လူငယ်ဆန်ပြီးလှပတဲ့လက်သည်းနီအရောင် ၅ မျိုး
mystylemyanmar.com
|
2021-04-26

လက်သည်းနီဆိုးရတာကို သဘောကျတဲ့ မိန်းကလေးတိုင်းအတွက် လူငယ်ဆန်ပြီးလှပတဲ့ လက်သည်းနီအရောင် ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလက်သည်းနီအရောင်လေးတွေက တည်ငြိမ်ပြီးလှတာလေးတွေလည်း ဖြစ်သလို၊ ခေတ်ဆန်ပြီး လူငယ်ဆန်ဆန်နဲ့ လှတာလေးတွေလည်း ပါပါတယ်။ ဒါကြောင့် ဒီအရောင် ၅ မျိုးလုံးကို သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။


Classic red




အနီရောင်တောက်တောက်တွေဖြစ်တဲ့ Classic red အရောင်ကို သိပ်ပြီးမဆိုးကြပါဘူး။ ဒါပေမယ့် ဒီအရောင်က အရမ်းလှပါတယ်။ ငယ်ရွယ်ပြီး သွက်လက်တဲ့ပုံစံမျိုးလေး ဖြစ်စေတဲ့ အရောင်ပါ။


အဖြူရောင်




အဖြူရောင်ကို လက်ငါးချောင်းလုံးဆိုးတာမျိုးက ရှားပါတယ်။ လက်သည်းနီအရောင်လေးတွေစပ်ဆိုးတဲ့အခါ၊ တစ်ချောင်း၊ နှစ်ချောင်းလောက်ပဲ ဆိုးကြတာများပါတယ်။ အဖြူရောင်ကိုမှ ပုလဲရောထားတာမျိုးလေးဆိုရင် လူငယ်ဆန်ပြီး ရိုးရိုးလေးနဲ့လှပါတယ်။ လက် ၁၀ ချောင်းလုံးဆိုးလည်း လှပါတယ်။


Powder pink




ပန်းရောင်တွေထဲမှာမှ အရောင်ဖျော့ဖျော့လေးဖြစ်တဲ့ Powder pink အရောင်လေးက လူငယ်ဆန်ပြီး အရမ်းလှပါတယ်။ ငယ်ရွယ်တဲ့ပုံစံမျိုးပေါက်စေတဲ့ အရောင်ပါပဲ။ မိန်းကလေးတိုင်းနဲ့လည်း လိုက်ပါတယ်။


Lime green




အစိမ်းရင့်ရောင်ဆိုရင် နည်းနည်းလူကြီးဆန်ပါတယ်။ ဒါပေမယ့် ဒီ Lime green အရောင်လေးဆိုရင် အရမ်းလှပါတယ်။ လူငယ်ဆန်ပြီး အရောင်လေးလည်းဆန်းပါတယ်။ လက်လေးလည်း ပိုဖြူသလို ဖြစ်သွားစေတဲ့အရောင်မျိုးပါ။


Burnt orange




လိမ္မော်ရောင်တွေဆိုရင် ကြောင်တောင်တောင်ကြီးဖြစ်တယ်ဆိုပြီး သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် လိမ္မော်ရောင်တွေထဲမှာမှ Burnt orange ဆိုတဲ့ ဒီအရောင်လေးကတော့ ခေတ်ဆန်ပြီး လူငယ်ဆန်စေပါတယ်။ လှလည်းလှသလို အသားလည်းဆောင်ပါတယ်။

source: www.bebeautiful.in


#အရောင်
#လက်သည်း
#လူငယ်
#လိမ္မော်ရောင်
#ငယ်ရွယ်

Some text some message..