မိတ်ကပ် ပညာရှင်တွေ ပြောတဲ့ မိတ်ကပ်လိမ်းတာနဲ့ ပတ်သက်ပြီး လျို့ဝှက်ချက် (၅) ခု
mystylemyanmar.com
|
2021-02-28

မိတ်ကပ် လိမ်းတဲ့အချိန် ပိုလွယ်ကူသွားစေမယ့် ဖြတ်လမ်း နည်းလမ်းတွေ ရှိပါတယ်။ ကိုယ်က များများ သိထားလေ မိတ်ကပ် လိမ်းတဲ့အချိန် ပိုလွယ်ကူလေပါပဲ။ မိတ်ကပ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို သိထားမှ ကိုယ်လိမ်းတဲ့အခါ စနစ်တကျနဲ့ လှလှ လေး ထွက်လာမှာပါ။ ဒါကြောင့် မိတ်ကပ် ပညာရှင်တွေ ပြောထားတဲ့ ဗဟုသုတ တွေကို သိထားဖို့ လိုပါတယ်။ မိတ်ကပ် ပညာရှင်တွေ ဖော်ထုတ်လိုက်တဲ့ မိတ်ကပ် လျို့ဝှက်ချက်တွေက ဘာတွေလဲဆိုတော့-

၁။ နှုတ်ခမ်းနီ Lipstick




Photo Source: Korea Depart

နှုတ်ခမ်းနီ Lipstick အရောင်နဲ့ တူတဲ့ Blush မျိုးကို ပါးမှာ လိမ်းခြယ် သင့်ပါတယ်။ တကယ်လို့ Blusher မရှိဘူးဆိုရင် နှုတ်ခမ်းနီ Lipstick ကိုပဲ သုံးပြီး ပါးမှာ လိမ်းနိုင်ပါတယ။် ဒါ့အပြင် ဒီ Lipstick ကို မျက်လုံးပေါ်မှာ ခြယ်ပေးရပါမယ်။ နှုတ်ခမ်း၊ ပါးနီ၊ မျက်လုံး အရောင် တစ်ထပ်တည်း ဖြစ်သွားတာမို့ ပိုလှပါလိမ့်မယ်။

၂။ Primer နဲ့ Foundation




Primer နဲ့ Foundation ကို Formula တူတဲ့ အမျိုးအစားကိုပဲ သုံးသင့်ပါတယ်။ ဥပမာ Foundation က Water Based ဆိုရင် Primer ကိုလည်း Water Based ရွေးချယ် သုံးစွဲသင့်ပါတယ်။ ဒီလို တူညီတဲ့ အမျိုးအစား သုံးလိုက်တာကြောင့် မိတ်ကပ်သား မတူဘဲ ထိုးထွက်နေတာမျိုး မရှိတော့ပါဘူ။ မိတ်ကပ်သား မညီတာလည်း မဖြစ်တော့ပါဘူး။

၃။ Eye Shadow Primer




Eye Shadow Primer လိမ်းတဲ့အချိန် ကိုယ် ခြယ်မယ့် Eyeshadow ဧရိယာထက် ပိုလိမ်းပေးသင့်ပါတယ်။ Eyeshadow အစွန်းဘက်ကို တစ်သားတည်း ဖြစ်အောင် သေချာ Blend လုပ်ပေးရပါမယ်။

၄။ Beauty Sponge




Beauty Sponge ကို Setting Spray ဖြန်းပြီး သုံးပေးသင့်ပါတယ်။ Setting Spray ဖြန်းထားတဲ့ Beauty Sponge နဲ့ မိတ်ကပ် များသွားတဲ့ နေရာကို သေချာ ပြန် Blend လုပ်ပေးသင့်ပါတယ်။

၅။ Concealer




Concealer လိမ်းပြီးတဲ့အချိန်တိုင်း မိတ်ကပ်သားကို လုံးဝ ခြောက်အောင် စောင့်သင့်ပါတယ်။ Concealer မခြောက်ဘဲနဲ့ နောက်တစ်မျိုး ထပ်သုံးလိုက်ရင် မျက်နှာပေါ် မိတ်ကပ် အသားမညီ ဖြစ်တတ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


#မိတ်ကပ်
#နှုတ်ခမ်း
#အချိန်ပို
#Photo
#ဗဟုသုတ

Some text some message..