ဒီဇိုင်းဆန်းပြီးလှပတဲ့စုံတွဲလက်စွပ်ဒီဇိုင်းများ
mystylemyanmar.com
|
2021-03-25

စုံတွဲလက်စွပ်ဆင်တူဝတ်ချင်တဲ့သူတွေနဲ့ လက်ထပ်လက်စွပ်၊ စေ့စပ်လက်စွပ်လုပ်ဖို့ ကိုယ့်စိတ်ကြိုက်ဒီဇိုင်းမျိုး ရွေးပြီးလုပ်ချင်တဲ့သူတွေအတွက် ဒီဇိုင်းဆန်းပြီးလှပတဲ့ စုံတွဲလက်စွပ်ဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

နာမည်အစစာလုံးလေးပါတာမျိုးကြိုက်ရင် ဒီလက်စွပ်ဒီဇိုင်းလေးက လှလည်းလှသလို ဒီဇိုင်းလည်းဆန်းပါတယ်။




လူငယ်လေးတွေဆိုရင် ဒီလိုဒီဇိုင်းမျိုးလေးလည်း လုပ်လို့ရပါတယ်။ ဒါကျတော့ လက်ထပ်လက်စွပ်၊ စေ့စပ်လက်စွပ်လုပ်တာထက်စာရင် စုံတွဲလက်စွပ်လုပ်တာနဲ့မှ ပိုပြီးလိုက်ဖက်ပါတယ်။




ဒီဇိုင်းရှင်းရှင်းလေးနဲ့ နာမည်အစစာလုံးလေးထိုးချင်ရင်တော့ ဒီလက်စွပ်ဒီဇိုင်းလေးက ရိုးရိုးလေးနဲ့ ဆန်းပြီးတော့လှပါတယ်။




စုံတွဲလက်စွပ်ပေမယ့် ဒီဇိုင်းတူတူမဝတ်ချင်ရင် ဒါမျိုးဒီဇိုင်းလေးက အရမ်းလှပါတယ်။ စိန်ဆိုရင်တော့ ပိုပြီးလှတာပေါ့။ လက်ထပ်လက်စွပ်အတွက်တော့ အမိုက်ဆုံးဖြစ်မှာပါ။






တချို့ကျတော့ အသည်းပုံလေးပါတာမျိုးကို ကြိုက်ကြပါတယ်။ ဒီလက်စွပ်ဒီဇိုင်းလေးဆိုရင် အသည်းပုံလေးက အရမ်းလည်းကလေးမဆန်ပဲနဲ့ လှပါတယ်။




ရွှေကိုမှ ဗြောင်မကြိုက်ဘူးဆိုရင် ဒီလက်စွပ်ဒီဇိုင်းလေးက ဒီဇိုင်းဆန်းပြီး လှပါတယ်။ ကျောက်ထည့်လည်းလှသလို၊ စိန်ထည့်လည်း လှပါတယ်။




ဒီလက်စွပ်ဒီဇိုင်းလေးဆိုရင် နှစ်ကွင်းပေါင်းမှ အသည်းပုံလေးဖြစ်သွားတာမို့ အရမ်းကိုအဓိပ္ပါယ်ရှိပြီး Ro ဆန်ပါတယ်။




လက်စွပ်ဆိုရင် ရွှေမှကြိုက်တဲ့သူတွေဆိုရင်တော့ ဒီဇိုင်းဆန်းဆန်းလေးနဲ့ အမြင်ရှင်းတာမျိုးလုပ်ချင်ရင် ဒီလက်စွပ်ဒီဇိုင်းလေးက အရမ်းလှပါတယ်။




photo source:www.pinterest.com


#လက်စွပ်
#ဒီဇိုင်း
#စုံတွဲ
#အသည်း
#စာလုံး

Some text some message..