်းဆုံး နည်းလမ်းကောင်းလေး
auntymay.com
|
2020-12-29

တစ်ချို့ လူတွေက မျက်နှာအဆီပြန်တာမျိုး မဟုတ်ပဲ t zone နေရာတွေမှာ ပိုအဆီပြန်တာမျိုး ဖြစ်တတ်ပါတယ်နော်။ ဒီလို t zone နေရာတွေ အဆီပြန်တတ်တဲ့ သူတွေအနေနဲ့ နှာခေါင်းချွေးပေါက်ကျယ်တာမျိုး ဖြစ်တတ်ပြီး ဆားဝက်ခြံတွေ ဖြစ်လွယ်ပါတယ်။ ဒီလို နှာခေါင်းချွေးပေါက်ကျယ်ခြင်းကို ကုသပေးမယ့် နည်းလမ်းကောင်းလေးကို ဝေမျှပေးလိုက်ပါတယ်နော်။

မှန်ကန်တဲ့ product မျိုးကို သုံးပါ

shutterstock/puhhha

နှာခေါင်းချွေးပေါက်ကျယ်တဲ့အခါ ဆားဝက်ခြံတွေဖြစ်ပေါ်တာမို့ အလှပျက်စေနိုင်ပါတယ်နော်။ ဒီတော့ ဆားဝက်ခြံတွေကို ဖယ်ရှားဖို့ ကပ်ခွါတွေနဲ့ တစ်ခြားသော အလှကုန်တွေကို အသုံးပြုတဲ့အခါ သတိထားဖို့ လိုအပ်ပါတယ်။ တစ်ချို့ အလှကုန်တွေက ဆားဝက်ခြံတွေကို ဖယ်ရှားပေးတာ မှန်ပေမယ့် ချွေးပေါက်တွေကို ပိုကျယ်သွားစေနိုင်ပါတယ်။ ဒါကြောင့် တွေ့ရာ product တွေကို အသုံးမပြုသင့်ပါဘူး။ နောက်ပြီး ဆားဝက်ခြံကပ်ခွါမျိုးတွေ ကပ်ပြီးရင်လည်း အသားအရေကို ရေဓာတ်ပြန်ဖြည့်ပေးဖို့ လိုအပ်ပါတယ်နော်။

Day cream ကို နှာခေါင်းမှာ မလိမ်းပါနဲ့

shutterstock/ Artmim

အရေပြားဆရာဝန်တွေပြောကြားချက်အရ နှာခေါင်းအရမ်း အဆီပြန်တယ် ဒါမှမဟုတ် ဆားဝက်ခြံတွေ ရှိနေတယ်ဆိုရင် day cream လိမ်းတဲ့အခါ နှာခေါင်းကိုဖယ်ပြီး လိမ်းဖို့ပြောထားပါတယ်။ ဒါက ချွေးပေါက်တွေကို ပိုကျယ်စေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပြီး oily free sunscreen မျိုးလောက် လိမ်းပေးရုံနဲ့ အဆင်ပြေပါတယ်နော်။

ရေနွေးနဲ့ မျက်နှာသစ်ပါ

shutterstock/ liza54500

အဆီထွက်လွယ်တဲ့အခါ ချွေးပေါက်တွေကျယ်ပြီး အညစ်အကြေးတွေကြောင့် ချွေးပေါက်ပိတ်ဆို့ဖို့ လွယ်ကူစေပါတယ်။ ဒီတော့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးခြင်းက ချွေးပေါက်တွေကို ဖွင့်ပေးသလို ဖြစ်ပြီး အညစ်အကြေးတွေကို အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။ မျက်နှာသစ်ပြီးရင်တော့ အသားအရေကို အစိုဓာတ်ဖြည့်ပေးတဲ့ toner, moisturizer တို့ လိမ်းပေးဖို့ လိုအပ်ပါတယ်။

အဆီစုပ် စက္ကူသုံးပါ

shutterstock/ aslysun

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ မျက်နှာအသားအရေမှာ အညစ်အကြေးတွေ မကပ်အောင် အဆီစုပ်စက္ကူလေးကို သုံးပေးသင့်ပါတယ်။ ဒါက အဆီပြန်တဲ့ နေရာတွေကို ထိန်းပေးနိုင်လို့ သိပ်ကိုအဆင်ပြေပါတယ်နော်။ အဆီစုပ်စက္ကူသုံးတဲ့အခါ ပွတ်တိုက်တာမျိုးမလုပ်ပဲ ဖွဖွလေးဖိပေးတာမျိုးသာ လုပ်သင့်ပါတယ်။

Khin


#ဝက်ခြံ
#နှာခေါင်း
#မျက်နှာသစ်
#အညစ်အကြေး
#စက္ကူ

Some text some message..