ယခုနှစ်မင်္ဂလာဆောင်ရာသီအတွက် Lehenga အင်္ကျီဒီဇိုင်းများ
weddingguide.com.mm
|
2021-01-20

များသောအားဖြင့် အိန္ဒိယအမျိုးသမီးများသည် မင်္ဂလာဆောင်အပြင် သူတို့ရဲ့ရိုးရာပွဲတော် အခါသမယတွင် lehenga ကို ဝတ်ဆင်လေ့ရှိကြပါတယ်။


lehenga ဆိုတာ ခါးပေါ် blouse အင်္ကျီကို စကပ်အရှည်အကားဖြင့် တွဲဖက်ဝတ်ဆင်ရသော outfitဖြစ်ပါတယ်။ lehenga အင်္ကျီများကို အရောင်၊ လည်ပင်းနှင့် လက်အပေါ်မူတည်၍ ဆန်းပြားလှပသော ဒီဇိုင်းပုံစံများ ဖန်တီးနိုင်ပါတယ်။ ဒါဟာရိုးရှင်းပြီး လူအများရဲ့ အာရုံကို ဖမ်းစားနိုင်မည့်အချက်ဖြစ်ပါတယ်။ဒါကြောင့် ဒီနေ့တော့ ဝတ်လိုက်တာနဲ့ လှပကျော့ရှင်းသွားစေမယ့်၊ ဘယ်တော့မှမရိုးသွားနိုင်မယ့် timeless Lehenga အင်္ကျီဒီဇိုင်း(၁၂)မျိုးကို style tips တွေနှင့်တကွ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။


1. Sweetheart Neck Blouse



Sweetheart Neck Blouseသည် မိန်းမအဆန်ဆုံးလည်ပင်းဒီဇိုင်းတွေထဲက တစ်ခုအပါအဝင်ပါဘဲ။ V-shapeပုံစံလည်ပင်းကိုမှ အနည်းငယ်ကွေးလိုက်ပီး အသည်းပုံစံ ပုံဖော်ထားတဲ့စတိုင်ဖြစ်ပါတယ်။ ဒါဟာ မင်္ဂလာဆောင်ရာသီအတွက်တော့ ပြီးပြည့်စုံသော ရွေးချယ်မှု ဖြစ်ပါတယ်။ ရင်အဟိုက်ဖြစ်သောကြောင့် လည်ပင်းအလှကို ပိုမိုပေါ်လွင်စေပါသည်။ ထူးခြားချက်ကတော့ Sweetheart Neck Blouseက ဘယ်လိုလက်ပုံစံဒီဇိုင်းမျိုးနှင့်မဆို လိုက်ဖက်မှုရှိပါတယ်။


Style Tip: ထိုလည်ပင်းပုံစံအင်္ကျီသည် ပိန်ပိန်သွယ်သွယ်မိန်းကလေးတွေနဲ့ကော ပြည့်ပြည့်၀၀မိန်းကလေးတွေနဲ့ပါ လိုက်ဖက်မှု့ရှိသော ဒီဇိုင်းဖြစ်ပါတယ်။ ထိုလည်ပင်းဒီဇိုင်းတွေဟာ အနောက်တိုင်းအဝတ်အစားတွေမှာလည်း တွေ့မြင်နေကျ ဖြစ်ပါတယ်။ Sweetheart Neck Blouseကို စကပ်အရှည်အကား၊ ခေါင်းလောင်းဘောင်ဘီ၊ ဆာရီတို့နှင့် တွဲဖက်ဝတ်ဆင်နိုင်ပါသည်။ ရင်အဟိုက်အင်္ကျီဖြစ်သောကြောင့် အမြင်တင့်တယ်စေရန် လည်ဆွဲဝတ်ရန်မမေ့ပါနဲ့။


