ဓါတ်ပုံတွေထဲမှာ အချိန်တိုင်းကြည့်ကောင်းနေစေမယ့် လျှို့ဝှက်ချက် (၁၂)ချက်
lifestylemyanmar.com
|
2021-01-11



ဓါတ်ပုံရိုက်တဲ့အခါ ဆွဲဆောင်မှုရှိတဲ့ ဓါတ်ပုံလေးတွေ ရရှိစေဖို့ဆိုရင် ကိုယ်က Pose ကောင်းကောင်းလေး ပေးတတ်ဖို့က အရေးကြီးပါတယ်။ ပြီးတော့ ကိုယ်ဟာ ဆယ်လီတစ်ယောက် မဟုတ်ခဲ့ရင်တောင် ကင်မရာရှေ့မှာ ဘယ်လိုနေရမယ်၊ ဘယ်လိုလေးတွေပြင်ဆင်သင့်သလဲဆိုတာ သိသင့်ပါတယ်။ ဒါ့ကြောင့် ပျိုမေတို့ကို ဓါတ်ပုံပြင်တဲ့ အက်ပလီကေးရှင်းတွေ မသုံးဘဲ ဓါတ်ပုံတိုင်းမှာ စွဲမက်စရာကောင်းနေစေဖို့ ကူညီပေးလိမ့်မယ့် လျှို့ဝှက်ချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ Lighting နဲ့ နောက်ခံကို ထည့်စဉ်းစားပါ

သဘာဝအလင်းက outdoor ဓါတ်ပုံတွေရိုက်ဖို့အတွက် အကောင်းဆုံးအလင်းဖြစ်ပါတယ်။အလင်း အရမ်းတောက်ပလွန်းတာမျိုး၊ မှောင်တာမျိုးက ဓါတ်ပုံကို ပျက်စီးစေပြီး သင့်အားနည်းချက်တွေကို ပေါ်လွင်စေပါတယ်။ outdoor ဓါတ်ပုံတစ်ပုံရိုက်ဖို့ အကောင်းဆုံးအချိန်က မနက်ခင်းနဲ့ မွန်းလွဲပိုင်းဖြစ်ပါတယ်။ ဒါ့အပြင် နောက်ခံလှလှလေးတွေ (သို့) အဖြူရောင်နံရံ (သို့) မျက်လုံးဖမ်းစားနိုင်မယ့် အနုပညာဖန်တီးမှု နောက်ခံတစ်ခုခုကို ရှာပါ။




၂။ Pose ပေးမှန်အောင် ကြိုးစားပါ

ဒီတစ်ခုက သင့်ရဲ့ရွေးချယ်မှုပေါ်မှာ လုံးဝမူတည်ပါတယ်။ ပို့စ်ပေးမှန်ရင် ဓါတ်ပုံကောင်းတွေ ရရှိမှာပါ။ ခြေထောက်တစ်ချောင်းကို အခြားတစ်ချောင်းရှေ့ထုတ်ထားခြင်းဖြင့် လမ်းလျှောက်နေဟန် ပြုလုပ်နိုင်ပါတယ်။ အဲဒီအစား မတ်တပ်ရပ်ပြီး ရိုက်ချင်ရင် သင့်ခြေထောက်တွေကို cross လုပ်ထားပါ။ ကင်မရာရှေ့မှာ မတ်မတ်ကြီးရပ်ဖို့ မကြိုးစားပါနဲ့။ ထိုင်နေတဲ့ ပုံရိုက်ချင်ရင် ခြေချိတ်ထိုင်ပါ။ ဘယ်ပို့စ်ပဲပေးပေး သင့်ရဲ့ကိုယ်ဟန်အနေအထားကို ဖြောင့်အောင်ထားဖို့ သတိရပါ။




၃။ မမြင်ရတဲ့ ဒေါက်ပုံစံ

ဖိနပ်အပါးစီးပြီး ဓါတ်ပုံရိုက်မယ်ဆိုရင်တောင် ဓါတ်ပုံထဲမှာ အရပ်နည်းနည်း ပိုရှည်အောင် ဖန်တီးလို့ရပါတယ်။ ဓါတ်ပုံထဲမှာ လက်မအနည်းငယ်ပိုသွားအောင် ဒေါက်ဖိနပ်စီးထားသလို ခြေဖျားအနည်းငယ်ထောက်ပြီး ရပ်ဖို့ လိုပါတယ်။

