ဆံပင်အနက်ရောင်နဲ့ လိုက်ဖက်တဲ့ အင်္ကျီအရောင်များ
mystylemyanmar.com
|
2021-03-23

မြန်မာမိန်းကလေး အများစုက ဆံပင် နက်မှောင်ပြီး သဘာဝ ဆန်ဆန် လှကြပါတယ်။ တချို့ အိမ်က ဆံပင် မဆိုးခိုင်းတဲ့ မိန်းကလေးတွေဆိုရင် ဆံပင်အနက်ရောင် အရှည်နဲ့ ကျက်သရေရှိလှပါတယ်။ ဆံပင်အနက် က အင်္ကျီအရောင် အများစုနဲ့ လိုက်ဖက်ပါတယ်။ ဆံပင် အရောင် အနု (အဝါနု) ဘက် သွားတဲ့ အရောင်ဆိုးသူတွေက အင်္ကျီရွေးတဲ့အချိန် သတိထားသင့်ပါတယ်။ ဒီတစ်ခေါက်တော့ ဆံပင်အနက် ပိုင်ရှင်တွေအတွက် ရည်ရွယ်ပါရစေ။ အင်္ကျီအရောင်မျိုးစုံနဲ့ လိုက်ဖက်တဲ့ ဆံပင်အနက်ကိုမှ ထူးထူးခြားခြား ပိုလှသွားစေမယ့် အရောင်တွေကို ဖော်ပြပါရစေ။

၁။ အနီရောင်

အနီရောင်က ဆံပင်အနက်ပိုင်ရှင်တွေကို ပိုဆွဲဆောင်မှု ရှိသွားစေပါတယ်။





၂။ အစိမ်းရောင်အတောက်

အစိမ်းရောင်အတောက်က ညို့ငင်အား ပြည့်ဝပြီး ကျက်သရေရှိတဲ့ အသွင်ဆောင်စေပါတယ်။





၃။ အဖြူရောင်

အဖြူရောင်က ဆံပင်အနက်ရောင်နဲ့ ဆိုရင် ပေါ့ပါးပြီး လူငယ်ဆန်သွားစေပါတယ်။





၄။ ခရမ်းအနု

ဆံပင်အနက်ရောင် အမျိုးသမီးတွေ အနေနဲ့ ခရမ်းရောင် အနု အင်္ကျီကိုလည်း ပိုင်ဆိုင်ထားသင့်ပါတယ်။





၅။ သံပယိုသီး အမှည့် အဝါရောင်

အဝါရောင်ကိုမှ သံပယိုသီး အမှည့်မှာ မြင်ရတဲ့ အရောင်မျိုးပါ။





Photo Source: Pinterest

By MyStyle Myanmar


#ဆံပင်
#အင်္ကျီ
#အရောင်
#အနက်ရောင်
#အနု

Some text some message..