နှုတ်ခမ်းညိုတာကို ပန်းရောင် သန်းသွားစေမယ့် သဘာဝနည်းလမ်း (၅) ခု
mystylemyanmar.com
|
2021-01-29

တချို့မိန်းကလေးတွေက နဂိုတည်းက နှုတ်ခမ်းညိုတာ ဒါမှမဟုတ် ကိုယ်နဲ့ မတည့်တဲ့ နှုတ်ခမ်းအလှကုန်တွေကြောင့် နှုတ်ခမ်းညိုသွားတတ်ပါတယ်။ နှုတ်ခမ်းညိုတာက တော်တော် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတစ်ခုပါ။ သင်က နှုတ်ခမ်းညိုတာကို သက်သာချင်တယ်ဆိုရင်တော့ အိမ်မှာရှိတဲ့ သဘာဝပစ္စည်းတွေနဲ့ နှုတ်ခမ်းကို ပန်းရောင်သန်းသန်းလေး ပိုင်ဆိုင်အာင် ပြန်လုပ်နိုင်ပါတယ်။

ဒီတော့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-
နည်းလမ်း ၁-

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက နှုတ်ခမ်းအရောင်ညိုတာကို သက်သာစေပါတယ်။ နှုတ်ခမ်းကို ပိုတောက်ပစေပါတယ်။ ထပ်ပြီး မည်းတာကနေလည်း ကာကွယ်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီက နှုတ်ခမ်းကို အစိုဓာတ်ပေးပါတယ်။




ပါဝင်ပစ္စည်း နှစ်မျိုးကို ရောပြီးနောက် နှုတ်ခမ်းပေါ် လိမ်းနိုင်ပါပြီ။
နည်းလမ်း ၂

သံပယိုသီး

သံပယိုသီးက ချေးချွတ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် ညိုတဲ့ နှုတ်ခမ်းတွေအတွက် ဆေးစွမ်းကောင်းပါပဲ။

ပျားရည်

ပျားရည်က နှုတ်ခမ်းကို အစိုဓာတ်ပေးတဲ့အပြင် နှုတ်ခမ်းကွာတာ၊ ကွဲတာကိုလည်း သက်သာစေပါတယ်။ အပျော့စား ချေးချွတ်ဆေးအနေနဲ့လည်း တာဝန်ယူနိုင်ပါတယ်။ ဆဲလ်သေတွေကို ကွာကျစေနိုင်ပါတယ်။




ပါဝင်ပစ္စည်း နှစ်မျိုးကို ရောပြီးနောက် နှုတ်ခမ်းပေါ် လိမ်းပေးရပါမယ်။
နည်းလမ်း ၃

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က နှုတ်ခမ်း အရောင်ပြောင်းတာကို လျော့ပါးစေပါတယ်။ နှုတ်ခမ်းသားကို လင်းလက်စေပါတယ်။




ပန်းသီးရှာလကာရည်ကို ရေနဲ့ရောပြီးလည်း နှုတ်ခမ်းပေါ် လိမ်းနိုင်ပါတယ်။
နည်းလမ်း ၄

ရှားစောင်းလတ်ပတ်




ရှားစောင်းလတ်ပတ်က မယ်လနင်ဓာတ် လျော့ပါးစေပါတယ်။ နှုတ်ခမ်းခြောက်တာကို သက်သာစေပါတယ်။
နည်းလမ်း ၅

ပျားရည်၊ သကြားနဲ့ သံလွင်ဆီကို ရောပြီးနောက် နှုတ်ခမ်းပေါ် ပွတ်ပေးနိုင်ပါတယ်။




Photo Source: Pinterest

By MyStyle Myanmar


#နှုတ်ခမ်း
#သံလွင်ဆီ
#နည်းလမ်း
#ပန်းသီး
#ပျားရည်

Some text some message..