2. Full Sleeves Cropped Blouse



သင်ဟာ ပြေပြစ်ကောင်းမွန်တဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့ Full Sleeves Cropped Blouseကို ရွေးချယ်သင့်ပါသည်။ သင့်ရဲ့ lehenga blouseမှာ လက်ရှည်နှင့်ခါးတို တွဲဖက်ထားခြင်းက အကောင်းဆုံးသောပေါင်းစပ်မှုတစ်ခုဖြစ်ပါတယ်။ ထိုoutfitဒီဇိုင်းဟာ အင်တာနက်ပေါ်မှာ ရေပန်းစား နာမည်ကြီးနေပါတယ်။


Style Tip: လည်ဆွဲဝတ်ခြင်းဖြင့် အင်္ကျီဒီဇိုင်းအလှကို ပိုပေါ်လွင်စေပါသည်။ ဝမ်းဗိုက်အဆီရှိသောအ မျိုးသမီးများသည် Full Sleeves Cropped Blouseကို ရှောင်ရှားသင့်ပါတယ်။


3. Lace Blouse



Lace Blouseသည် ကျက်သရေရှိပြီး လှပကျော့ရှင်းမှုကို ပေါ်လွင်စေသော ဒီဇိုင်းဖြစ်ပါတယ်။ ရိုးရှင်းမှုသည် Lace Blouseဒီဇိုင်းရဲ့ အနှစ်သာရဖြစ်ပါတယ်။ ထို့ကြောင့် လည်ပင်းပုံစံကို ရိုးရှင်းသော U-shapeပုံ လည်ပင်းကိုသာ သင်ရွေးချယ်နိုင်ပါမယ်။


Style Tip: Lace Blouseဝတ်ဆင်တဲ့အခါ ပုလဲ၊ စိန်ပါသော လက်ဝတ်လက်စားများကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ 


4. Corset Blouse



သင်သည် ရှုပ်ထွေးပြီးဆန်းပြားသော ဒီဇိုင်းကို ကြိုက်နှစ်သက်တဲ့သူဆိုရင် Corsetဒီဇိုင်းကို ရွေးချယ်ပါ။ Corset အင်္ကျီသည် eventကြီးတွေအတွက်တော့ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ယုံကြည်မှု့ကို မြှင့်တင်ပေးသော အင်္ကျီဒီဇိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ Corset အင်္ကျီသည် အလွန်ထူးခြားသည်။ ထို့ကြောင့် ခေတ်လူငယ် မိန်းကလေးများကြား ရေပန်းစားနေသော ဒီဇိုင်းဖြစ်ပါတယ်။


Style Tip: Corset Blouseကို ဆာရီ၊ စကတ်အရှည်တို့နှင့် လွယ်ကူစွာတွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ Corset Blouseကိုရွေးချယ်ဝတ်ဆင်ပြီးရင်တော့ နားဆွဲအရှည်ဝတ်ဆင်ရပါမယ်။


5. Halter Neck Blouse



Halter Neck Blouseသည် sexyကျပြီး ဝတ်ရတာ အရမ်းအဆင်ပြေပါတယ်။ လည်ပင်းပတ်လည်တွင် ကွတ်မယ့်ပိတ်စအရောင်ကို စိတ်တိုင်းကျရွေးချယ်နိုင်ပါတယ်။ ဥပမာ - အဖြူရောင်blouseရဲ့လည်ပင်းတွင် ကွတ်မယ့်ပိတ်စအရောင်ကို ဆန့်ကျင်ဘက်အရောင်ဖြစ်သော အမဲရောင်ကို ရွေးချယ်နိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးဝတ်ရတာ ကြိုက်သူတွေဆို Halter Neck Blouseကို ရွေးချယ်သင့်ပါတယ်။


Style Tip: Halter Neck Blouseကို ဆာရီ၊ စကတ်အရှည်၊ ဘောင်ဘီအရှည်တို့နှင့် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ Halter Neck Blouseကို ရိုးရာဝတ်စုံအနေနဲ့သာမက ထသွားထလာအနေနဲ့လည်း ပေါ့ပေါ့ပါးပါး ဝတ်ဆင်လို့ရပါတယ်။ ရင်သားကြီးသော အမျိုးသမီးများ လုံးဝမသင့်ပါ။


