အမျိုးသားတွေ အသုံးအများဆုံး ခြေအိတ်အမျိုးအစား (၅) မျိုး
mystylemyanmar.com
|
2021-02-28

ခြေအိတ်တွေ အကြောင်းပြောရရင် နေ့စဉ် အလုပ်လုပ်ရင်း ဝတ်ရတဲ့ ခြေအိတ် ၊ Gym သွားရင်း အားကစား လုပ်ရာမှာ အထောက်အကူဖြစ်စေမယ့် ခြေအိတ်နဲ့ ဆောင်းတွင်းလို ရာသီဥတု အေးတဲ့အချိန်မှာ ခြေထောက်နွေးအောင် ဝတ်ရတဲ့ ခြေအိတ်ဆိုပြီး ပုံမှန်အားဖြင့် သုံးမျိုး ခွဲပြောနိုင်ပါတယ်။ ဒါပေမဲ့ ခြေအိတ်ဒီဇိုင်းနဲ့ ပုံစံအရဆိုရင် ၆ မျိုး ၇ မျိုးအထိ ရှိနိုင်ပါတယ်။

ခြေအိတ်ဝယ်ရာမှာ ကိုယ်စီးနေကျ ဖိနပ်ကို စဉ်းစားရသလို ဘယ်လိုနေရာတွေမှာ ဝတ်ရမလဲဆိုတဲ့အပိုင်းပါ ထည့်စဉ်းစားဖို့ လိုပါတယ်။ ဒါမှသာ ခြေအိတ်တစ်လုံးရဲ့ အသုံးတည့်မှုဟာ ပိုပြီး ပေါ်လွင်ထင်ရှားလာမှာ ဖြစ်ပါတယ်။ ကဲ အခုပြောမယ့် ခြေအိတ်အမျိုးအစား ၅ မျိုးထဲက ဘယ်လို အမျိုးအစားတွေ သင့်အဝတ်ဗီရိုထဲမှာ ရှိထားသလဲဆိုတာ ကြည့်လိုက်ရအောင်။

(၁) Sock Insole




Photo: effortlessgent

ဒါမျိုးကိုတော့ ခြေအိတ်ဆိုတာထက် အောက်ခံပြား Insole က အဓိက ဖြစ်လို့ ခြေအိတ်ပါတဲ့ Insole လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ နွေရာသီမှာ အဝတ်များကြပါတယ်။ ချွေးစုပ်ဖို့နဲ့ ခြေထောက်လုံစေဖို့အတွက်ပါ။ ခြေကုပ်လည်း ကောင်းလို့ ခြေဆီထွက်တတ်သူတွေအဖို့ နွေရာသီဘက်မှာ ဝတ်ဖို့ ရွေးချယ်စရာတစ်ခုလည်း ဖြစ်ပါတယ်။ တွဲဝတ်သင့်တဲ့ အဝတ်အစားတွေက Chinos ဘောင်းဘီ ၊ ဘောင်းဘီတိုတွေနဲ့ Low Rise Shoes တို့ ဖြစ်ပါတယ်။

(၂) No-Show Socks




Photo: effortlessgent

နာမည်အတိုင်းပဲ ဒီ Shoes တွေက နာမည်အတိုင်းပဲ လူမမြင်သာတဲ့ ခြေအိတ်တွေ ဖြစ်ပါတယ်။ ဖနောင့်လုံရုံ ခြေအိတ်တွေ ဖြစ်ပါတယ်။ Low Profile သဘောကျတဲ့ ယောင်္ကျားလေးတွေ အကြိုက် ခြေအိတ်မျိုး ဖြစ်ပြီး Loafers တွေ Boat Shoes တွေလို ဖိနပ်မျိုးနဲ့ တွဲစီးလေ့ရှိတာကြောင့် Loafer Socks တွေအဖြစ်လည်း လူသိများပါတယ်။ Sock အပါးမျိုး ဖြစ်ပြီး နွေရာသီနဲ့ ဆောင်းအကုန်ပိုင်းတွေမျိုးမှာ အဝတ်များပါတယ်။

(၃) Low Cut Socks




Photo: effortlessgent

Low Cuts တွေက ဖနောင့်လည်း လုံသလို ခြေမျက်စိလည်း ဖုံးပါတယ်။ ခြေကျင်းဝတ်နားအထိ ရောက်တဲ့ ခြေအိတ်တွေလို့ ဆိုနိုင်ပါတယ်။ No-Show Socks တွေ စီးလို့ ခြေထောက်နာတတ်ရင် Low Cut တွေ ပြောင်းစီးသင့်ပါတယ်။ သူကတော့ ခြေထောက်ကို ပိုလုံစေပြီး အရေပြားနဲ့ Shoes ပွတ်တိုက်မှုကို သက်သာအောင် ပိုကာကွယ်ပေးနိုင်လို့ ဖြစ်ပါတယ်။

(၄) Ankle Socks




Photo: effortlessgent

ခြေကျင်းဝတ်ကောင်းကောင်း လုံပြီး Low Cut ထက် ခြေထောက်အရှည်နေရာ ပိုဆန့်တဲ့ ခြေအိတ်ပုံစံပါ။ အားကစားသမားတွေ အသုံးများပါတယ်။ ဝတ်ရတာ ခြေကျင်းဝတ် ဒဏ်မဖြစ်အောင် ကာကွယ်နိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အားကစားလုပ်သူတွေ အပြေးသမားတွေ ဝတ်လေ့ရှိပါတယ်။ Sneakers တွေ Hiking Boots တွေနဲ့ တွဲဝတ်နိုင်ပါတယ်။

(၅) Crew Socks




Photo: effortlessgent

ယောင်္ကျားလေးတွေ အဝတ်အများဆုံး ခြေအိတ်စတိုင်ထဲမှာ Crew Sock စတိုင်လည်း ပါပါတယ်။ Crew Sock တွေက ခြေကျင်းဝတ်အပေါ်ဘက် ခြေသလုံးအောက်ဘက်နားအထိ ရောက်ပါတယ်။ ရာသီမရွေး ဝတ်နိုင်အောင် ချည်သားအမျိုးမျိုးနဲ့ ထုတ်ထားပါတယ်။ တာဝေးပြေးသူတွေနဲ့ တောင်တက်သူတွေလည်း တစ်ခါတလေမှာ Crew Sock ဝတ်ကြပါတယ်။ Crew Socks တွေကို အားကစားသမားတွေနဲ့ Casual Outfit ဖက်ရှင်ဝတ်သူတွေ အဝတ်များကြပါတယ်။


#ခြေအိတ်
#အဝတ်
#ခြေထောက်
#ဖနောင့်
#အားကစားသမား

Some text some message..