ပေါ့ပါးပြီး လူငယ်ဆန်တဲ့ မိန်းကလေးတွေ စည်းလေ့ရှိတဲ့ ဆံပင်စတိုင် (၇) မျိုး
mystylemyanmar.com
|
2021-07-10

သင်က လူငယ်ဆန်ဆန်ပုံစံနဲ့ စတိုင်ကျကျ လန်းချင်တယ်ဆိုရင်တော့ ဆံပင်စတိုင်ကို တစ်မျိုးတည်းမထားဘဲ ပြောင်းလဲ ဖို့လိုပါတယ်။ စတိုင်ကျတဲ့ ပျိုမေတွေရဲ့ အကြံပေးချက်အရ ဖက်ရှင်ကျကျနဲ့ လှသူတွေဟာ ဆံပင်စတိုင် ပြောင်းလေ့ရှိကြောင်း ဆိုထားပါတယ်။ ကိုယ့်ဆံပင်ပုံစံကို ပြောင်းလဲ လိုက်တဲ့အခါ ကိုယ့်ရဲ့ မျက်နှာပုံစံကလည်း ပြောင်းလဲသွားတတ်ပါတယ်။ ဒီတော့ ဘယ်လိုဆံပင်ပုံစံလေးတွေ လူငယ်ဆန်ဆန် စည်းနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ Sailormoon




ဂျပန် Anime ကား ကြည့်ဖူးသူတွေဆိုရင် Sailormoon ကို ရင်းနှီးမှာပါ။ ဆံပင်ကို ချစ်စရာကောင်းအောင် နှစ်ဖက် ထောင်ထောင်လေး စည်းပေးရပါမယ်။

၂။ Low Bun





ဆံထုံး ပြေပြေလေးကို ဘေးနှစ်ဖက် အောက်လျှောဆင်းပြီး စည်းပေးရပါမယ်။ ကပိုကယိုလေးနဲ့ ဆွဲဆောင်မှုရှိနေမှာပါ။

၃။ Mini Ponytail bunched up





ဘေးနှစ်ဖက်ကို ဆံပင်စည်းပေးရပါမယ်။ ပြီးနောက် ဘေးမှာ ကျနေတဲ့ ဆံပင်တစ်ဘက်စီကို ယိုးဒယားသရေကွင်းလေးတွေနဲ့ အထုံးလေးတွေ စည်းပေးရမှာပါ။

၄။ Misa Hair





ဆံပင်နှစ်ဘက်ကို နောက်ဘက်မှာထားကာ တစ်ဘက်စီ စည်းပေးရပါမယ်။

၅။ Bunched up Ponytails





နံပါတ်သုံးက ဆံပင်ပုံစံမျိုးကိုပဲ သုံးလေးခါ တစ်ဘက်စီ စည်းပေးရမှာပါ။

၆။ Miku Hair





ဒီတစ်ခေါက်မှာတော့ နံပါတ် ၄ ပုံစံနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဆံပင်ကို အပေါ်မြင့်မြင့်လေး နှစ်ဖက်စည်းပေးရမှာပါ။

၇။ High Ponytails





ပထမဆုံး ဆံပင်ကို မြင့်မြင့်စည်း ပေးရပါမယ်။ ပြီးနောက် ဆံပင်ကို အပေါ်ဆွဲဆန့်ကာ နှစ်ခွပုံစံ ဖြစ်အောင် ခွဲပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar


#ဆံပင်
#ဆံပင်ပုံစံ
#ပင်ကို
#အထုံး
#ပုံစံ

Some text some message..