ကိုယ်က ကိုရီးယားမလေးတွေလို Bangs ပုံစံလေးတွေညှပ်ချင်တယ်၊ ဒါပေမယ့် အလှပြင်ဆိုင်ရောက်ရင် ကိုယ်လိုချင်တဲ့ ပုံစံကိုပြောဖို့ သတ္တိမရှိဘူးဖြစ်နေပါသလား? အထူးသဖြင့် အမြဲတမ်း ဆံပင်အပြောင်သိမ်းပြီးနေတဲ့သူတွေအတွက် ရှေ့ဆံမြိတ်ချတာက ကိုယ့်ရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲစေနိုင်တာကြောင့် အရဲမစွန့်ရဲဘူးဆိုတာ နားလည်ပါတယ်။ တကယ်လို့ Bangs ပုံစံလေးတွေက ကိုယ်နဲ့ လိုက်/မလိုက်ဆိုတာ စဉ်းစားနေဆဲဖြစ်ရင် အကြံပြုချက်လေးတွေ မျှဝေပေးချင်ပါတယ်။
၁။ သင့်နဖူးက ကျယ်ပြီးမြင့်သလား?
သင့်နဖူးက သင့်မေးစေ့ဧရိယာထက် ပိုကျယ်တယ်၊ နဖူးက မြင့်လွန်းတယ်ဆိုရင် bangs ပုံစံလေးတွေက သင်နဲ့ပိုလိုက်ဖက်ပါလိမ့်မယ်။ တရုတ်မင်းသမီး Tiffany Tang မှာ ကျယ်ဝန်းပြီး မြင့်မားတဲ့နဖူးရှိတာကြောင့် သူမရဲ့ မျက်နှာကို ပိုပြီး အချိုးကျတဲ့အသွင်ဖြစ်စေဖို့ ဆံမြိတ်လေးတွေညှပ်လေ့ရှိပါတယ်။ bangs ကသူမနဖူးဘေးနဲ့ အရှေ့ကို ဖုံးအုပ်ထားတဲ့အတွက် သူမမျက်နှာပေါ်က တခြားအင်္ဂါရပ်တွေကို အာရုံစိုက်မိစေပါတယ်။
တောင်ကိုရီးယား-တရုတ်မိန်းကလေးအဖွဲ့ Cosmic Girlsက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Cheng Xiao ဟာ သူမရဲ့ချစ်စရာကောင်းတဲ့ bangs လေးတွေကြောင့် လူသိများပါတယ်။ နဖူးနဲ့မျက်နှာရဲ့ဘေးနှစ်ဖက်ကို ဖုံးအုပ်ထားတဲ့ bangs ပုံစံလေးတွေက မျက်နှာကို ပိုသွယ်သွားစေပါတယ်။
၂။ သင့်မျက်လုံးပုံက ဘာနဲ့တူလဲ?
မှန်ထဲမှာကြည့်ပြီး ကိုယ့်မျက်လုံးတွေက ဘာနဲ့တူသလဲဆိုတာ ဖော်ပြဖို့ သင်သုံးမယ့် စကားလုံးတွေကို စဉ်းစားပါ၊ “ညှို့ယူဖမ်းစားသော” , “ပဟေဠိဆန်သော”, “နူးညံ့ညင်သာသော”, ” ပျင်းရိဖွယ်ကောင်းသော” ဆိုတဲ့စကားလုံးတွေက သင်နဲ့ထပ်တူကျနေတယ်ဆိုရင် bangs ပုံစံလေးတွေညှပ်တာက သင်နဲ့လိုက်ဖက်နိုင်ပါတယ်။ ဂျပန် မင်းသမီးနဲ့ မော်ဒယ် Nana Komatsu မှာ ပဟေဠိဆန်ပြီး အနည်းငယ်ပျင်းရိစရာကောင်းတဲ့ အညိုရောင် မျက်ဝန်းတစ်စုံရှိပါတယ်။ bangs မပါဘူးဆိုရင် သူမရဲ့ အကောင်းဆုံးအင်္ဂါရပ်ကို ကြာရှည် အာရုံစိုက်မိတော့မှာ မဟုတ်ပါဘူး။ သင့်ရဲ့မျက်လုံးတွေက Nana Komatsu နှင့်ဆင်တူပါက Bangs ညှပ်ဖို့ စဉ်းစားနိုင်ပါတယ်။
၃။ သင့်ပါးရိုးက မြင့်သလား?
