အချိန်တိုအတွင်း ဆံပင်ရှည်လာစေမယ့် ပေါင်းတင်နည်း
mystylemyanmar.com
|
2021-03-19

သင်က အချိန်ခဏလေးအတွင်း ဆံပင်ရှည်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဆံပင်အရှည်မြန်ဖို့ ဆံပင်ကို သေချာ ထိန်းသိမ်းသင့်သလို သင်စားတဲ့ အစားအသောက်တွေကိုလည်း အာဟာရ ညီညီမျှမျှ စားသင့်ပါတယ်။ အခု ပြောမယ့် နည်းလမ်းကတော့ ဆံပင် သိသိသာသာ ရှည်လာစေမယ့် နည်းလမ်းပါ။ ဒီနည်းလမ်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့-

၁။ အုန်းဆီ ၂ ဇွန်း


၂။ သံလွင်ဆီ ၁ ဇွန်း
၃။ ပျားရည် ဇွန်းဝက်

အကျိုးအာနိသင်

၁။ အုန်းဆီက ဆံပင်ကျွတ် သက်သာစေပါတယ်။ ဆံပင်ကျိုးတာကိုပါ လျော့ပါးစေပြီး ဆံသားကို အစိုဓာတ်ပေးကာ ဆံပင်ရှည်ခြင်း ဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။




၂။ သံလွင်ဆီက ဆံပင်အရောင်ကို တောက်ပစေပါတယ်။ ဆံသားကို နူးညံ့စေကာ အစိုဓာတ်ပေးပါတယ်။ ဆံပင်အရှည်မြန်စေပါတယ်။




၃။ ပျားရည်က မွဲခြောက်တဲ့ ဆံသား ပိုင်ရှင်တွေအတွက် သင့်တော်ပါတယ်။ ဆံသားကို စိုပြေစေပါတယ်။




အသုံးပြုပုံ




Photo Source: Femina.in

ပါဝင်ပစ္စည်း ၃ မျိုးကို ရောမွှေပေးရပါမယ်။ ဒီအရောကို ဆံကေသာနဲ့ ဦးရေပြားပေါ် လိမ်းပေးရပါမယ်။ လိမ်းပြီးနောက် ၁၀ မိနစ်ကနေ ၁၅ မိနစ် ထားပေးရပါမယ်။ ပြီးနောက်မှာတော့ ရှန်ပူနဲ့ ခေါင်းပြန်လျှော်ပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar


#ဆံပင်
#ဆံပင်ရှည်
#အုန်းဆီ
#သံလွင်ဆီ
#နည်းလမ်း

Some text some message..