၄။ သင့်ရဲ့အကောင်းဆုံးဘက်ခြမ်းကိုသိပါ

အချို့လူတွေက သူတို့ရဲ့ဘယ်ဘက်ခြမ်းကနေ ဓါတ်ပုံရိုက်ရတာကို နှစ်သက်ကြပြီး အခြားသူတွေကတော့ ကိုယ့်မျက်နှာ ညာဘက်ခြမ်းကို အနီးကပ်ရိုက်ရတာ ကြိုက်ကြပါတယ်၊။ သင့်ရဲ့အကောင်းဆုံးဘက်ခြမ်းကို သိခြင်းက စမ်းသပ်လေ့လာမှုနှင့် လက်တွေ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဓါတ်ပုံများများရိုက်ပြီး ဘယ်ဘက်ခြမ်းက ကိုယ့်အတွက် အကောင်းဆုံးပုံစံဖြစ်သလဲဆိုတာ သိရှိဖို့ လေ့လာနိုင်ပါတယ်။




၅။ ထောင့်အမျိုးမျိုးကနေ ဓါတ်ပုံတွေကို ရိုက်ပါ

ကင်မရာကို တည့်တည့်ထားပြီး မျက်နှာချင်းဆိုင်ရိုက်ခြင်းက ပုံကောင်းထွက်တာ ရှားပါတယ်။ အကောင်းဆုံးနည်းကတော့ ကင်မရာနဲ့ ၂၅ဒီဂရီထောင့်ဖန်တီးဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ခန္ဓာကိုယ်ကို ကင်မရာဘက်သို့ လေးပုံသုံးပုံလှည့်ပါ။ ခြေထောက်တွေကို cross လုပ်ထားပါ။ ခြေထောက်တွေကို cross မလုပ်ထားချင်ရင်တောင် ခန္ဓာကိုယ်ကောက်ကြောင်းပေါ်ဖို့ ခန္ဓာကိုယ်ကို ဘေးတိုက်လှည့်ပြီး ဒူးတစ်ဖက်ကို အနည်းငယ် ကွေးထားပါ။




၆။ အဝတ်အစားကို မှန်မှန်ကန်ကန်ရွေးဝတ်ပါ

သင်ဟာ စွဲမက်စရာအသွင်ဖြစ်စေချင်ရင် ကြည့်ကောင်းပြီး ယုံကြည်မှုခံစားရစေတဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ပါ။ အရပ်ပုတဲ့သူဖြစ်ရင် ဒေါင်လိုက်စင်း ကိုဝတ်ဆင်ပါ။ သွယ်လျတဲ့ပုံ ပေါ်စေချင်တယ်ဆိုရင် darker colors ကို ရွေးချယ်ပါ။ အရမ်းပိန်လွန်းတယ်ဆိုရင် အရောင်ဖျော့ဖျော့လေးတွေနဲ့ အလျားလိုက်အစင်းတွေကို ဝတ်ဆင်ပါ။ ရှပ်ဂါဝန်ပွပွ ဝတ်ဆင်မယ်ဆိုရင် ခါးကိုပေါ်လွင်စေဖို့ ခါးပတ်တစ်ခု ပတ်ပေးပါ။




၇။ မိတ်ကပ်အနည်းငယ်လိမ်းတာက အံ့သြစရာတွေကို ဖန်တီးနိုင်ပါတယ်

မိတ်ကပ်နည်းနည်းလိမ်းထားရင်တောင် ဓါတ်ပုံကောင်းတစ်ပုံရနိုင်ပါတယ်။ သဘာဝဆန်တဲ့ Look ဖြစ်စေဖို့အတွက် အပြစ်အနာအဆာတွေ ဖုံးကွယ်သွားအောင် ကွန်ဆီလာလိမ်းပေးပါ။ အသားအရောင်ကို ညီညာသွားစေဖို့ BB cream လိမ်းပေးပါ။ မျက်ဝန်းတွေ ပိုလှစေဖို့ မျက်တောင်ကော့ဆေးသုံးပါ။ အရောင်တောက်တောက် နှုတ်ခမ်းနီဆိုးခြင်းက မျက်နှာကိုပိုပြီး ပေါ်လွင်စေပါလိမ့်မယ်။ တစ်ခါတလေ ဓါတ်ပုံထဲမှာ အရောင်အမှန်မထွက်ဘဲ အနည်းငယ်ပိုဖျော့သွားတတ်တာကြောင့် အနီရောင်တောက်တောက်လေးဆိုးပေးနိုင်ပါတယ်။ သဘာဝဆန်ဆန် glow နေစေဖို့အတွက် ပါးနီကို warm type color မျိုး လိမ်းချယ်ပေးပါ။




