မယ်နလင်အလွန်အကျွံထုတ်လုပ်ခြင်းက hyperpigmentation (အသားအရောင်ရင့်လာတာ)ကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် (သို့) နေရောင်ထိတွေ့ပြီးနောက် သင့်ဟော်မုန်းပမာဏ ပြောင်းလဲသွားတဲ့အခါ ဒီလိုဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီ pigmentation တွေကို သဘာဝအတိုင်း လျှော့ချနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ ကြက်သွန်နီလိမ်းပါ
ကြက်သွန်နီက whitening agent အဖြစ်အလုပ်လုပ်နိုင်ပါတယ်၊ လေ့လာမှုတစ်ခုအရ ကြက်သွန်နီက ရောင်ခြယ်တွေကို ပိုမိုဖြစ်ပေါ်စေသော ဆဲလ်လုပ်ဆောင်မှုတွေကို တားဆီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ မျက်နှာပေါ်က အမဲစက်တွေကို လျော့ပါးစေလိုရင် ကြက်သွန်နီက အိမ်တွင်းကုထုံးကောင်းတစ်ခုဖြစ်နိုင်ပါတယ်။ ကြက်သွန်နီတစ်လုံးကို နုတ်နုတ်စင်းပြီး လက်ဖက်အိတ်လွတ်တစ်ခုထဲမှာ ထည့်ပါ။ လက်ဖက်အိတ်ကို hyperpigmentation ဧရိယာတစ်ဝိုက်မှာ လိမ်းပေးပါ။ ကြက်သွန်နီရည်ကို ၁၀မိနစ်လောက် အသားအရေပေါ်မှာ ထားပေးပါ။
၂။ ဒိန်ချဉ် (သို့) နို့လိမ်းပါ
သိပ္ပံပညာရှင်တွေက Lactic acid ဟာ hyperpigmentation အပါအဝင် အရေပြားပြဿနာတွေကို ကူညီဖို့ chemical peel ကောင်းတတစ်ခုဖြစ်နိုင်တယ်လို့ အတည်ပြုထားပါတယ်။ အဲဒီအတွက် အော်ဂဲနစ် ဒိန်ချဉ် (သို့) နို့ကို သုံးနိုင်ပါတယ်။ သူတို့ကို အရောင်ပိုမည်း/ပိုညိုတဲ့ ဧရိယာမှာ တိုက်ရိုက်လိမ်းပါ။ ရွေးချယ်စရာတစ်ခုအနေနဲ့ ဝါဂွမ်းကို နို့ရည်မှာစိမ်ပြီး မျက်နှာမှာလိမ်းပေးလို့ရပါတယ်။ မိနစ်အနည်းငယ်ကြာမှ ရေပြန်ဆေးပါ။
moisturizer လိမ်းပါ။ ဒီနည်းလမ်းကို နံနက်ခင်းနဲ့ အိပ်ရာမဝင်ခင် တစ်နေ့ ၂ကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။
၃။ apple cider vinegar ကိုသုံးပါ
သိပ္ပံပညာရှင်တွေက ပန်းသီးရှာလကာရည်ဟာ အရေပြားကို ပိုဖြူဖွေးပေးတဲ့ acetic acid ကြောင့် hyperpigmentation ကိုတိုက်ဖျက်နိုင်တယ်လို့ ပြောကြပါတယ်။ ၎င်းက ဆဲလ်တွေကို အကာအကွယ်ပေးသော ဓါတ်တိုးပစ္စည်းအဖြစ် ဆောင်ရွက်ပါတယ်။ သို့သော် သင့်မှာ အခြားအရေပြားပြဿနာတွေရှိရင် သတိထားပါ။
ပန်းသီးရှာလကာရည်နှင့် သန့်ရှင်းတဲ့ရေကို အချိုးကျရောစပ်ပါ။ အမည်းစက်ရှိတဲ့ နေရာတွေကို လိမ်းပြီး ၂-၃ မိနစ်ထားပါ။ ရေနွေးနွေးဖြင့် သစ်ပါ။ တစ်နေ့ ၂ကြိမ်ပြုလုပ်ပါ။
၃။ မာကျူရီပါဝင်တဲ့ အသားဖြူဆေးတွေရှောင်ပါ
အသားအရေနဲ့ ပတ်သတ်တဲ့အရာတွေကို အရမ်းဂရုစိုက်သင့်ပါတယ်။ အချို့သော အသားဖြူခရမ်တွေ (သို့) မျက်နှာပေါင်းတင်ဆေးတွေက သင့်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေကို စစ်ဆေးပါ။ မာကျူရီပါတဲ့ အလှကုန်ပစ္စည်းကို ရှောင်ပါ။ မာကျူရီက အသားအရေပါးလွှာမှုကို ဖြစ်စေနိုင်ပြီး အသားအရေပျက်စီးလွယ်လာတာတို့ ၊ အမြဲတမ်းအရောင်ပြောင်းတာတို့ ဖြစ်စေပါတယ်။
၄။ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကို ရွေးချယ်ပါ
အရေပြားအထူးကုဆရာဝန်တွေအနေနဲ့ hyperpigmentation ကိုအောင်မြင်စွာ ကုသရာမှာ သင့်ခန္ဓာကိုယ်အတွင်းအပြင်ကို ဂရုစိုက်ဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။ ခရမ်တွေ မျက်နှာပေါင်းတင်ဆေးတွေသာ အာရုံမစိုက်ဘဲ သင်စားသုံးတဲ့အရာတွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဗီတာမင်စီက ကျန်းမာပြီး အပြစ်အနာအဆာကင်းတဲ့ အသားအရေအတွက် အရေးပါပါတယ်။
၅။ SPF ၃၀ နှင့်အထက်ပါတဲ့ နေရောင်ကာလိမ်းဆေးကို သုံးပါ
အမည်းစက်တွေက ၆ လမှ ၁၂လအတွင်း များသောအားဖြင့် လျော့နည်းပါတယ်၊ ဒါပေမယ့် ဒီဖြစ်စဉ်ကို ကူညီဖို့ sunscreen လိုအပ်ပါတယ်။ မဟုတ်ပါက သင့်ကြိုးစားမှုအားလုံး အချည်းနှီးဖြစ်ပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ နေ့တိုင်းအသုံးပြုဖို့ လိုပါတယ်။ ဒုတိယအချက်အနေနဲ့ SPF 30 နှင့်အထက် ပါတဲ့ sunscreen ကိုသုံးရပါမယ်။ အဆီပြန်သောအသားအရေအတွက် “won’t clog pores” နဲ့ “non-comedogenic” ဆိုတဲ့ စာသားပါသော နေရောင်ကာကွယ်ဆေးကို ရွေးချယ်ပါ။
Lifestyle_Myanmar
LM_Nandar
Source-brightside