ပါးရိုးမြင့်တဲ့သူတွေမှာလည်း bangs ပုံစံညှပ်နိုင်ပါတယ်။ ဒါပေမယ့် သင်ညှပ်လိုက်တဲ့ပုံစံက သင်နဲ့ကြည့်ကောင်းသလား/ မကြည့်ကောင်းဘူးလားဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်။ K-pop idol Hyuna မှာ သိသာထင်ရှားတဲ့ ပါးရိုးမြင့်မြင့်လေးတွေ ရှိပါတယ်။ ညာဘက်ပုံထဲကလို airy bangs ပုံစံလေးညှပ်လိုက်တဲ့အခါ သူမ ပါးရိုးတွေကို ပြေပြေလေးဖြစ်သွားစေပြီး မျက်နှာပိုသွယ်သယောင် ဖြစ်သွားစေပါတယ်။
၄။ သင့်မျက်နှာပုံစံက ဘာလဲ?
bangs ပုံစံနဲ့ လိုက်/မလိုက်ဆိုတာ ဆုံးဖြတ်ဖို့ မျက်နှာပုံသဏ္ဍာန်ကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ သင့်မျက်နှာပုံသဏ္ဍန်က ကျယ်ပြီး ဝိုင်းလျှင် bangs ပုံစံမညှပ်တာက ပိုကောင်းပါလိမ့်မယ်။ တရုတ်မင်းသမီး-အဆိုတော် Zhou jieqiong ဟာ ချစ်စရာကောင်းတဲ့ မျက်နှာဝိုင်းလေးရှိသော်လည်း သူမနဖူးကို ဖုံးအုပ်ထားတဲ့အတွက် သူမရဲ့မျက်နှာက ပိုကျယ်လာစေပါတယ်။ သူမရဲ့မျက်နှာက bangs မရှိတဲ့အခါ ဘယ်ဘက်ပုံနဲ့ နှိုင်းယှဉ်ရင် မျက်နှာက ပိုသွယ်လျသွားပါတယ်။
၅။ သင့်နှာခေါင်းပုံသဏ္ဍန်က ဘာလဲ?
တကယ်လို့ သင့်နှာတံက ရှည်လျားတယ်ဆိုရင် bangs ပုံစံမညှပ်တာက သင့်အတွက် ပိုသင့်တော်ပါလိမ့်မယ်။ ထိုင်ဝမ် မင်းသမီးနဲ့မော်ဒယ် Bea Hayden မှာ နှာတံရှည်ရှည်လေးတွေရှိတာကြောင့် နဖူးကို ဖုံးအုပ်ထားတဲ့ ဆံမြိတ်ပုံစံတွေညှပ်တာက သူမရဲ့မျက်နှာနဲ့ အင်္ဂါရပ်တွေကို လွှမ်းမိုးသွားနိုင်ပါတယ်။ တကယ်လို့ သင့်မှာ နှာတံရှည်ရှည်ပုံစံမျိုးရှိရင် နဖူးပေါ်မှာ ဘာဆံမြိတ်မှ မချထားခြင်းက သင့်နှာခေါင်းကို သင့်မျက်နှာရဲ့ ကျန်အစိတ်အပိုင်းတွေနဲ့ ပိုပြီး အချိုးကျစေပါတယ်။
သင့်ရဲ့ အင်္ဂါရပ်တွေကို လေ့လာပြီး bangs ပုံစံတကယ်ညှပ်ချင်တယ်ဆိုရင် အရမ်းမတိုတဲ့ airy bangs ပုံစံပါးပါးလေးညှပ်ဖို့ အကြံပြုလိုပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-girlstyle