
ကိုယ့်မျက်နှာနဲ့ အလိုက်ဖက်ဆုံးဆံပင်ပုံစံကို ရွေးချယ်ဖို့အတွက်တော့ မျက်နှာအနေအထားကိုအသိအကျသိထားဖို့လိုအပ်ပါတယ်။ ဥပမာ … မျက်နှာဝိုင်းသူလား၊ လေးထောင့်ကျလား စသဖြင့်ပေါ့ ။ ကိုယ့်ရဲ့မျက်နှာအနေအထားပုံစံအလိုက် လိုက်ဖက်မယ့် ဆံပင်စတိုင်တွေကိုတော့ Hair stylist တွေက အခုလိုဖော်ပြထားပါတယ်
(၁) မျက်နှာဝိုင်းသူ
View this post on Instagram
A post shared by Selena Gomez (@selenagomez)
ဆံပင်အဖြောင့်ပုံစံ (သို့) လှိုင်းလေးအနည်းငယ်ပါတဲ့ ဆံပင်ပုံစံကတော့ မျက်နှာဝိုင်းဝိုင်း ပိုင်ရှင်လေးတွေအတွက် အလိုက်ဖက်ဆုံးပါပဲ။ ယေဘုယျအားဖြင့်တော့ ဆံပင်အရှည်နဲ့လိုက်ဖက်တဲ့ မျက်နှာပိုင်ရှင်တွေပေါ့။ နားရွက်နားမှာ ဖောင်းဖောင်းလေးဖြစ်နေတဲ့ bob hair ပုံစံတွေက မျက်နှာကိုပိုကြီးသလိုဖြစ်စေတဲ့အတွက် လုံးဝရှောင်ပါ။
(၂) အသည်းပုံ မျက်နှာပိုင်ရှင်
View this post on Instagram
A post shared by Kim Kardashian West (@kimkardashian)
အသည်းပုံမျက်နှာပုံရှင်တွေကတော့ ပါးအို့ ခပ်မို့မို့လေးတွေ ပိုင်ဆိုင်ထားပြီး ၊ နှာဖူးကျယ်ကျယ် ၊ မေးရိုး သွယ်တဲ့ သူတွေပါ။ ဒီလိုမျက်နှာပိုင်ရှင်တွေကတော့ ဘယ်လိုဆံပင်ပုံစံနဲ့မဆို လိုက်ဖက်တဲ့အတွက် ကံကောင်းပါတယ်။ ရှေ့ဆံပင်အတိတွေ၊ bob hair တွေနဲ့လည်းလိုက်ဖက်ပါတယ်။
(၃) ဘဲဥပုံ မျက်နှာပိုင်ရှင်
View this post on Instagram
A post shared by @gos_sipgirledits
ဘဲဥပုံမျက်နှာပိုင်ရှင်တွေကလည်း ဆံပင်ပုံစံတော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ ဒီလိုလူတွေကတော့ ဆံပင် မတိုမရှည်ပုံစံမျိုးနဲ့ အလိုက်ဖက်ဆုံးပါ။ ဆံပင်အတို အဖြောင့် ပုံစံနဲ့ဆိုရင်တော့ မျက်နှာရှည်ရှည်ကြီးဖြစ်သွားတတ်တဲ့အတွက် ရှောင်သင့်ပါတယ်။
(၄) မျက်နှာ လေးထောင့်ပိုင်ရှင်
View this post on Instagram
A post shared by Katie Holmes (@katieholmes212)
မေးရိုးကားကားလေးနဲ့ မျက်နှာလေးထောင့် ပုံစံရှိသူလေးတွေကတော့ ဆံပင် အပြောင်သိမ်း ပုံစံမျိုးထက် မျက်နှာပေါ်မှာ ဆံပင်လေးတွေ ဝဲနေတဲ့ပုံစံမျိုးထားပေးပါ။ ဆံပင်ရှေ့အတိ အဖြောင့်ပုံစံမျိုးတွေနဲ့လည်းမလိုက်ဖက်ပါဘူး။ ဆံပင်ကောက်တာ (သို့) အထပ်ကလေးတွေညှပ်တာက သင့်မျက်နှာကို ပိုသွယ်စေပါလိမ့်မယ်
Rain