သဘာဝ Glycerin အလှဆီကို အသုံးပြုပြီး Glowing Skinလေးပိုင်ဆိုင်လိုက်ကြပါစို့
mystylemyanmar.com
|
2021-03-23

မင်္ဂလာပါ ပျိုမေလေးတို့ရေ။ Glycerin အလှဆီလို့ပြောလိုက်ရင် အသားပတ်ခြင်းကို လုံးဝတိုက်ထုတ်ပေးတဲ့ အလှဆီဆိုတာ သိပြီးသားဖြစ်မှာပါနော်။ ဒီအဆီက အနံ့မရှိပါဘူး။ အရောင်မရှိပါဘူး။ ဒီအဆီကို အသားအရေအတွက်သာမက အစိုဓာတ်ပေးဖို့ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။

ဒီအဆီကို သုံးပြီး ကြည်လင်တောက်ပတဲ့ အသားအရေစိုစိုအိအိလေး ရယူနိုင်ပါတယ်နော်။ ဒီနည်းလမ်းကတော့ အလှဆီနဲ့ သဘာဝပစ္စည်းတွေကို ရောပြီးသုံးရတာပါ။ ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်…


အရေပြား Cleansing အတွက်သုံးမယ်




Glycerin အလှဆီမှာ သန့်ရှင်းပေးတဲ့ဂုဏ်သတ္တိပါဝင်ပါတယ်။ ရေထက်ပိုထိရောက်ပါတယ်။ မိတ်ကပ်အထူကြီးလိမ်းပြီး ပြန်ဖျက်တဲ့အချိန်မှာ Glycerin အလှဆီကို အသုံးပြုနိုင်ပါတယ်။

– Glycerin လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နို့ သုံးဇွန်းရောပေးပါ။

– ဒီအရောကို မျက်နှာမှာလိမ်းပြီး အိပ်ရာဝင်ပါ။

– မနက်နိုးတာနဲ့ ရေနဲ့ဆေးချပါ။ မျက်လုံးနေရာကိုမထိဖို့ သတိထားပါ။


Toner အနေနဲ့သုံးမယ်




Glycerin ကို Toner အနေနဲ့အသုံးပြုနိုင်ပါတယ်။ သူက ချွေးပေါက်ကျယ်တာကို လျှော့ချပေးတာကြောင့် အညစ်အကြေးအဝင်နည်းစေပါတယ်။ ဒါကြောင့်အဆီပြန်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ နည်းလမ်းကတော့

– နှင်းဆီရည် နှစ်ခွက်နဲ့ ခွက်လေးပုံ ပုံတစ်ပုံကို အလှဆီထည့်ပေးပါ။

– ပုလင်းထဲထည့်ပြီး အသုံးပြုနိုင်ပါပြီ။


အစိုဓာတ်ထိန်းခရင်အနေနဲ့သုံးမယ်




နည်းလမ်းကတော့ ဒီလိုပါ။

– သံပယိုရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ အလှဆီ 200-250 ml ရောပေးပါ။

– ဒီနှစ်ခုကို ခွက်တစ်ခွက်ထဲရောပေးပါ။

– ဒီအရောကို သင့်မျက်နှာပေါ်ညတိုင်းလိမ်းပေးပါ။

– အိပ်ယာမဝင်ခင် အရေပြားထဲ စိမ့်ဝင်အောင်လုပ်ပေးပါ။


ငယ်ရွယ်နုပျိုတဲ့ အသားအရေအတွက်




နုပျိုဖို့ ပါဝင်ပစ္စည်းနှစ်မျိုးပဲလိုတာပါ။ ဒီနှစ်မျိုးကတော့

၁။ ပျားရည်

၂။ ကွကျဥ

– ခွက်တစ်ခွက်ထဲမှာ ကြက်ဥတစ်လုံးထည့်ပြီး ခလောက်ထားပါ။

– ပျားရည်တစ်ဇွန်းနဲ့ အလှဆီတစ်ဇွန်းကို ကြက်ဥထဲထည့်ပါ။

– သေချာရောမွှေပါ။

– ဒီ Mask ကို သင့်မျက်နှာပေါ်တင်ပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ ထားပေးပါ။

– ရေနဲ့ဆေးချပြီး ပုံမှန်လုပ်ပေးပါနော်။

ပျိုမေတိုင်း ဓာတုပစ္စည်းအကူအညီမလိုဘဲ သဘာဝနည်းလေးတွေနဲ့ နုပျိုလှပကြပါစေနော်။


#ကြက်ဥ
#အဆီ
#အစိုဓာတ်
#လက်ဖက်ရည်ဇွန်း
#အသား

Some text some message..