6. Bandeau Blouse



Bandeau Blouseဟာ ဒီရာသီအတွက်တော့ အကောင်းဆုံး ဒီဇိုင်းဖြစ်ပါတယ်။ Bandeau Blouseဟာ ရင်သားပတ်ပတ်လည်နေရာကိုသာ ဖုံးအုပ်ထားသော ဒီဇိုင်းဖြစ်ပါတယ်။ ဒါကြောင့် သင့်အား ဆွဲဆောင်မှုရှိပြီး ညှို့အားပြင်းစေပါတယ်။ Bandeau Blouseဟာ မည်သည့်လက်ပုံစံ ဒီဇိုင်းနှင့်မဆို လိုက်ဖက်မှုရှိပါတယ်။


Style Tip: Bandeau Blouseဟာ ခါးစည်းပါသော စကတ်အရှည်၊ ဘောင်းဘီအရှည်တို့နှင့် တွဲဖက်ဝတ်နိုင်ပါတယ်။ အင်္ကျီလက်ဒီဇိုင်းအမျိုးမျိုးပြောင်းပြီး ထိုBlouseရဲ့ ဒီဇိုင်းအရည်အသွေးကို မြှင့်တင်နိုင်ပါတယ်။ လည်ပင်းအကပ် ဆွဲကြိုးကြီးများဖြင့် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။


7. Square Neckline Blouse



Square Neckline Blouseသည် လည်ပင်းအဝိုင်းပြီးရင် ဒုတိယလူကြိုက်အများဆုံး လည်ပင်းဒီဇိုင်းဖြစ်သည်။ မင်္ဂလာသတို့သမီးများ ရွေးချယ်တတ်သည့် Blouseဒီဇိုင်းလဲ ဖြစ်ပါတယ်။ ရိုးရှင်းပြီး လှပခန့်ညားမှု အသွင်အပြင်ကိုဆောင်ပါတယ်။ပုံထဲရှိ အိန္ဒိယမင်းသမီး Sonam Kapoor ဝတ်ထားသလို အရောင့်ရင့်ရင့်များကို သုံး၍ချုပ်ဝတ်နိုင်ပါသည်။


Style Tip:ပခုံးပြန့်ကျဉ်းသော အမျိုးသမီးများအတွက် Square Neckline Blouseဟာ အသင့်တော်ဆုံး ဖြစ်သည်။ ဘယက် သို့မဟုတ် လည်ဆွဲဖြင့် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။


8. Spaghetti Strap Blouse



Spaghetti Strap Blouse ဟာ လူငယ်ဆန်သော လက်တစ်လုံးကြိုး ဒီဇိုင်းဖြစ်ပါတယ်။ ကြည့်ရတာ ရိုးရှင်းပြီး ပေါ့ပါးတယ်။ လက်တစ်လုံးကြိုးဒီဇိုင်းကို ပါးလွှာသောရိုးရိုးကြိုး သို့မဟုတ် ဒီဇိုင်းဖော်ထားသောကြိုးအလှဖြင့် ဆန်းသစ်တီထွင်နိုင်ပါတယ်။ ဥပမာ- ပုလဲကြိုး၊ ကျောက်တန်းကြိုး


Style Tip:ဘယက် သို့မဟုတ် ဆွဲသီးမပါသောလည်ဆွဲအတိုဖြင့် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။


9. Plunge Neckline Blouse



ရင်သားကို အသားပေးဖော်ထားသော Blouseဒီဇိုင်းဖြစ်တာမို့ လူအများကြား sexyဆန်ပြီး ဆွဲဆောင်မှုရှိနေမှာပါ။ ထို့ကြောင့် Plunge Neckline Blouseဟာ ဝတ်ဆင်ထားသော အမျိုးသမီးရဲ့ အသားအရေနှင့် အလှအပကို ပိုမိုပေါ်လွင်စေသော အင်္ကျီဒီဇိုင်းဖြစ်ပါတယ်။


