မိတ်ကပ်မလိမ်းချင်တဲ့သူတွေအတွက် တစ်မျိုးထဲနဲ့အဆင်ပြေမယ့် Tone Up Sunscreen (၅) မျိုး
mystylemyanmar.com
|
2021-07-03

ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် Sunscreen လိမ်းဖို့လိုပါတယ်။ လိမ်းလိုက်တာနဲ့ အသားနဲ့တစ်ပြေးထဲဖြစ်သွားတဲ့ Sunscreen တွေရှိသလို၊ ကိုယ့်အသားထက် တစ်ဆင့်ဖြူသွားမယ့် Tone Up Sunscreen လည်း ရှိပါတယ်။ အပြင်သွားတဲ့အခါမှာ မိတ်ကပ်မလိမ်းချင်တဲ့သူတွေဆိုရင်တော့ Tone Up Sunscreen ကိုသုံးသင့်ပါတယ်။ Tone Up Sunscreen လေးသုံးပြီး ပေါင်ဒါလေးပုတ်လိုက်ရုံနဲ့တင် အဆင်ပြေနေပါပြီ။

ဒါကြောင့် မိတ်ကပ်မလိမ်းချင်တဲ့သူတွေအတွက် တစ်မျိုးထဲနဲ့အဆင်ပြေမယ့် Tone Up Sunscreen (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။


Suncut Tone Up UV Essence




Japan product တွေကြိုက်ရင်တော့ KOSE ကထုတ်တဲ့ Suncut Tone Up UV Essence Sunscreen ကိုသုံးပါ။ သူက Tone Up effect ပါလို့ လိမ်းလိုက်ရင် ဖြူဖြူပြောင်ပြောင်လေးဖြစ်ပြီး Glow စေပါတယ်။


Sunplay Skin Aqua Tone Up UV Essence (Mint Green)




Sunplay Skin Aqua Tone Up UV Essence ကိုမှ (Mint Green) လေးက Toner Up effect ပါတဲ့အပြင် အသားအရည်နီမြန်းတတ်တဲ့သူတွေနဲ့ ဝက်ခြံသမားတွေပါ သုံးလို့ရတာကြောင့် လူတိုင်းအတွက် အဆင်ပြေပါတယ်။


Anessa Perfect UV Sunscreen Skincare BB Foundation




Anessa Perfect UV Sunscreen Skincare BB Foundation ကျတော့ Tone Up effect မျိုးမဟုတ်ပဲ Sunscreen + BB foundation ဖြစ်တာကြောင့် coverage ကောင်းကောင်းလိုချင်တဲ့သူတွေနဲ့ မိတ်ကပ်သားပါတာမျိုးလေး သုံးချင်တဲ့သူတွေအတွက် ပိုအဆင်ပြေပါတယ်။


Espoir Water Splash Cica Tone Up Cream




Espoir ကအသစ်ထွက်ထားတဲ့ Water Splash Cica Tone Up Cream ကတော့ Cica ပါလို့ ဝက်ခြံနဲ့အဆီဖုသမားတွေအတွက် အဆင်ပြေပါတယ်။ မိတ်ကပ်မလိုပဲ ဒီ Sunscreen တစ်မျိုးထဲနဲ့တင် ဖြူဖြူပြောင်ပြောင်လေး ဖြစ်နေမှာပါ။


Innisfree Tone Up No Sebum Sunscreen




Innisfree Tone Up No Sebum Sunscreen ကတော့ အဆီပြန်တဲ့ Oily Skin နဲ့ Combination Skin တွေအတွက် သင့်တော်ပါတယ်။ သူလည်း လိမ်းလိုက်ရင် ဖြူဖြူလေးဖြစ်သွားစေလို့ မိတ်ကပ်တောင်လိမ်းစရာမလိုပါဘူး။


#မိတ်ကပ်
#ခြံသမား
#ပေါင်ဒါ
#အသားအရည်
#အသား

Some text some message..