၈။ ဆံပင်ကို ပုံသွင်းပါ

သင့်ဆံပင်တွေက ပျော့ပျောင်းပြီး ပြားကပ်နေရင် ဆံပင်တွေကို လက်ချောင်းလေးတွေနဲ့ ထိုးဖွပေးတာမျိုး၊ ဇောက်ထိုးလှန်လိုက်တာမျိုး ပြုလုပ်ပေးပါ။ ဒါက ဆံပင်ကို အနည်းငယ်ထူသွားသယောင် ပေးစွမ်းနိုင်ပါတယ်။ နောက်တစ်ခုက ဆံပင်ကို ထိပ်မှာ ခပ်ဖွဖွလေးထုံးပေးတာမျိုးက ဆံပင်ပါးတာကို မသိသာစေပါဘူး။ ဓါတ်ပုံထဲမှာ ဆံပင်တွေ ဖွာလန်မနေစေချင်ဘူးဆိုရင် dry oil (သို့) ခရမ်လိမ်းတာမျိုးကို ကြိုးစားကြည့်နိုင်ပါတယ်။




၉။ ဓါတ်ပုံထဲမှာ မျက်တောင်မခတ်မိအောင်

တကဘ်လို့ ဓါတ်ပုံရိုက်တဲ့အခါ မျက်တောင်ခတ်လေ့ရှိသူဆိုရင် ဓါတ်ပုံမရိုက်ခင် စက္ကန့်အနည်းငယ်လောက် သင့်မျက်လုံးတွေကိုပိတ်ပြီး ဖြည်းဖြည်းချင်းဖွင့်ပါ။ တောက်ပတဲ့ အလင်းရောင်အောက်မှာ ရိုက်နေရတာဆိုရင် ဒီလှည့်ကွက်ကိုစမ်းကြည့်ပါ။ သင့်မျက်လုံးတွေကို ပိတ်လိုက်ပါ။ ၄-၅စက္ကန့်လောက် အလင်းလာရာဆီသို့ မျက်နှာမူပါ။ ပြီးမှ ကင်မရာကို မျက်နှာမူပြီး သင့်မျက်လုံးတွေကို ဖွင့်ပါ။ ဒီနည်းလမ်းက ဓါတ်ပုံထဲမှာ မျက်လုံးမှေးသွားခြင်းကနေ တားဆီးပါလိမ့်မယ်။ မိတ်ကပ်အတွက်က သင့်ရဲ့ crease ကို အရောင်ရင့်ရင့်ချယ်ပြီး မျက်ခွံရိုးပေါ်မှာ အရောင်ဖျော့ဖျော့ချယ်ပါ။ မျက်လုံးရဲ့ အတွင်းထောင့်ပေါ်မှာ အဖြူရောင်အိ်ုငးလိုင်နာသုံးပါ။




၁၀။ ယုံကြည်မှုရှိပါ

ကိုယ်ကိုယ်ကို အမြဲတမ်းယုံကြည်မှုထားပါ။ ဒါက သင့်ဓါတ်ပုံတွေကို ရောင်ပြန်ဟပ်ပါလိမ့်မယ်။ တကယ်လို့ သင်ဟာ confident သိပ်မရှိဘူးဆိုရင် ဓါတ်ပုံထဲမှာ တမင်လုပ်ယူထားသလို ဖြစ်နိုင်ပါတယ်။ မျက်ခုံးနည်းနည်းပင့်ပါ။ သဘာဝကျကျ ပြုံးဖို့ မမေ့ပါနဲ့။ သင့်မျက်နှာ expression က သင့်စိတ်ခံစားမှုအဆင့်နှင့် သင့်အတွင်းစိတ်တွေအားလုံးကို ပြောပြနေပါတယ်။ သင့်ယုံကြည်မှုက သင့်မျက်လုံဂမှာ ထင်ဟပ်နေတာကို မမေ့ပါနဲ့။




၁၁။ မေးနှစ်ထပ်ဖြစ်တာကို ဖယ်ရှားပါ

ပုံတစ်ချို့မှာ မေးနှစ်ထပ်ဖြစ်တာကို သတိပြုမိပါသလား။ ကင်မရာရဲ့အနေအထားက အရမ်းနိမ့်လျှင် ပုံထဲမှာ မေးနှစ်ထပ်တွေ မြင်ရပါလိမ့်မယ်။ မေးနှစ်ထပ်မဖြစ်အောင် ကင်မရာရဲ့အပေါ်ကိုကြည့်ပါ။ လည်ပင်းကို ဆန့်ကာ မျက်နှာကို အရှေ့သို့ အနည်းငယ် ပင့်ထားပါ။

၁၂။ ဓါတ်ပုံထဲမှာ အဖြူရိပ်မထင်စေအောင် SPF ပါတဲ့ မိတ်ကပ်အလှကုန်လိမ်းတာမျိုး ရှောင်ပါ။

Lifestyle_Myanmar
LM_Nandar


Source-makeupandbeauty


#ဓါတ်ပုံ
#ကင်မရာ
#မျက်လုံး
#အလင်း
#မိတ်ကပ်

Some text some message..