Style Tip: ရိုးရာရတနာများ၊ လက်ကိုင်အိတ်များနှင့် အော်ပရာလည်ဆွဲများကို ဝတ်ဆင်ခြင်းဖြင့် ဒီဇိုင်းအသွင်အပြင်ကို ပိုမိုပြည့်စုံစေပါတယ်။


10. U-Shape Deep Neck Blouse



U-Shape Deep Neck Blouseသည် အိန္ဒိယအမျိုးသမီးများကြားတွင် လူကြိုက်အများဆုံးအင်္ကျီပုံစံဖြစ်ပါတယ်။ ရိုးရှင်းခြင်းသည် ထိုဒီဇိုင်းရဲ့ အနှစ်သာရဖြစ်ပါတယ်။ U-Shape Deep Neck Blouseသည် မည်သည့်ပွဲနှင့်မဆို၊ မည်သည့်လက်ပုံစံဒီဇိုင်းနှင့်မဆို လိုက်ဖက်သောကြောင့် ဝတ်ဆင်ရန် အသင့်တော်ဆုံးဖြစ်ပါတယ်။


Style Tip: ရိုးရာရတနာ၊ ဘယက်တို့နှင့် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ 


11. Ruffle Blouse



Ruffle Blouseရဲ့ လက်ပုံစံဒီဇိုင်းဟာ လက်အတွန့်၊ လက်အဖောင်းတို့ ဖြစ်ပါတယ်။ လူငယ်ဆန်ပြီး လှပကျော့ရှင်းစေပါတယ်။ လူအများကြားလည်း အာရုံစိုက်ခံရစေပါတယ်။ လက်အတွန့်၊ လက်အဖောင်းပုံစံဒီဇိုင်းဟာ လက်တို၊လက်စကတို့နှင့် ပို၍လိုက်ဖက်မှုရှိပါတယ်။ သို့သော် လက်ရှည်လုပ်၍လည်း ဝတ်ဆင်ကြတာ တွေ့မြင်ဖူးပါလိမ့်မယ်။


Style Tip: လည်ဆွဲနှင့် လက်စွပ်ဝတ်ဆင်ခြင်းဖြင့် ထိုဒီဇိုင်းအသွင်အပြင်ကို ပိုမိုရုပ်လုံးကြွစေပါတယ်။


12. Sleeveless Blouse



ဘယ်တော့မှမရိုးသွားနိုင်မည့် ဒီဇိုင်းထဲတွင် V-shapeလည်ပင်းပုံစံ လက်ပြတ်အင်္ကျီသည် ထိပ်ဆုံးကပါဝင်ပါတယ်။ ထိုဒီဇိုင်းသည် ပိတ်စရွေးချယ်မှုအပေါ် အများဆုံး မူတည်ပါတယ်။ ပိတ်စရွေးချယ်မှု မမှန်ကန်လျှင် သင့်ရဲ့outfitအလှတရားကို ဖျက်ဆီးလိုက်သလို ဖြစ်နိုင်ပါတယ်။ ရိုးရှင်းပြီးအရောင်နုလွင်သော ပိတ်စအထည်များကို ရွေးချယ်သင့်ပါတယ်။


Style Tip:ရှည်လျားသောဆွဲကြိုး သို့မဟုတ် ရိုးရာနားကပ်များကို ရွေးချယ်ခြင်းဖြင့် ထိုဒီဇိုင်းအသွင်အပြင်ကို ပိုမိုပြည့်စုံစေပါတယ်။


Ref :

lehenga-blouse-designs-for-this-wedding-season By Thadar (MyanmarWedding Guide)

#ဒီဇိုင်း
#အင်္ကျီ
#လည်ပင်း
#လည်ဆွဲ
#အရှည်

Some text some message..