ပေါင်ပွန်းတာသက်သာပြီး ပေါင်အဆီကျစေမယ့် ကိရိယာလွတ် လေ့ကျင့်ခန်း (၅) ခု
mystylemyanmar.com
|
2021-01-04

မိန်းကလေးတစ်ယောက်က ကိုယ်အလေးချိန်တက်လာပြီဆိုရင် ပေါင်အဆီပါ တက်လာတတ်ပါတယ်။ ပေါင်အဆီနဲ့ ပါလာတဲ့ နောက်ထပ် ဒုက္ခတစ်ခုက ပေါင်ပွန်းတာပါ။ ပေါင်ပွန်းတဲ့အချိန်ဆိုရင် လမ်းလျှောက်ရတာ မလွယ်ကူတော့ပါဘူး။ ဒီတစ်ခေါက်မှာတော့ ဘာပစ္စည်းမှမလိုဘဲ ပေါင်အဆီချနိုင်မယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပါရစေ။

၁။ Sumo Squat




Photo Source: Pinterest
ပေါင်နှစ်ဖက်ကို ဘေးဘက်ခွာပြီး ထိုင်ထ ပုံစံထိုင်ချပေးရပါမယ်။
ဒါကို အခါ (၂၀) ၃ ကြိမ်ပြုလုပ်ပေးရပါမယ်။

၂။ Side Lunge




Photo Source: Healthline
မတ်တပ်ရပ်အနေအထားကနေ စပေးရပါမယ်။
ပြီးနောက် ပေါင်တစ်ဖက်ကို ဘေးဘက် ကားပြီး ထိုင်ပေးရပါမယ်။
ဒါကို ဘယ်ညာ ၁၅ ခါ စီ သုံးကြိမ်လုပ်ပေးရပါမယ်။

၃။ Inner Thigh Lift




Photo Source: Pinterest


ပေါင်တစ်ဘက်ကို နောက်တစ်ဘက်ပေါ် ခွထားပြီး အတွင်းထဲက ပေါင်ကို အပေါ် ပင့်တင်ပေးရပါမယ်။
ဒါကို ဘယ်ညာ တစ်လှည့်စီ ၁၅ ခါ သုံးကြိမ်လုပ်ရပါမယ်။

၄။ Squat Knee Pulses




Photo Source: Healthline


ပုံထဲကအနေအထားအတိုင်းနေပေးရပါမယ်။
ဒီအနေအထားနဲ့ပဲ ဒူးကို အတွင်းဘက်ကွေးပေးရပါမယ်။
ပြီးနောက် နဂိုအနေအထားအတိုင်း ပြန်သွားနိုင်ပါတယ်။
ဒါကို အခါ ၂၀ သုံးခေါက်လုပ်ပေးရပါမယ်။

၅။ Standing Leg Lifts




Photo Source: Healthline


မတ်တပ်ရပ်အနေအထားနဲ့ ဘယ်ခြေထောက်ကို ဘေးဘက် မြှောက်ပေးရပါမယ်။
ပြီးနောက် နဂိုအနေအထားအတိုင်း ပြန်သွားပေးရပါမယ်။
ဒါကို တစ်ဘက် ၁၅ ခါ သုံးကြိမ် လုပ်ပေးရပါမယ်။

By MyStyle Myanmar


#Photo
#အနေအထား
#ဘယ်ညာ
#အဆီ
#နဂို

Some text some message..