ဘယ်တော့မှရိုးမသွားမယ့်ဂါဝန်ဖက်ရှင်များ
mystylemyanmar.com
|
2021-03-28

ဂါဝန်လေးတွဝတ်ရတာကိုကြိုက်တဲ့ ကောင်မလေးတွေအတွက် ဘယ်တော့မှရိုးမသွားမယ့် ဂါဝန်ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Off Shoulder တွေက မိန်းကလေးတိုင်းနဲ့လိုက်ပါတယ်။ မိန်းကလေးဆန်စေတဲ့အပြင် Off Shoulder ဂါဝန်အတိုလေးတွေက ဘယ်တော့မှရိုးမသွားစေတဲ့ ဖက်ရှင်မျိုးပါ။




ဒီလိုလက်ပြတ်ဂါဝန်လေးတွေဆိုလည်း ကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ Summer fashion အတွက်ဆိုရင်တော့ ဒီဂါဝန်ဒီဇိုင်းလေးက ဘယ်တော့မှရိုးမသွားစေပါဘူး။




ရိုးရိုးဂါဝန်တိုလေးတွေကိုမှ စတိုင်လ်ကျကျ၊ ဖက်ရှင်ကျကျလေး ဝတ်ချင်တယ်ဆိုရင်တော့ ခါးပတ်ပတ်ပြီးတော့ပဲဖြစ်ဖြစ်၊ ဒီလိုအိတ်လေးတွေပတ်ပြီးတော့ပဲဖြစ်ဖြစ် ဝတ်ကြည့်ပါ။




ဂါဝန်အဖြူလေးတွေဆိုတာလည်း ဘယ်လိုအချိန်၊ ဘယ်လိုရာသီဥတုမျိုးနဲ့မဆို လိုက်ဖက်ပါတယ်။ ဒါ့အပြင် ဘယ်တော့မှလည်း ရိုးမသွားစေပါဘူး။





ဂါဝန်အတိုမဝတ်ချင်ရင် ဂါဝန်အရှည်ကို ဒီလိုအခွဲပါတာမျိုးလေးဝတ်ပါ။ လှလည်းလှသလို ဘယ်တော့မှလည်း ရိုးမသွားစေမယ့် ဖက်ရှင်လေးပါ။




ဂါဝန်အတိုကိုမှ Floral အပွင့်သေးသေးလေးတွေ၊ Spot အလုံးလေးတွေ စတဲ့ အဆင်သေးတာလေးတွေကလည်း ဘယ်တော့ရိုးမသွားစေတဲ့ ဖက်ရှင်မျိုးပါပဲ။





လည်ပင်းလေးထောင့်နဲ့ ဂါဝန်လေးတွေဆိုလည်း ဝတ်လိုက်ရင် ရိုးရိုးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဘယ်တော့မှရိုးမသွားစေတဲ့ ဒီဇိုင်းမျိုး၊ ဖက်ရှင်မျိုးထဲမှာ ဒီပုံစံလေးလည်း ပါပါတယ်။




photo source:www.pinterest.com


#ဂါဝန်
#ဖက်ရှင်
#ရိုးမ
#အတို
#လက်ပြတ်

Some text some message..