
အခုလိုနေအရမ်းပြင်းတဲ့အချိန် UV ပါတဲ့ Lotion လိမ်းဖို့က အရေးကြီးပါတယ်။ နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က ခန္ဓာကိုယ် အသားရေကို ထိခိုက်စေတာကြောင့် နေရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ UV Lotion တို့ Sunscream တို့ကိုလိမ်းပြီးမှ အပြင်ထွက်သွားတာကောင်းပါတယ်။ ဒါဆိုရင် UV Lotion ကို ဘယ်အချိန်မသုံးသင့်ဘူးလဲ။
Scrub သုံးပြီးတဲ့အချိန် UV Lotion မလိမ်းပါနဲ့။
ညဘက်အိပ်တဲ့အခါ UV Lotion လိမ်းမအိပ်ပါနဲ့။
ညဘက်မှာ အသားရေက သူ့အလိုလိုပြန် repair လုပ်နေတာဖြစ်လို့ UV Lotion ထက် Moisturizer ပိုလိုအပ်ပါတယ်။
အပြင်သွားတဲ့အခါ အပြင်မထွက်ခင်တော့ လိမ်းပေးဖို့ လိုအပ်ပါတယ်။
UV ကိုကာကွယ်ဖို့ sun cream နဲ့ UV Lotion အပြင် အသားရေကို အုပ်သွားစေမယ့် အင်္ကျီလက်ရှည်လေးလည်း ဝတ်ပေးသင့်ပါတယ်။ အရမ်းပူတဲ့အခါ အသားရေကိုလည်း ထိခိုက်နိုင်သလို ကျန်းမာရေးကိုလည်း ထိခိုက်နိုင်တာကြောင့် အပြင်ထွက်တဲ့အခါ သေချာလေး ဂရုစိုက်ပြီး ထွက်ဖို့ လိုအပ်ပါတယ်။The post
UV Lotion ကို ဒီလိုအချိန်တွေမှာ မသုံးပါနဲ့
first appeared on
yathar Magazine
.